သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းေရာက္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စစ္လက္နက္ကူညီဖို႔ ကတိျပဳ


Kyiv ၿမိဳ႕မွာ ေတြ႔ဆုံေနတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy. (ဧၿပီ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားတပ္ေတြ ျပန္ဆုတ္ခြါသြားတဲ့ ယူကရိန္းၿမိဳ႕ရြာ အေတာ္မ်ားမ်ားမွာ ေသဆုံးေနတဲ့ ေဒသခံေတြရဲ႕ အေလာင္းေတြ ေတြ႔လာရတာဟာ ႐ုရွားသမၼတ Vladimir Putin ရဲ႕ နာမည္ဂုဏ္သတင္းအတြက္ ဖ်က္မရတဲ့ အစြန္းအထင္း ျဖစ္သြားၿပီလို႔ ယူကရိန္းႏိုင္ငံ Kyiv ကို သြားေရာက္ေနတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က စေနေန႔မွာ ေျပာပါတယ္။

ယူကရိန္းက Bucha နဲ႔ Irpin လိုၿမိဳ႕ေတြမွာ သမၼတ Putin ရဲ႕ လုပ္ေဆာင္မႈဟာ စစ္ရာဇဝတ္မႈေတြ ျဖစ္ေနတာေၾကာင့္ သူနဲ႔ သူ႔အစိုးရအဖြဲ႔အတြက္ အဖတ္ဆယ္မရေအာင္ နာမည္ပ်က္သြားတာ ျဖစ္ေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔အတူ ပူးတြဲျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာပါ။

ယူကရိန္းကို ရက္ပိုင္းအတြင္း လႊမ္းမိုးႏိုင္မယ္လို႔ ႐ုရွားဘက္က ယုံၾကည္ထားေပမယ့္ ယူကရိန္းျပည္သူေတြက သတၱိျပခဲ့ၾကသလို သူရဲေကာင္းေတြအျဖစ္ ကမာၻက သိလာတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Johnson က ေျပာပါတယ္။

ယူကရိန္းသမၼတနဲ႔ ေတြ႔ဆုံေဆြးေႏြးၿပီးတဲ့ေနာက္မွာ ဝန္ႀကီးခ်ဳပ္ Johnson က ၿဗိတိန္ဟာ ယူကရိန္းအတြက္ လက္နက္အကူအညီ ေပးမွာျဖစ္ေၾကာင္း ကတိေပးခဲ့ပါတယ္။

႐ုရွားက ဆက္ၿပီး တိုက္ခိုက္ေနဆဲ ျဖစ္တဲ့အတြက္ အေျခအေနဆိုးေနတဲ့ ယူကရိန္းကို အကူအညီေပးဖို႔ သံခ်ပ္ကာကား အစီး ၁၂၀ နဲ႔ ေနာက္ဆုံးေပၚ သေဘၤာပစ္ မစ္ဇုိင္းဒုံးခြင္းစနစ္ေတြ ေပးမွာျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံးက ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။ ေသာၾကာေန႔ကလည္း ၿဗိတိန္က ယူကရိန္းကို ေလယာဥ္ပစ္ မစ္ဇုိင္းဒုံးေတြနဲ႔ ေနာက္ထပ္ တင့္ကားဖ်က္မစ္ဇုိင္းဒုံး ၈၀၀ ေပးအပ္မွာျဖစ္ေၾကာင္း ေၾကညာခဲ့တာပါ။

ၿဗိတိန္က ယူကရိန္းကို စစ္ေရးအကူအညီေတြေပးၿပီး ႐ုရွားအေပၚ အေရးယူ ဒဏ္ခတ္မႈေတြ လုပ္သလို အေနာက္ႏိုင္ငံေတြကလည္း လုပ္ေဆာင္ၾကဖို႔ ယူကရိန္းသမၼတ Zelenskyy ကလည္း ေတာင္းဆိုလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ယူကရိန်းရောက် ဗြိတိန်ဝန်ကြီးချုပ် စစ်လက်နက်ကူညီဖို့ ကတိပြု

ရုရှားတပ်တွေ ပြန်ဆုတ်ခွါသွားတဲ့ ယူကရိန်းမြို့ရွာ အတော်များများမှာ သေဆုံးနေတဲ့ ဒေသခံတွေရဲ့ အလောင်းတွေ တွေ့လာရတာဟာ ရုရှားသမ္မတ Vladimir Putin ရဲ့ နာမည်ဂုဏ်သတင်းအတွက် ဖျက်မရတဲ့ အစွန်းအထင်း ဖြစ်သွားပြီလို့ ယူကရိန်းနိုင်ငံ Kyiv ကို သွားရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က စနေနေ့မှာ ပြောပါတယ်။

ယူကရိန်းက Bucha နဲ့ Irpin လိုမြို့တွေမှာ သမ္မတ Putin ရဲ့ လုပ်ဆောင်မှုဟာ စစ်ရာဇဝတ်မှုတွေ ဖြစ်နေတာကြောင့် သူနဲ့ သူ့အစိုးရအဖွဲ့အတွက် အဖတ်ဆယ်မရအောင် နာမည်ပျက်သွားတာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ယူကရိန်းကို ရက်ပိုင်းအတွင်း လွှမ်းမိုးနိုင်မယ်လို့ ရုရှားဘက်က ယုံကြည်ထားပေမယ့် ယူကရိန်းပြည်သူတွေက သတ္တိပြခဲ့ကြသလို သူရဲကောင်းတွေအဖြစ် ကမ္ဘာက သိလာတယ်လို့လည်း ဝန်ကြီးချုပ် Johnson က ပြောပါတယ်။

ယူကရိန်းသမ္မတနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ဝန်ကြီးချုပ် Johnson က ဗြိတိန်ဟာ ယူကရိန်းအတွက် လက်နက်အကူအညီ ပေးမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

ရုရှားက ဆက်ပြီး တိုက်ခိုက်နေဆဲ ဖြစ်တဲ့အတွက် အခြေအနေဆိုးနေတဲ့ ယူကရိန်းကို အကူအညီပေးဖို့ သံချပ်ကာကား အစီး ၁၂၀ နဲ့ နောက်ဆုံးပေါ် သင်္ဘောပစ် မစ်ဇိုင်းဒုံးခွင်းစနစ်တွေ ပေးမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ သောကြာနေ့ကလည်း ဗြိတိန်က ယူကရိန်းကို လေယာဉ်ပစ် မစ်ဇိုင်းဒုံးတွေနဲ့ နောက်ထပ် တင့်ကားဖျက်မစ်ဇိုင်းဒုံး ၈၀၀ ပေးအပ်မှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

ဗြိတိန်က ယူကရိန်းကို စစ်ရေးအကူအညီတွေပေးပြီး ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်သလို အနောက်နိုင်ငံတွေကလည်း လုပ်ဆောင်ကြဖို့ ယူကရိန်းသမ္မတ Zelenskyy ကလည်း တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG