သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Mariupol ၿမိဳ႕မွာ ပိတ္မိေနသူေတြ ရိကၡာျပတ္ေတာက္ေန


႐ုရွားစစ္တပ္ တုိက္ခုိက္မႈေၾကာင့္ ပ်က္စီးသြားတဲ့ ေနအိမ္အေဆာက္အအုံ အျပင္ဘက္မွာ ခ်က္ျပဳတ္စားေသာက္ ေနထုိင္ေနရတဲ့ Mariupol ၿမိဳ႕ခံအခ်ဳိ႕။ (မတ္ ၃၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္း အေရွ႕ေတာင္ပိုင္းက Mariupol ၿမိဳ႕ကို ႐ုရွားက ဝိုင္းတိုက္ခိုက္ေနခ်ိန္မွာ က်န္ေနေသးတဲ့ ၿမိဳ႕သူၿမိဳ႕သားေတြဟာ ထြက္လမ္းကို ေစာင့္ေနၾကရပါတယ္။

ဒီအခ်ိန္မွာပဲ ယူကရိန္းနဲ႔ ႐ုရွားသမၼတ ၂ ဦး ေတြ႔ဆုံ ေဆြးေႏြးႏိုင္ေလာက္ေအာင္ လုံေလာက္တဲ့ သေဘာတူညီခ်က္ မူၾကမ္းကို တင္ျပထားၿပီးၾကပါၿပီလို႔ ယူကရိန္းရဲ႕ ေဆြးေႏြးညႇိႏႈိင္းေရး အဖြဲ႔ေခါင္းေဆာင္ Davyd Arakhamia က ယူကရိန္း ႐ုပ္ျမင္သံၾကားကို ေျပာပါတယ္။

စစ္မျဖစ္ခင္က လူဦးေရ ၄ သိန္း ၃ ေသာင္းေက်ာ္ရွိတဲ့ ၿမိဳ႕မွာ ၿမိဳ႕က မထြက္ၾကရေသးတဲ့ လူ ၁ သိန္းေက်ာ္ ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ ေရ၊ အစားအေသာက္၊ ေလာင္စာဆီနဲ႔ ေဆးဝါးေတြ ျပတ္ေတာက္ေနၿပီး ထြက္လမ္းကလည္း မေရမရာ ျဖစ္ေနပါတယ္။

ၿမိဳ႕သူၿမိဳ႕သားေတြ ထြက္ခြါႏိုင္ေအာင္ စီစဥ္ဖုိ႔အတြက္ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔က ေစလႊတ္ထားတဲ့ အဖြဲ႔တဖြဲ႔ဟာ တနဂၤေႏြေန႔မွာ Mariupol ၿမိဳ႕ကို ေရာက္ရွိသြားလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။

လြန္ခဲ့တဲ့ ရက္အေတာ္ၾကာကေတာ့ ႐ုရွားက အဲဒီလို ထြက္လမ္းေပးဖို႔ သေဘာတူထားခဲ့ပါတယ္။ ဒါေပမဲ့ အရင္သေဘာတူညီခ်က္ေတြကလည္း ပ်က္သြားခဲ့ဖူးတာမို႔ ထြက္လမ္းက မေရမရာ ရွိေနဆဲပါ။

Mariupol ၿမိဳ႕ကို ႐ုရွားက သိမ္းပိုက္ႏိုင္ခဲ့ရင္ ၂၀၁၄ ခုႏွစ္က သိမ္းပိုက္ခဲ့တဲ့ ခ႐ိုင္းမီးယား ကြၽန္းဆြယ္နဲ႔ ႐ုရွားတို႔ဟာ လမ္းေၾကာင္းတဆက္တည္း ျဖစ္သြားမွာပါ။

ခုလို ႐ုရွားတပ္ေတြက ယူကရိန္း အေရွ႕ပိုင္းကို အာ႐ုံစိုက္ေနတဲ့အတြက္ ယူကရိန္း စစ္တပ္အဖို႔ တျခားေနရာေတြမွာ တိုက္ခိုက္ဖို႔ လမ္းပြင့္သြားတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာပါတယ္။ “တိုက္ပြဲနဲ႔ပဲ ၿငိမ္းခ်မ္းေရး ရရွိႏိုင္တယ္” လို႔ စေနေန႔ညက သမၼတက ေျပာပါတယ္။

Mariupol ၿမိဳ႕မွာ ပိတ္မိေနသူေတြ ရိကၡာျပတ္ေတာက္ေန
please wait

No media source currently available

0:00 0:01:24 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

Mariupol မြို့မှာ ပိတ်မိနေသူတွေ ရိက္ခာပြတ်တောက်နေ

ယူကရိန်း အရှေ့တောင်ပိုင်းက Mariupol မြို့ကို ရုရှားက ဝိုင်းတိုက်ခိုက်နေချိန်မှာ ကျန်နေသေးတဲ့ မြို့သူမြို့သားတွေဟာ ထွက်လမ်းကို စောင့်နေကြရပါတယ်။

ဒီအချိန်မှာပဲ ယူကရိန်းနဲ့ ရုရှားသမ္မတ ၂ ဦး တွေ့ဆုံ ဆွေးနွေးနိုင်လောက်အောင် လုံလောက်တဲ့ သဘောတူညီချက် မူကြမ်းကို တင်ပြထားပြီးကြပါပြီလို့ ယူကရိန်းရဲ့ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် Davyd Arakhamia က ယူကရိန်း ရုပ်မြင်သံကြားကို ပြောပါတယ်။

စစ်မဖြစ်ခင်က လူဦးရေ ၄ သိန်း ၃ သောင်းကျော်ရှိတဲ့ မြို့မှာ မြို့က မထွက်ကြရသေးတဲ့ လူ ၁ သိန်းကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရေ၊ အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်တောက်နေပြီး ထွက်လမ်းကလည်း မရေမရာ ဖြစ်နေပါတယ်။

မြို့သူမြို့သားတွေ ထွက်ခွါနိုင်အောင် စီစဉ်ဖို့အတွက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က စေလွှတ်ထားတဲ့ အဖွဲ့တဖွဲ့ဟာ တနင်္ဂနွေနေ့မှာ Mariupol မြို့ကို ရောက်ရှိသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

လွန်ခဲ့တဲ့ ရက်အတော်ကြာကတော့ ရုရှားက အဲဒီလို ထွက်လမ်းပေးဖို့ သဘောတူထားခဲ့ပါတယ်။ ဒါပေမဲ့ အရင်သဘောတူညီချက်တွေကလည်း ပျက်သွားခဲ့ဖူးတာမို့ ထွက်လမ်းက မရေမရာ ရှိနေဆဲပါ။

Mariupol မြို့ကို ရုရှားက သိမ်းပိုက်နိုင်ခဲ့ရင် ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှားတို့ဟာ လမ်းကြောင်းတဆက်တည်း ဖြစ်သွားမှာပါ။

ခုလို ရုရှားတပ်တွေက ယူကရိန်း အရှေ့ပိုင်းကို အာရုံစိုက်နေတဲ့အတွက် ယူကရိန်း စစ်တပ်အဖို့ တခြားနေရာတွေမှာ တိုက်ခိုက်ဖို့ လမ်းပွင့်သွားတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ “တိုက်ပွဲနဲ့ပဲ ငြိမ်းချမ်းရေး ရရှိနိုင်တယ်” လို့ စနေနေ့ညက သမ္မတက ပြောပါတယ်။

XS
SM
MD
LG