ယူကရိန္းႏိုင္ငံမွာ လူအစုအေဝးလိုက္ရွိေနတဲ့ ရထားဘူတာ႐ုံတခုကို ဒုံးက်ည္နဲ႔တိုက္ခိုက္တာေၾကာင့္ လူအမ်ားအျပား ေသဆုံး ဒဏ္ရာရခဲ့တာဟာ ႐ုရွားလက္ခ်က္ျဖစ္တယ္ဆိုၿပီး ယူကရိန္းနဲ႔ မဟာမိတ္ေတြက ျပစ္တင္ရႈတ္ခ်ေနၾကပါတယ္။
ႏိုင္ငံအေရွ႕ပိုင္းက Kramatorsk ၿမိဳ႕ ရထားဘူတာ႐ုံကို တိုက္ခိုက္မႈေၾကာင့္ ကေလးငါးဦးအပါအဝင္ လူေပါင္း ၅၂ ေယာက္ထက္ မနည္း ေသဆုံးၿပီး ၈၇ ေယာက္ထက္မနည္း ဒဏ္ရာရခဲ့တယ္လို႔ ယူကရိန္း၊ မီးရထားသယ္ယူပို႔ေဆာင္ေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ အဲဒီဘူတာ႐ုံဟာ တိုက္ပြဲေတြေဘးကေန အရပ္သားေတြကိုကယ္ထုတ္ဖို႔ အသုံးျပဳေနတဲ့ ဘူတာ႐ုံ ျဖစ္ပါတယ္။
အဲဒီလုပ္ရပ္ဟာ အရပ္သားေတြကို ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္မႈျဖစ္တယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာပါတယ္။
အေမရိကန္သမၼတ Joe Biden က ရထားဘူတာ႐ုံကို တိုက္ခိုက္တာဟာ “႐ုရွားကက်ဴးလြန္တဲ့ ဆိုး႐ြားရက္စက္တဲ့ ေနာက္ထပ္ သတ္ျဖတ္မႈ” ျဖစ္တယ္လို႔ Twitter မွာေရးပါတယ္။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး Ben Wallace က “အရပ္သားေတြနဲ႔ အေရးပါတဲ့ အေျခခံအေဆာက္အအုံေတြကို တိုက္ခိုက္တာဟာ စစ္ရာဇဝတ္မႈတခုျဖစ္တယ္” လို႔ ေျပာပါတယ္။
ရထားဘူတာ႐ုံနဲ႔ တျခားတိုက္ခိုက္မႈေတြကို “လုံးဝ လက္ခံႏိုင္စရာမရွိဘဲ” “လူသားစာနာမႈဆိုင္ရာနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ႏိုင္ငံတကာဥပေဒေတြကို ဆိုး႐ြားစြာ ခ်ိဳးေဖာက္တာျဖစ္ၿပီး က်ဴးလြန္သူေတြ ကိုယ့္လုပ္ရပ္ကိုယ္ တာဝန္ခံမႈရွိေအာင္ လုပ္ရမယ္’ လို႔ ကုလသမဂၢက ေျပာပါတယ္။
ဘူတာ႐ုံကိုတိုက္ခိုက္တာ သူတို႔လက္ခ်က္မဟုတ္ဘဲ ယူကရိန္းလက္ခ်က္ျဖစ္တယ္လို႔ ႐ုရွားက ျပန္ၿပီး စြပ္စြဲထားပါတယ္။ တိုက္ခိုက္မႈမွာသုံးခဲ့တဲ့ Tochka-U ဒုံးက်ည္မ်ိဳးကို သူတို႔မသုံးဘူးဆိုၿပီး ႐ုရွားက ျငင္းထားတာပါ။
==Unicode===
ယူကရိန်းနိုင်ငံမှာ လူအစုအဝေးလိုက်ရှိနေတဲ့ ရထားဘူတာရုံတခုကို ဒုံးကျည်နဲ့တိုက်ခိုက်တာကြောင့် လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တာဟာ ရုရှားလက်ချက်ဖြစ်တယ်ဆိုပြီး ယူကရိန်းနဲ့ မဟာမိတ်တွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။
နိုင်ငံအရှေ့ပိုင်းက Kramatorsk မြို့ ရထားဘူတာရုံကို တိုက်ခိုက်မှုကြောင့် ကလေးငါးဦးအပါအဝင် လူပေါင်း ၅၂ ယောက်ထက် မနည်း သေဆုံးပြီး ၈၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း၊ မီးရထားသယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဘူတာရုံဟာ တိုက်ပွဲတွေဘေးကနေ အရပ်သားတွေကိုကယ်ထုတ်ဖို့ အသုံးပြုနေတဲ့ ဘူတာရုံ ဖြစ်ပါတယ်။
အဲဒီလုပ်ရပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden က ရထားဘူတာရုံကို တိုက်ခိုက်တာဟာ “ရုရှားကကျူးလွန်တဲ့ ဆိုးရွားရက်စက်တဲ့ နောက်ထပ် သတ်ဖြတ်မှု” ဖြစ်တယ်လို့ Twitter မှာရေးပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallace က “အရပ်သားတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတခုဖြစ်တယ်” လို့ ပြောပါတယ်။
ရထားဘူတာရုံနဲ့ တခြားတိုက်ခိုက်မှုတွေကို “လုံးဝ လက်ခံနိုင်စရာမရှိဘဲ” “လူသားစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ဆိုးရွားစွာ ချိုးဖောက်တာဖြစ်ပြီး ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိအောင် လုပ်ရမယ်’ လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဘူတာရုံကိုတိုက်ခိုက်တာ သူတို့လက်ချက်မဟုတ်ဘဲ ယူကရိန်းလက်ချက်ဖြစ်တယ်လို့ ရုရှားက ပြန်ပြီး စွပ်စွဲထားပါတယ်။ တိုက်ခိုက်မှုမှာသုံးခဲ့တဲ့ Tochka-U ဒုံးကျည်မျိုးကို သူတို့မသုံးဘူးဆိုပြီး ရုရှားက ငြင်းထားတာပါ။