သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း Luhansk ေဒသခံမ်ား ထြက္ခြာေရွာင္တိမ္းဖို႔ အုပ္ခ်ဳပ္ေရးမွဴး သတိေပး


႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံတြန္းလွန္ေနတဲ့ Luhansk ေဒသမွ ယူကရိန္းစစ္သည္မ်ား။ (မတ္ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေရွ႕ပိုင္း Luhansk ေဒသက ျပည္သူေတြကို ခ်က္ခ်င္းထြက္ခြါၾကဖို႔ အဲဒီေဒသရဲ႕ အုပ္ခ်ဳပ္ေရးမွဴး Serhiy Gaidai က သတိေပးလိုက္ပါတယ္။ အဲဒီေဒသမွာ ေလေၾကာင္းရန္ ကာကြယ္ေရး အခ်က္ေပးသံေတြက ညံေနၿပီး ႐ုရွားက ထိုးစစ္ႀကီးကို ဆင္ႏႊဲလာေနတယ္လို႔ အုပ္ခ်ဳပ္ေရးမွဴးက ႐ုပ္ျမင္သံၾကားကို ေျပာပါတယ္။

Kyiv ၿမိဳ႕နဲ႔ အေနာက္ဘက္ပိုင္းမွာ ခုခံမႈအႀကီးႀကီးကို ႀကဳံေတြ႕ခဲ့ၿပီးတဲ့ေနာက္ ႐ုရွားတပ္ေတြ ျပန္လည္ဆုတ္ခြါခဲ့ၿပီး ယူကရိန္းအေရွ႕ပိုင္းကို ျမားဦးျပန္လွည့္ခဲ့တာ ျဖစ္တယ္လို႔ စစ္ေရးသုံးသပ္သူေတြက ေျပာၾကပါတယ္။

Crimea ကြၽန္းဆြယ္နဲ႔ Donbas ေဒသအၾကား လမ္းေၾကာင္းကို ႐ုရွားက ဖန္တီးဖို႔ ႀကိဳးစားတာ ျဖစ္တယ္လို႔ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

႐ုရွားအတြက္ ဥေရာပတတုိက္လုံးဟာ ပစ္မွတ္ျဖစ္ပါတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က သူ႔ရဲ႕ ညပိုင္းေျပာၾကားတဲ့ ႐ုပ္ျမင္သံၾကားမိန႔္ခြန္းမွာ သတိေပးလိုက္ပါတယ္။

Kyiv ၿမိဳ႕အနီး Bucha ၿမိဳ႕ကို ဖ်က္ဆီးခဲ့တာေတြကို ၾကည့္ၿပီး ႐ုရွားက စစ္ရာဇဝတ္မႈ က်ဴးလြန္တယ္လို႔ ဥေရာပေကာ္မရွင္ဥကၠဌ Ursula von der Leyen က စေနေန႔မွာ စြပ္စြဲလိုက္ပါတယ္။

လူ ၄,၀၀၀ ေလာက္ ခိုေအာင္းေနတဲ့ ဘူတာ႐ုံကို ပစ္တာဟာ သိစိတ္မရွိတဲ့ လုပ္ရပ္ျဖစ္ၿပီး အရပ္သားရယ္လို႔ ခြဲျခားမႈ မရွိေတာ့ဘဲ တိုက္ခိုက္တဲ့ စစ္ရာဇဝတ္မႈပဲလို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကလည္း ေျပာပါတယ္။ Boris Johnson ဟာ Kyiv ၿမိဳ႕မွာ သမၼတ Volodymyr Zelenskyy နဲ႔ စေနေန႔က ေတြ႔ဆုံခဲ့ပါတယ္။

ယူကရိန္းကို ေဒၚလာ သန္း ၁၃၀ တန္ဖိုးရွိ နည္းပညာအဆင့္ျမင့္ ေလယာဥ္နဲ႔ တင့္ကားပစ္ဒုံးက်ည္ေတြကို ကူညီမယ္လို႔ ကတိျပဳလိုက္ပါတယ္။

Boris Johnson မေတြ႔မီမွာ ၾသစႀတီးယား ဝန္ႀကီးခ်ဳပ္ Karl Nehammer ကလည္း ယူကရိန္းသမၼတကို Kyiv ၿမိဳ႕မွာ စေနေန႔က ေတြ႔ဆုံခဲ့ပါတယ္။ “လူေတြေသေနသမွ် ပိတ္ဆို႔အေရးယူမႈတိုင္းက မလုံေလာက္ပါဘူး” လို႔ သူက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ယူကရိန်း Luhansk ဒေသခံများ ထွက်ခွာရှောင်တိမ်းဖို့ အုပ်ချုပ်ရေးမှူး သတိပေး

ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသက ပြည်သူတွေကို ချက်ချင်းထွက်ခွါကြဖို့ အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူး Serhiy Gaidai က သတိပေးလိုက်ပါတယ်။ အဲဒီဒေသမှာ လေကြောင်းရန် ကာကွယ်ရေး အချက်ပေးသံတွေက ညံနေပြီး ရုရှားက ထိုးစစ်ကြီးကို ဆင်နွှဲလာနေတယ်လို့ အုပ်ချုပ်ရေးမှူးက ရုပ်မြင်သံကြားကို ပြောပါတယ်။

Kyiv မြို့နဲ့ အနောက်ဘက်ပိုင်းမှာ ခုခံမှုအကြီးကြီးကို ကြုံတွေ့ခဲ့ပြီးတဲ့နောက် ရုရှားတပ်တွေ ပြန်လည်ဆုတ်ခွါခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းကို မြားဦးပြန်လှည့်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောကြပါတယ်။

Crimea ကျွန်းဆွယ်နဲ့ Donbas ဒေသအကြား လမ်းကြောင်းကို ရုရှားက ဖန်တီးဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားအတွက် ဥရောပတတိုက်လုံးဟာ ပစ်မှတ်ဖြစ်ပါတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ရဲ့ ညပိုင်းပြောကြားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။

Kyiv မြို့အနီး Bucha မြို့ကို ဖျက်ဆီးခဲ့တာတွေကို ကြည့်ပြီး ရုရှားက စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က စနေနေ့မှာ စွပ်စွဲလိုက်ပါတယ်။

လူ ၄,၀၀၀ လောက် ခိုအောင်းနေတဲ့ ဘူတာရုံကို ပစ်တာဟာ သိစိတ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး အရပ်သားရယ်လို့ ခွဲခြားမှု မရှိတော့ဘဲ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုပဲလို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း ပြောပါတယ်။ Boris Johnson ဟာ Kyiv မြို့မှာ သမ္မတ Volodymyr Zelenskyy နဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းကို ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ နည်းပညာအဆင့်မြင့် လေယာဉ်နဲ့ တင့်ကားပစ်ဒုံးကျည်တွေကို ကူညီမယ်လို့ ကတိပြုလိုက်ပါတယ်။

Boris Johnson မတွေ့မီမှာ သြစတြီးယား ဝန်ကြီးချုပ် Karl Nehammer ကလည်း ယူကရိန်းသမ္မတကို Kyiv မြို့မှာ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ “လူတွေသေနေသမျှ ပိတ်ဆို့အရေးယူမှုတိုင်းက မလုံလောက်ပါဘူး” လို့ သူက ဆိုပါတယ်။

XS
SM
MD
LG