သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျုးကျော်မှု ကုလသမဂ္ဂ အရေးယူဖို့ ပျက်ကွက်ကြောင်း ယူကရိန်းသမ္မတဝေဖန် 


Ukrainian President Volodymyr Zelenskyy speaks via remote feed during a meeting of the UN Security Council, April 5, 2022, at United Nations headquarters in New York.
Ukrainian President Volodymyr Zelenskyy speaks via remote feed during a meeting of the UN Security Council, April 5, 2022, at United Nations headquarters in New York.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အပေါ်အရေး ယူဖို့ပျက်ကွက်တာကို ယူကရိန်းသမ္မတက သတိပေးပြောကြားလိုက်ပြီး၊ ရုရှားအစိုးရအနေနဲ့ ဒီရာဇဝတ်မှုအတွက် တာဝန်ယူရမယ်လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုရှားကျုးကျော်မှု ကုလသမဂ္ဂ အရေးယူဖို့ ပျက်ကွက်ကြောင်း ယူကရိန်းသမ္မတဝေဖန်

{{Zawgyi/Unicode}}
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အပေါ်အရေး ယူဖို့ပျက်ကွက်တာကို ယူကရိန်းသမ္မတက သတိပေးပြောကြားလိုက်ပြီး၊ ရုရှားအစိုးရအနေနဲ့ ဒီရာဇဝတ်မှုအတွက် တာဝန်ယူရမယ်လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအပေါ် ကျုးကျော်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူဆောင်ရွက်လို့ မရအောင် ရုရှားနိုင်ငံက ဗွီတိုအာဏာကို အသုံးချနေတာကိုလည်း ယူကရိန်းသမ္မတ Volodymyr Zelenskyy ကထောက်ပြခဲ့တာပါ။

ယူကရိန်းအလံ အမှတ်တံဆိပ်ပါတဲ့ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ ယူကရိန်းသမ္မတက အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗွီဒီယိုကနေတဆင့် ၁၅ မီးနစ်ကြာ ပြောကြားခဲ့ပါတယ်။

"ကုလသမဂ္ဂအဖွဲ့ကြီးကို ဖျက်သိမ်းတော့မလား၊ နိုင်ငံတကာ ဥပဒေတွေ မရှိတော့ဘူးလား၊ ဒီလိုမှ မဟုတ်ရင်တော့၊ နိုင်ငံတကာ သဘောတူညီချက်တွေကို အမြန်ဆုံး ကျင့်သုံးကြပါ။" လို့ ယူကရိန်းသမ္မတက တိုက်တွန်းပြောဆိုလိုက်တာပါ။ ရုရှားတပ်တွေ Bucha မြို့ကပြန်ဆုတ်သွားပြီးနောက်၊ အရပ်သား ၃၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပြီးနောက် သမ္မတ Volodymyr Zelenskyy က လုံခြုံရေးကောင်စီမှာ အခုလိုစကားပြောခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်ကတော့ သမ္မတ Volodymyr Zelenskyy ပြောဆိုချက်နဲ ရုရှားက မတရားမှုတွေကိုကျူးလွန်ခဲ့တယ်တဲ့ အချက်ကိုပယ်ချခဲ့ပြီး၊ ရုရှားတပ်တွေရှေ့ဆက်မတိုးနိုင်ပဲ အခက်အခဲကြုံနေရတာကိုပင်၊ အရပ်သားတွေကို ထိခိုက်မှာစိုးတဲ့အတွက်ဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကတော့ စစ်ကိုချက်ခြင်းရပ်ပါလို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................


{{Zawgyi/Unicode}}





XS
SM
MD
LG