သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဥေရာပႏိုင္ငံေတြက ႏွင္ထုတ္ခံရသူ ႐ုရွားသံဝန္ထမ္း ၂ဝဝ ေက်ာ္အထိရွိ 


Russia Spy Diplomats

EU ဥေရာပသမဂၢႏုိင္ငံေတြကေန ဒါဇင္နဲ႔ခ်ီရွိၾကတဲ့ ေနာက္ထပ္ ရုရွားသံတမန္ေတြကုိ အဂၤါ ေန႔က တုိင္းျပည္ကေနႏွင္ထုတ္ခဲ့တဲ့အတြက္ ၄၈ နာရီအတြင္း ဥေရာပသမဂၢႏုိင္ငံ ေတြကေနႏွင္ထုတ္ခဲ့တဲ့ ရုရွားသံတမံနဲ႔ အမွုထမ္း ၂၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။

ဥေရာပႏိုင္ငံေတြက ႏွင္ထုတ္ခံရသူ ႐ုရွားသံဝန္ထမ္း ၂ဝဝ ေက်ာ္အထိရွိ

{{Zawgyi/Unicode}}
EU ဥေရာပသမဂၢႏုိင္ငံေတြကေန ဒါဇင္နဲ႔ခ်ီရွိၾကတဲ့ ေနာက္ထပ္ ရုရွားသံတမန္ေတြကုိ အဂၤါ ေန႔က တုိင္းျပည္ကေနႏွင္ထုတ္ခဲ့တဲ့အတြက္ ၄၈ နာရီအတြင္း ဥေရာပသမဂၢႏုိင္ငံ ေတြကေနႏွင္ထုတ္ခဲ့တဲ့ ရုရွားသံတမံနဲ႔ အမွုထမ္း ၂၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။

ဂ်ာမဏီနဲ႔ ျပင္သစ္ ၂ႏုိင္ငံက ရုရွားသံတမန္ ၇၅ ေယာက္ေလာက္ ကုိႏွင္ထုတ္ၿပီး ေနာက္တေန႔ အဂၤါေန႔မွာ အီတလီ၊ စပိန္၊ ဆလုိေဘးနီးယား အပါအ၀င္ ဥေရာပ ႏုိင္ငံေတြကလည္း ဆက္တုိက္ ႏွင္ထုတ္ခဲ့ပါတယ္။

ဥေရာပတုိက္ႏုိင္ငံေတြမွာ ရုရွားသံတမန္ေတြက သူလ်ိဳလုပ္ငန္းေတြ လုပ္ကုိင္ေနတဲ့အတြက္ ႏွင္ထုတ္ေနရာကေန၊ ၿပီးခဲ့တဲ့ရက္က ၿမိဳ့ေတာ္ ကီယက္အနီးက ဘူခ်ာၿမိဳ႔ကေန ရုရွားတပ္ေတြဆုတ္ခြာသြားၿပီးေနာက္ အသတ္ခံထားရတဲ့ ရုပ္အေလာင္းေတြ ေတြ႔ရွိခဲ့ရတဲ့အတြက္ ျပစ္တင္ရွုံ႔ခ်မွုေတြနဲ႔အတူ အခုလုိရုရွားသံတမန္ အမ်ားအျပားကုိႏွင္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

ရုရွားအစုိးရကေတာ့ ဒီအသတ္ခံရသူေတြနဲ႔ ပတ္သက္ၿပီး ရုရွားတပ္ေတြမွာ တာ၀န္မရွိဘူးလုိ႔ ျငင္းဆုိပါတယ္။ ဒီဓာတ္ပုံေတြဟာ အတုေတြျဖစ္ႏုိင္သလုိ၊ ရုရွားတပ္ေတြ ဆုတ္ခြါၿပီးမွ အသတ္ခံရတာျဖစ္ႏုိင္တယ္လုိ႔ ေျပာဆုိပါတယ္။ ဒါ့အျပင္ အခုလုိသံတမန္ အမ်ားအျပားကုိ ႏွင္ထုတ္လုိက္တာဟာ အျမင္မက်ယ္တဲ့လုပ္ရပ္ျဖစ္တယ္လုိ႔ ရုရွား အစုိးရေျပာေရးဆုိခြင့္ရွိသူ Dmity Peskov အဂၤါေန႔က သတင္းေထာက္ေတြကုိေျပာဆုိပါတယ္။

အဂၤါေန႔က ႏွင္ထုတ္ခံရတဲ့ ႐ုရွားသံတမန္ေတြနဲ႔ ၀န္ထမ္းေတြထဲမွာ အီတလီက ၃၀၊ ဆလုိဗီးနီးယားက ၃၃ ေယာက္၊ စပိန္က ၂၅ ေယာက္၊ Estonia က ၁၄ ေယာက္၊ Romania နဲ႔ Portugal တို႔က ၁၀ ေယာက္စီ ႏွင္ထုတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................................

ဥရောပနိုင်ငံတွေက နှင်ထုတ်ခံရသူ ရုရှားသံဝန်ထမ်း ၂ဝဝ ကျော်အထိရှိ
{{Zawgyi/Unicode}}
EU ဥရောပသမဂ္ဂနိုင်ငံတွေကနေ ဒါဇင်နဲ့ချီရှိကြတဲ့ နောက်ထပ် ရုရှားသံတမန်တွေကို အင်္ဂါ နေ့က တိုင်းပြည်ကနေနှင်ထုတ်ခဲ့တဲ့အတွက် ၄၈ နာရီအတွင်း ဥရောပသမဂ္ဂနိုင်ငံ တွေကနေနှင်ထုတ်ခဲ့တဲ့ ရုရှားသံတမံနဲ့ အမှုထမ်း ၂၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဂျာမဏီနဲ့ ပြင်သစ် ၂နိုင်ငံက ရုရှားသံတမန် ၇၅ ယောက်လောက် ကိုနှင်ထုတ်ပြီး နောက်တနေ့ အင်္ဂါနေ့မှာ အီတလီ၊ စပိန်၊ ဆလိုဘေးနီးယား အပါအဝင် ဥရောပ နိုင်ငံတွေကလည်း ဆက်တိုက် နှင်ထုတ်ခဲ့ပါတယ်။

ဥရောပတိုက်နိုင်ငံတွေမှာ ရုရှားသံတမန်တွေက သူလျိုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် နှင်ထုတ်နေရာကနေ၊ ပြီးခဲ့တဲ့ရက်က မြို့တော် ကီယက်အနီးက ဘူချာမြို့ကနေ ရုရှားတပ်တွေဆုတ်ခွာသွားပြီးနောက် အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတဲ့အတွက် ပြစ်တင်ရှုံ့ချမှုတွေနဲ့အတူ အခုလိုရုရှားသံတမန် အများအပြားကိုနှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားအစိုးရကတော့ ဒီအသတ်ခံရသူတွေနဲ့ ပတ်သက်ပြီး ရုရှားတပ်တွေမှာ တာဝန်မရှိဘူးလို့ ငြင်းဆိုပါတယ်။ ဒီဓာတ်ပုံတွေဟာ အတုတွေဖြစ်နိုင်သလို၊ ရုရှားတပ်တွေ ဆုတ်ခွါပြီးမှ အသတ်ခံရတာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် အခုလိုသံတမန် အများအပြားကို နှင်ထုတ်လိုက်တာဟာ အမြင်မကျယ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ရုရှား အစိုးရပြောရေးဆိုခွင့်ရှိသူ Dmity Peskov အင်္ဂါနေ့က သတင်းထောက်တွေကိုပြောဆိုပါတယ်။

အင်္ဂါနေ့က နှင်ထုတ်ခံရတဲ့ ရုရှားသံတမန်တွေနဲ့ ဝန်ထမ်းတွေထဲမှာ အီတလီက ၃၀၊ ဆလိုဗီးနီးယားက ၃၃ ယောက်၊ စပိန်က ၂၅ ယောက်၊ Estonia က ၁၄ ယောက်၊ Romania နဲ့ Portugal တို့က ၁၀ ယောက်စီ နှင်ထုတ်ခဲ့ပါတယ်။

XS
SM
MD
LG