ယူကရိန္းဘူတာ႐ုံ တိုက္ခိုက္မႈအတြက္ ႐ုရွားကို ကုလသတိေပး
{{Zawgyi/Unicode}}
ယူကရိန္းအေရွ႕ပိုင္းမွာရွိတဲ့ ဘူတာရံုနဲ႔ တျခားေနရာေတြကို ႐ုရွားရဲ႕ ေသာၾကာေန႔ ပစ္ခတ္တိုက္ခိုက္မႈေတြဟာ လံုးဝလက္ခံႏိုင္စရာ မရွိသလို ဒါဟာ ႏိုင္ငံတကာလူသားခ်င္း စာနာမႈ ဆိုင္ရာနဲ႔ လူ႔အခြင့္ေရးဆိုင္ရာ ဥပေဒေတြကို ျပင္းျပင္းထန္ထန္ ခ်ဳိးေဖါက္လိုက္တာ ျဖစ္ၿပီး က်ဴးလြန္သူေတြကို အေရးယူရမွာ ျဖစ္ေၾကာင္း ကုလသမဂၢက ေျပာၾကားလိုက္ပါတယ္။
ယူကရိန္းအေရွ႕ပိုင္းက Kramatorsk ဘူတာရံုမွာ ေသာၾကာေန႔ ပစ္ခတ္တိုက္ခိ္ုက္မႈအတြင္း အရပ္သား ထိခိုက္၊ ေသဆံုးမႈေတြ ရွိေနၿပီး အမ်ိဳးသမီးေတြ၊ ကေလးငယ္နဲ႔ သက္ႀကီးရြယ္အိုေတြအပါအဝင္ ေသဆံုးဒဏ္ရာရသူ ဒါဇင္နဲ႔ခ်ီရွိေနၿပီး သူတို႔ကို ကယ္ထုတ္ဖို႔ ေစာင့္ေနၾကရတဲ့ အျပင္ တျခားအရပ္သားေတြနဲ႔ အရပ္ဘက္အေဆာက္အအံုေတြပါ တိုက္ခိုက္ခံေနရတာေတြဟာ လံုးဝ လက္သင့္ခံႏိုင္စရာ မရွိဘူးလို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က ေသာၾကာေန႔ ရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။
ဒါ့အျပင္ ဒီရက္စက္ဆိုးဝါးတဲ့ စစ္ပြဲအျမန္ရပ္ဆိုင္းဖို႔ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres' ကေတာင္းဆိုလိုက္ေၾကာင္းလည္း ေျပာပါတယ္။
ယူကရိန္းအေရွ႕ပိုင္းကေန ေဘးလြတ္ရာထြက္ေျပးဖို႔ ေဒသခံေတြသံုးေနတဲ့ Kramatorsk ဘူတာရံုကို မစ္ဇင္းဒံုး ၂ စင္းနဲ႔ တိုက္ခိုက္ခံခဲ့ရၿပီး ဒီတိုက္ခိုက္မႈမွာ ကေလးငယ္ ၅ ဦး အပါအဝင္ လူေပါင္း ၅၀ ေသဆံုးခဲ့ရတယ္လို႔ ဘူတာရံုတာဝန္ခံ အရာရွိေတြက ေျပာပါတယ္။
အေရွ႕ပိုင္းက Donetsk ေဒသအုပ္ခ်ဳပ္ေရးမႈး ကေတာ့ ႐ုရွားတပ္ေတြက ဒီေဒသကို အဓိကထား တိုက္ခိုက္ေနတာေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးတဲ့ ေဒသခံေထာင္ေပါင္းမ်ားစြာဟာ ဒီဘူတာရံုကေန ထြက္ခြါၾကတာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ဒီတိုက္ခိုက္မႈကို ႐ုရွားေတြလုပ္ေဆာင္တာလို႔ ယူကရိန္းအရာရွိေတြက ေျပာေပမယ့္ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ သူတို႔ မလုပ္ေၾကာင္းျငင္းဆိုၿပီး ဒါဟာ ယူကရိန္းဘက္က ရန္စမႈလို႔ ေျပာပါတယ္။ ဒါ့အျပင္ တိုက္ခိုက္ရာမွာ သံုးတဲ့ ဒံုးက်ည္ Tochka-U ဟာ ယူကရိန္းတပ္ေတြ သံုးတဲ့ လက္နက္ျဖစ္ၿပီး ဒီဘူတာရံုကို ႐ုရွားတပ္ေတြဘက္က ပစ္ခတ္တာမရွိဘူးလို႔ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
ဒါေပမဲ့လည္း ကာကြယ္ေရးဆိုင္ရာ ၀ဘ္ဆိုဒ္ Defence Blog ကေတာ့ ယူကရိန္းကို က်ဳးေက်ာ္ဖို႔ ေစလႊတ္တဲ့ စစ္ယာဥ္တန္းေတြထဲမွာ ဒီလက္နက္ေတြ သယ္ေဆာင္သြားတာကို ဓာတ္ပုံေတြမွာ ေတြ႕ရေၾကာင္း မတ္လာ ၃၁ ရက္ေန႔က ေဖာ္ျပခဲ့ဖူးပါတယ္။
.....................................................
ယူကရိန်းဘူတာရုံ တိုက်ခိုက်မှုအတွက် ရုရှားကို ကုလသတိပေး
{{Zawgyi/Unicode}}
ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ ဘူတာရုံနဲ့ တခြားနေရာတွေကို ရုရှားရဲ့ သောကြာနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ လုံးဝလက်ခံနိုင်စရာ မရှိသလို ဒါဟာ နိုင်ငံတကာလူသားချင်း စာနာမှု ဆိုင်ရာနဲ့ လူ့အခွင့်ရေးဆိုင်ရာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖေါက်လိုက်တာ ဖြစ်ပြီး ကျူးလွန်သူတွေကို အရေးယူရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက Kramatorsk ဘူတာရုံမှာ သောကြာနေ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ ရှိနေပြီး အမျိုးသမီးတွေ၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် သေဆုံးဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိနေပြီး သူတို့ကို ကယ်ထုတ်ဖို့ စောင့်နေကြရတဲ့ အပြင် တခြားအရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေပါ တိုက်ခိုက်ခံနေရတာတွေဟာ လုံးဝ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဒါ့အပြင် ဒီရက်စက်ဆိုးဝါးတဲ့ စစ်ပွဲအမြန်ရပ်ဆိုင်းဖို့ အတွင်းရေးမှုးချုပ် Antonio Guterres' ကတောင်းဆိုလိုက်ကြောင်းလည်း ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းကနေ ဘေးလွတ်ရာထွက်ပြေးဖို့ ဒေသခံတွေသုံးနေတဲ့ Kramatorsk ဘူတာရုံကို မစ်ဇင်းဒုံး ၂ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ဒီတိုက်ခိုက်မှုမှာ ကလေးငယ် ၅ ဦး အပါအဝင် လူပေါင်း ၅၀ သေဆုံးခဲ့ရတယ်လို့ ဘူတာရုံတာဝန်ခံ အရာရှိတွေက ပြောပါတယ်။
အရှေ့ပိုင်းက Donetsk ဒေသအုပ်ချုပ်ရေးမှုး ကတော့ ရုရှားတပ်တွေက ဒီဒေသကို အဓိကထား တိုက်ခိုက်နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးတဲ့ ဒေသခံထောင်ပေါင်းများစွာဟာ ဒီဘူတာရုံကနေ ထွက်ခွါကြတာ ဖြစ်ကြောင်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ရုရှားတွေလုပ်ဆောင်တာလို့ ယူကရိန်းအရာရှိတွေက ပြောပေမယ့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ မလုပ်ကြောင်းငြင်းဆိုပြီး ဒါဟာ ယူကရိန်းဘက်က ရန်စမှုလို့ ပြောပါတယ်။ ဒါ့အပြင် တိုက်ခိုက်ရာမှာ သုံးတဲ့ ဒုံးကျည် Tochka-U ဟာ ယူကရိန်းတပ်တွေ သုံးတဲ့ လက်နက်ဖြစ်ပြီး ဒီဘူတာရုံကို ရုရှားတပ်တွေဘက်က ပစ်ခတ်တာမရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ဒါပေမဲ့လည်း ကာကွယ်ရေးဆိုင်ရာ ဝဘ်ဆိုဒ် Defence Blog ကတော့ ယူကရိန်းကို ကျုးကျော်ဖို့ စေလွှတ်တဲ့ စစ်ယာဉ်တန်းတွေထဲမှာ ဒီလက်နက်တွေ သယ်ဆောင်သွားတာကို ဓာတ်ပုံတွေမှာ တွေ့ရကြောင်း မတ်လာ ၃၁ ရက်နေ့က ဖော်ပြခဲ့ဖူးပါတယ်။