သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင္႔အေရးေကာင္စီက ႐ုရွားကို ဖယ္ရွားဖို႔ ကန္ တိုက္တြန္း


People stand next to a mass grave in Bucha, on the outskirts of Kyiv, Ukraine, Monday, April 4, 2022. (AP Photo/Rodrigo Abd)

[[ ZAWGYI / UNICODE ]]

လူ႔အခြင္႔အေရးေကာင္စီက ႐ုရွားကို ဖယ္ရွားဖို႔ ကန္တိုက္တြန္း

႐ုရွားဟာ ယူကရိန္းမွာ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္လို႔ အေမရိကန္က ေျပာဆိုၿပီး ႐ုရွားကို လူ႔အခြင့္ေရးေကာင္စီ အဖြဲ႔ဝင္အျဖစ္ကေန ဖယ္ရွားေရး ကုလသမဂၢအေထြေထြညီလာခံမွာ ေဆာင္ရြက္ဖို႔ အေမရိကန္ျပည္ေထာင္စုက တနလၤာေန႔မွာ ပန္ၾကားလိုက္ပါတယ္။

လူ႔အခြင့္ေရးေကာင္စီမွာ ႐ုရွားပါဝင္ေနတာဟာ ရယ္စရာျဖစ္ေနၿပီး ဒါဟာမွားယြင္းေနတာေၾကာင့္ သူ႔ကို ဖယ္ရွားဖို႔ ကုလသမဂၢအေထြေထြညီလာခံကေန မဲခြဲဆံုးျဖတ္ရမယ့္ အခ်ိန္ေရာက္ၿပီလို႔ ယုံၾကည္ေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က သတင္းေထာက္ေတြကို ေျပာပါတယ္။

ယူကရိန္းက Bucha ၿမိဳ႕ကေလးမွာ ဒါဇင္နဲ႔ခ်ီတဲ့အရပ္သားေတြကို ႐ုရွားတပ္ေတြက သတ္ျဖတ္ခဲ့တယ္လို႔ ေျပာၾကားခ်က္ေတြ ထြက္လာခဲ့ၿပီးတဲ့ေနာက္ အခုလို အေမရိကန္ သံအမတ္ႀကီးက ေတာင္းဆိုလိုက္တာပါ။ ယူကရိန္းကလည္း ဒီသတ္ျဖတ္မႈေတြနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေနေၾကာင္း ေျပာပါတယ္။ ႐ုရွားကေတာ့ သူ႔တပ္ဖြဲ႔ေတြ ဒီကိစၥမွာ ပါဝင္ပတ္သက္မႈမရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

႐ုရွားကို လူ႔အခြင့္ေရးေကာင္စီကေန ဖယ္ရွားဖို႔ အတြက္ ကုလအဖြဲ႔ဝင္ ၁၉၃ ႏိုင္ငံထဲက ၃ ပံု ၂ ပံုက ေထာက္ခံမဲေပးဖို႔ လိုအပ္ပါတယ္။ ဂ်နီဗာ အေျခစိုက္ လူ႔အခြင့္ေရးေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္ေတြအတြက္ လိုက္နာစရာ မလိုေပမယ့္ ဒီဆံုးျဖတ္ခ်က္ေတြဟာ ႏိုင္ငံေရးအရအေရးပါတဲ့ လို၊ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈဆိုင္ရာမွာေတာ့ စံုစမ္းစစ္ေဆးမႈလုပ္ခြင့္ေတြ ေပးႏိုင္ပါတယ္။

႐ုရွားဟာ အဖြဲ႔ဝင္ ၄၇ ႏိုင္ငံပါဝင္တဲ့ေကာင္စီမွာ ၃ ႏွစ္ထမ္းေဆာင္ရမယ့္ တာဝန္ကို ဒုတိယႏွစ္ေျမာက္ ေဆာင္ရြက္ေနတာ ျဖစ္ၿပီး သူ႔ကို ဖယ္ရွားဖို႔ ေတာင္းဆိုမႈနဲ႔ ပတ္သက္ၿပီး တစံုတရာမွတ္ခ်က္ မေပးခဲ့ပါဘူး။ ေဖေဖၚဝါရီ ၂၄ ရက္မွာ ယူကရိန္းကို ႐ုရွားဝင္သိမ္းခဲ့ခ်ိန္ကစၿပီး ကုလအေထြေထြ ညီလာခံက ႐ုရွားရဲ႕ လုပ္ရပ္ကို ရႈတ္ခ်ေၾကာင္း ကုလအဖြဲ႔ဝင္ ႏိုင္ငံေပါင္း ၁၄၀ ရဲ႕ မဲနဲ႔ ဆံုးျဖတ္ခ်က္ ၂ ႀကိမ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = =

{{ UNICODE }}

လူ့အခွင့်အရေးကောင်စီက ရုရှားကို ဖယ်ရှားဖို့ ကန်တိုက်တွန်း

ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန်က ပြောဆိုပြီး ရုရှားကို လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ဖယ်ရှားရေး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။

လူ့အခွင့်ရေးကောင်စီမှာ ရုရှားပါဝင်နေတာဟာ ရယ်စရာဖြစ်နေပြီး ဒါဟာမှားယွင်းနေတာကြောင့် သူ့ကို ဖယ်ရှားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ မဲခွဲဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီလို့ ယုံကြည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းက Bucha မြို့ကလေးမှာ ဒါဇင်နဲ့ချီတဲ့အရပ်သားတွေကို ရုရှားတပ်တွေက သတ်ဖြတ်ခဲ့တယ်လို့ ပြောကြားချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက် အခုလို အမေရိကန် သံအမတ်ကြီးက တောင်းဆိုလိုက်တာပါ။ ယူကရိန်းကလည်း ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။ ရုရှားကတော့ သူ့တပ်ဖွဲ့တွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရုရှားကို လူ့အခွင့်ရေးကောင်စီကနေ ဖယ်ရှားဖို့ အတွက် ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၃ ပုံ ၂ ပုံက ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။ ဂျနီဗာ အခြေစိုက် လူ့အခွင့်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတွက် လိုက်နာစရာ မလိုပေမယ့် ဒီဆုံးဖြတ်ချက်တွေဟာ နိုင်ငံရေးအရအရေးပါတဲ့ လို၊ လူ့အခွင့်ရေးချိုးဖေါက်မှုဆိုင်ရာမှာတော့ စုံစမ်းစစ်ဆေးမှုလုပ်ခွင့်တွေ ပေးနိုင်ပါတယ်။

ရုရှားဟာ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ကောင်စီမှာ ၃ နှစ်ထမ်းဆောင်ရမယ့် တာဝန်ကို ဒုတိယနှစ်မြောက် ဆောင်ရွက်နေတာ ဖြစ်ပြီး သူ့ကို ဖယ်ရှားဖို့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး တစုံတရာမှတ်ချက် မပေးခဲ့ပါဘူး။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားဝင်သိမ်းခဲ့ချိန်ကစပြီး ကုလအထွေထွေ ညီလာခံက ရုရှားရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၁၄၀ ရဲ့ မဲနဲ့ ဆုံးဖြတ်ချက် ၂ ကြိမ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG