သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို လူ့အခွင့်အရေးကာင်စီဝင် အဖြစ်က ဆိုင်းငံ့ဖို့ အထွေေထွေညီလာခံ ဆုံးဖြတ်


နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ် (၇ ရက်-ဧပြီလ ၂၀၂၂) ။ The U.N. General Assembly is pictured April 7, 2022, at U.N. headquarters.
နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ် (၇ ရက်-ဧပြီလ ၂၀၂၂) ။ The U.N. General Assembly is pictured April 7, 2022, at U.N. headquarters.

[[ ZAWGYI / UNICODE ]]

ရုရှားကို လူ့အခွင့်အရေးကာင်စီဝင် အဖြစ်က ဆိုင်းငံ့ဖို့ အထွေေထွေညီလာခံ ဆုံးဖြတ်

ယူကရိန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် အဖြစ်ကနေ ရုရှားကို ဆိုင်းငံ့ထားဖို့ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျုးလွန်ခဲ့ပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး ယူကရိန်းအပေါ် ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ရုရှားကို အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ထားဖို့ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနဲ့ ၅၈ နိုင်ငံကတော့ မဲမပေးခဲ့ကြပါဘူး။ ဆုံးဖြတ်ချက် အတည်ပြုဖို့ ထောက်ခံမဲ ၃ ပုံ ၂ ပုံ ရရှိရမှာဖြစ်ပြီး၊ မဲမပေးတဲ့ နိုင်ငံတွေကိုတော့ မဲရေတွက်ရာမှာ ထည့်သွင်းမစဉ်းစားပါဘူး။

ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီးကတော့ ရုရှားရဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သာမက၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အခြေခံတွေကိုပါ ရိုက်ခတ်လာနေကြောင်း လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုလိုက်တာပါ။

“လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် အဖြစ်ကနေ ရုရှားကို ဆိုင်းငံ့တာဟာ ရွေးချယ်စရာကိစ္စတခု မဟုတ်ဘဲ၊ လုပ်ကိုလုပ်ရမယ့် တာဝန်တရပ် ဖြစ်ပါတယ်။” လို့ ယူကရိန်း သံအမတ်ကြီး Sergiy Kyslytsya က မဲမခွဲခင် အမှာစကားပြောရာမှာ တိုက်တွန်းလိုက်တာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အဖွဲ့ဝင် ၄၇ နိုင်ငံကိုတော့ အထွေထွေညီလာခံက လျို့ဝှက်မဲပေး ရွေးချယ်လေ့ ရှိပါတယ်။ လူ့အခွင့်အရေးကောင်စီမှာ လတ်တလော ၃ နှစ်တာဝန်ယူထားတဲ့ ရုရှားဟာ ပုံမှန်အတိုင်းဆိုရင်တော့ ရှေ့လာမယ့် ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုတိယသံအမတ်ကြီး Gennady Kuzmin ကတော့ ရုရှားဟာ လူ့အခွင့်အရေးကောင်စီက ထွက်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးတာ၊ ကျုးလွန်တာတွေ ရှိနေတဲ့ အနောက်နိုင်ငံတွေနဲ့အတူ ဆက်မနေချင်တော့ဘူးလို့လည်း ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကတော့ သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် မဲခွဲအပြီးမှာ ပြောဆိုခဲ့တာပါ။ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တခုကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့လိုက်တာဟာ ယူကရိန်းပြည်သူတွေနဲ့ လူ့အခွင့်အရေးအတွက် ခိုင်မာတဲ့ သတင်းစကား ပါးလိုက်တာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = =

{{ UNICODE }}









XS
SM
MD
LG