[[ ZAWGYI / UNICODE ]]
ယူကရိန္း အရပ္သားေတြကို ပစ္သတ္ပံု ရုရွားစစ္သားခ်င္းဆက္သြယ္မႈ ဂ်ာမန္တို႔ၾကားျဖတ္ေထာက္လွမ္း
ယူကရိန္းမွာ အရပ္သားေတြကို ပစ္ခတ္သတ္ျဖတ္ခဲ့တာေတြနဲ႔ ပတ္သက္လို႔ ႐ုရွားတပ္ဖဲြ႕၀င္ေတြ အခ်င္းခ်င္း ေရဒီယို ဆက္သြယ္ေရးစက္ေတြနဲ႔ ေျပာဆိုခဲ့တာေတြကို ၾကားျဖတ္ေထာက္လွမ္း ရရွိထားေၾကာင္း ဂ်ာမန္ေထာက္လွမ္းေရး အရာရွိေတြက ေျပာပါတယ္။
ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္အနီးမွာ ရက္ရက္စက္စက္ သတ္ျဖတ္မႈေတြဟာ ႐ုရွားတပ္ေတြ ႐ုပ္သိမ္းသြားၿပီးမွ ျဖစ္ခဲ့တာလို႔ ႐ုရွားတာ၀န္ရွိသူေတြ တုံ႔ျပန္ထားခ်ိ္န္မွာပဲ အခုလို သတင္းထြက္ေပၚလာတာပါ။
ယူကရိန္း စစ္သားေတြနဲ႔ အရပ္သားေတြကို ပစ္မသတ္ခင္ ဘယ္လိုေမးျမန္းစစ္ေဆးခဲ့တယ္ဆိုတာကို ေနာက္ပိုင္းမွာ ႐ုရွားစစ္သားေတြ ဆက္သြယ္ေျပာဆိုၾကတဲ့ မွတ္တမ္း ၂ ခုကို ကိုးကားၿပီး ဂ်ာမန္ေထာက္လွမ္းေရး အရာရွိေတြ ဗုဒၶဟူးေန႔က လႊတ္ေတာ္ကို အစီရင္ခံရာမွာ တင္ျပခဲ့တာ ျဖစ္ပါတယ္။
႐ုရွားစစ္သားက စက္ဘီးစီးလာတဲ့ လူတေယာက္ကို ပစ္ခတ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ေျပာေနတာကို ၾကားျဖတ္ေထာက္လွမ္းထားတဲ့ မွတ္တမ္းမွာ ၾကားႏိုင္တယ္လို႔လည္း ဂ်ာမန္သတင္းဌာန Der Spiegel ကေဖာ္ျပခဲ့တာပါ။ အေမရိကန္သတင္းဌာန The New York Times က ဒီသီတင္းပတ္ အေစာပိုင္းမွာ စိစစ္အတည္ျပဳခဲ့တဲ့ ေကာင္းကင္က ႐ိုက္ကူးထားတဲ့ ဗြီဒီယိုမွတ္တမ္း တခုမွာလည္း Bucha ၿမိဳ႕မွာ စစ္ဘီးစီးလာတဲ့ အရပ္သားတေယာက္ကို ႐ုရွားစစ္ကားတစင္းကေန ပစ္ခတ္ခဲ့တာ ေတြ႕ရပါတယ္။
ဗြီဒီယိုမွတ္တမ္းထဲက အျဖစ္အပ်က္ဟာ၊ ေရဒီယို ဆက္သြယ္ေရးစက္နဲ႔ ေျပာဆိုခဲ့တဲ့ အျဖစ္အပ်က္နဲ႔ တခုတည္း ဟုတ္၊ မဟုတ္ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။
အရပ္သားေတြကို တိုက္ခိုက္မႈ စြပ္စဲြခ်က္ေတြကို ႐ုရွားက ျငင္းဆန္ေနေပမဲ့လည္း ႐ုရွားတပ္ေတြ ဆုတ္ခြာၿပီးေနာက္ Bucha ၿမိဳ႕ လမ္းေတြေပၚမွာ ေသဆုံးေနတဲ့ အရပ္သားအေလာင္းေတြကို ေတြ႕ခဲ့ရတဲ့အတြက္ ကမာၻတလႊား ႐ုရွားရဲ႕ လုပ္ရပ္ကို ဆန္႔က်င္တဲ့ သေဘာထားေတြလည္း ပိုမ်ားလာခဲ့တာပါ။ Bucha ၿမိဳ႕ေတာ္၀န္ Anatoliy Fedoruk ကေတာ့ အေလာင္းေတြနဲ႔ အပ်က္အစီးေတြကို ေတြ႕ရတဲ့အတြက္ တုန္လႈပ္မိေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။
= = = = = = = =
{{ UNICODE }}
ယူကရိန်း အရပ်သားတွေကို ပစ်သတ်ပုံ ရုရှားစစ်သားချင်းဆက်သွယ်မှု ဂျာမန်တို့ကြားဖြတ်ထောက်လှမ်း
ယူကရိန်းမှာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ရုရှားတပ်ဖွဲ့ဝင်တွေ အချင်းချင်း ရေဒီယို ဆက်သွယ်ရေးစက်တွေနဲ့ ပြောဆိုခဲ့တာတွေကို ကြားဖြတ်ထောက်လှမ်း ရရှိထားကြောင်း ဂျာမန်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်အနီးမှာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေဟာ ရုရှားတပ်တွေ ရုပ်သိမ်းသွားပြီးမှ ဖြစ်ခဲ့တာလို့ ရုရှားတာဝန်ရှိသူတွေ တုံ့ပြန်ထားချိန်မှာပဲ အခုလို သတင်းထွက်ပေါ်လာတာပါ။
ယူကရိန်း စစ်သားတွေနဲ့ အရပ်သားတွေကို ပစ်မသတ်ခင် ဘယ်လိုမေးမြန်းစစ်ဆေးခဲ့တယ်ဆိုတာကို နောက်ပိုင်းမှာ ရုရှားစစ်သားတွေ ဆက်သွယ်ပြောဆိုကြတဲ့ မှတ်တမ်း ၂ ခုကို ကိုးကားပြီး ဂျာမန်ထောက်လှမ်းရေး အရာရှိတွေ ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို အစီရင်ခံရာမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။
ရုရှားစစ်သားက စက်ဘီးစီးလာတဲ့ လူတယောက်ကို ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောနေတာကို ကြားဖြတ်ထောက်လှမ်းထားတဲ့ မှတ်တမ်းမှာ ကြားနိုင်တယ်လို့လည်း ဂျာမန်သတင်းဌာန Der Spiegel ကဖော်ပြခဲ့တာပါ။ အမေရိကန်သတင်းဌာန The New York Times က ဒီသီတင်းပတ် အစောပိုင်းမှာ စိစစ်အတည်ပြုခဲ့တဲ့ ကောင်းကင်က ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်း တခုမှာလည်း Bucha မြို့မှာ စစ်ဘီးစီးလာတဲ့ အရပ်သားတယောက်ကို ရုရှားစစ်ကားတစင်းကနေ ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။
ဗွီဒီယိုမှတ်တမ်းထဲက အဖြစ်အပျက်ဟာ၊ ရေဒီယို ဆက်သွယ်ရေးစက်နဲ့ ပြောဆိုခဲ့တဲ့ အဖြစ်အပျက်နဲ့ တခုတည်း ဟုတ်၊ မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အရပ်သားတွေကို တိုက်ခိုက်မှု စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆန်နေပေမဲ့လည်း ရုရှားတပ်တွေ ဆုတ်ခွာပြီးနောက် Bucha မြို့ လမ်းတွေပေါ်မှာ သေဆုံးနေတဲ့ အရပ်သားအလောင်းတွေကို တွေ့ခဲ့ရတဲ့အတွက် ကမ္ဘာတလွှား ရုရှားရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ သဘောထားတွေလည်း ပိုများလာခဲ့တာပါ။ Bucha မြို့တော်ဝန် Anatoliy Fedoruk ကတော့ အလောင်းတွေနဲ့ အပျက်အစီးတွေကို တွေ့ရတဲ့အတွက် တုန်လှုပ်မိကြောင်း ဗွီအိုအေကို ပြောပါတယ်။