သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း စစ္ပြဲေၾကာင့္ ကမာၻ႔ စားနပ္ရိကၡာ ေဈးႏႈန္း ပိုၿပီးတက္ 


(Zawgyi / Unicode)

႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ ေနာက္ပိုင္း ေလာင္စာဆီ ေဈးႏႈန္း သိသိသာသာ တက္လာၿပီး ကုန္စည္ သယ္ယူပို႔ေဆာင္ေရးပိုင္းမွာ အခက္အခဲ ျဖစ္ရသလို ကမာၻ တလႊား စားနပ္ရိကၡာ ေဈးႏႈန္းေတြလည္း တက္လာေနပါတယ္။ ေကာက္ပဲသီးႏွံ ျပည္ပ တင္ပို႔မႈ အရွိန္ေကာင္းေနတဲ့ ျမန္မာႏိုင္ငံမွာေတာ့ စိုက္ပ်ိဳးေရး လုပ္ငန္း အတြက္ လိုအပ္တဲ့ ဓာတ္ေျမၾသဇာ အပါအဝင္ ကုန္စည္ေတြ တင္သြင္းႏိုင္ေရး ဥေရာပ အာရွ စီးပြားေရး သမဂၢနဲ႔ ေဆြးေႏြးေနေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ Steve Baragona ရဲ႕ စီးပြားေရး ဆိုင္ရာ သတင္းေဆာင္းပါးကို အေျခခံၿပီး မသိဂၤ ီထိုက္ စုစည္းတင္ျပေပးပါမယ္။

ယူကရိန္း စစ္ပြဲေၾကာင့္ ဓာတ္ဆီ ျဖည့္တာကေန ညစာ စားပြဲ အထိ သက္ေရာက္မႈ ရွိတယ္လို႔ ကမာၻတလႊားမွာ ခံစားေနၾကရပါတယ္။ ေနရာတိုင္းမွာ စားေသာက္ကုန္ ေဈးႏႈန္းေတြ တက္လာၿပီး လူထုၾကား မၿငိမ္သက္မႈေတြ ျဖစ္လာပါတယ္။ အထူးသျဖင့္ေတာ့ ႐ုရွားနဲ႔ ယူကရိန္းကေန ဂ်ဳံတင္သြင္းေနရတဲ့ ႏိုင္ငံေတြမွာ ျဖစ္ပါတယ္။ ဒီထဲမွာ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိက ေျမာက္ပိုင္းတို႔လည္း ပါဝင္ပါတယ္။ အထူးသျဖင့္ ေခတ္ကာလ အေျခအေန မေကာင္းခ်ိန္မွာ စားနပ္ရိကၡာေဈးတက္တာမ်ိဳး ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ Chris Barrett ဟာ Cornell တကၠသိုလ္က စီးပြားေရး ဆိုင္ရာ ပါေမာကၡ ျဖစ္ပါတယ္။

“ စားနပ္ရိကၡာ ေဈးႏႈန္း ႀကီးျမင့္လာမႈ အေၾကာင္းတခုတည္းတင္ မဟုတ္ပါဘူး။ ေဒသ အမ်ားအျပားမွာ Covid ေၾကာင့္ ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈေၾကာင့္၊ မိုးေခါင္ေရရွားမႈနဲ႔ ေရႀကီးမႈ၊ ေနာက္ သဘာ၀ ေဘးဒဏ္ေတြေၾကာင့္ ျဖစ္လာရတဲ့ အခက္အခဲေတြနဲ႔ ႀကဳံေနရတဲ့ ကာလမွာ စားနပ္ရိကၡာေဈးႏႈန္း ႀကီးျမင့္လာေနတာပါ။ ”

႐ုရွားဟာ ကမာၻေပၚမွာ ဂ်ဳံတင္ပို႔တဲ့ အဓိက ႏိုင္ငံတခု ျဖစ္ပါတယ္။ ယူကရိန္းက နံပတ္ ၅ အဆင့္မွာ ရွိၿပီး သူတို႔ ႏွစ္ႏိုင္ငံေပါင္းဟာ ကမာၻ႔ ဂ်ဳံတင္ပို႔မႈရဲ႕ သုံးပုံ တပုံေက်ာ္ ရွိပါတယ္။ ဒါေပမယ့္ စစ္ျဖစ္လာခ်ိန္မွာေတာ့ ပင္လယ္နက္ ေဒသဟာ စစ္နယ္ ျဖစ္လာပါတယ္။ ေကာက္ပဲ သီးႏွံ ကုန္သြယ္မႈကို တားျမစ္ကန႔္သတ္တာ မရွိေပမယ့္လည္း ဆိပ္ကမ္းေတြ ပိတ္တာေၾကာင့္ ကုန္စည္ ပို႔ေဆာင္မႈလည္း ရပ္တန႔္သြားတယ္လို႔ ေျပာလာတဲ့ Mark Welch ဟာ တကၠဆက္ A&M တကၠသိုလ္က စီးပြားေရး ပညာရွင္ ျဖစ္ပါတယ္။ Cornell တကၠသိုလ္က စီးပြားေရး ဆိုင္ရာ ပါေမာကၡ Chris Barrett က အခုလို ေျပာပါတယ္။

“ ယူကရိန္းနဲ႔ ႐ုရွားကေန တင္သြင္းေနတဲ့ ႏိုင္ငံေတြကေတာ့ သူတို႔ စာခ်ဳပ္ေတြ ႐ုတ္တရက္ႀကီး ဖ်က္သိမ္းခံရၿပီး မွန္းထားသလို စားနပ္ရိကၡာ သေဘာေတၤြလည္း ေရာက္မလာေတာ့ပါဘူး။ ေရာက္မလာမယ့္ စားနပ္ရိကၡာေတြ အတြက္ အစားထိုးႏိုင္ေရး ေဈးကြက္ထဲမွာ အပိုေဆာင္းေငြ မျဖစ္မေန ထပ္ေပးၾကရပါတယ္။ ဒါေၾကာင့္ ကမာၻတလႊားမွာ စားနပ္ရိကၡာ ေဈးႏႈန္း တက္လာပါတယ္။”

ဒါေပမယ့္လည္း စားနပ္ရိကၡာ ေဈးႏႈန္းေတြ ႀကီးျမင့္လာေနတာ ၂ ႏွစ္နီးပါး ရွိေနပါၿပီ။ ရာသီဥတု မေကာင္းတာေၾကာင့္ ကမာၻ႔ စပါးက်ီ ေဒသ တခ်ိဳ႕မွာ သီးႏွံ အထြက္ ေလ်ာ့ပါတယ္။ အရန္ ရိကၡာလည္း ေလ်ာ့နည္းေနပါတယ္။ ဒီအခ်က္ေၾကာင့္ဘဲ ပဋိပကၡ မစခင္ ကတည္းက ေဈးႏႈန္းေတြ စံခ်ိန္တင္ ျမင့္ေနတာပါ။

အခုအခ်ိန္မွာ ယူကရိန္းႏိုင္ငံတြင္း ေနာက္ရာသီ စိုက္ပ်ိဳးေရးက မေရမရာ ျဖစ္ေနပါတယ္။ လာမယ့္ စိုက္ပ်ိဳးရာသီ အတြက္ လယ္သမားေတြ အဆင္သင့္ ျပင္ရေတာ့မွာ ျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ လုပ္ကိုင္ဖို႔ ခက္ခဲေနပါတယ္။ Cornell တကၠသိုလ္က စီးပြားေရး ဆိုင္ရာ ပါေမာကၡ Chris Barrett က အခုလို ေျပာပါတယ္။

“ လက္ရွိမွာ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းေတြ အႀကီးအက်ယ္ အခက္အခဲ ျဖစ္ေနပါတယ္။ မ်ိဳးေစ့ေတြ ေရာက္မလာပါဘူး။ စက္သုံးဆီလည္း ေရာက္မလာပါဘူး။ ဓာတ္ေျမၾသဇာလည္း ေရာက္မလာပါဘူး။ ”

႐ုရွား လယ္သမားေတြလည္း အလားတူ ႐ိုက္ခတ္ပါတယ္။ သူတို႔ကေတာ့ ဒဏ္ခတ္ပိတ္ဆို႔မႈ မခံရေပမယ့္ ဘဏ္ေတြက ဒဏ္ခတ္ခံထားရပါတယ္။ ဒီအခ်က္ဟာဆိုရင္ ႐ုရွား လယ္သမားေတြကို ဘ႑ာေရး စနစ္မွာ ပိတ္ဆို႔ခံရတာ ျဖစ္ပါတယ္။ တကၠဆက္ A&M တကၠသိုလ္က စီးပြားေရး ပညာရွင္ Mark Welch က အခုလို ေျပာပါတယ္။

“ ေကာက္ပဲသီးႏွံေတြ သေဘာတၤင္လို႔ မရႏိုင္ဘူးလို႔ေတာ့ ေျပာမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း အခေၾကးေငြ မေပးႏိုင္ရင္ေတာ့ သူတို႔က သေဘာတၤင္ပါ့မလား။”

ဒါ့အျပင္ စြမ္းအင္ ေဈးႏႈန္းကလည္း သိသိသာသာ တက္လာတာေၾကာင့္ သေဘာတၤင္ခကလည္း ပိုၿပီး ေဈးႀကီးလာပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိ ျပည္ပ ဆန္တင္ပို႔မႈက ၿပီးခဲ့တဲ့ ၆ လတာ အတြင္း တန္ခ်ိန္ ၁သန္းေက်ာ္ကို ေရာက္ရွိခဲ့ၿပီး ဆက္ၿပီးလည္း အလားအလာ ေကာင္းေနပါတယ္။ ျမန္မာႏိုင္ငံ ဆန္စပါး လုပ္ငန္းရွင္မ်ား အသင္း ဒုတိယ ဥကၠဌ ေဒါက္တာ စိုးထြန္းကေတာ့ ႏိုင္ငံတြင္း စပါး စိုက္ပ်ိဳးမႈႏႈန္းနဲ႔ ပတ္သက္ၿပီး တရားဝင္ ထုတ္ျပန္ခ်က္ကို အခုလို ေျပာျပပါတယ္။

“ က်ေနာ္တို႔ မွာ ရွိတဲ့ စာရင္းဇယားေတြကလည္း တအားႀကီး ခိုင္မာတယ္လို႔ေတာ့ ေျပာလို႔ မရဘူးေပါ့ေနာ္။ သို႔ေသာ္လည္းဘဲ ၿပီးခဲ့တဲ့ အပတ္ ဒီ UMFCCI မွာေပါ့ေနာ္ လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္း ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး အပါအဝင္ေပါ့ေနာ္ ဒီ UMFCCI ဥကၠဌ ၊ ေနာက္ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္နဲ႔ ညီေနာင္ အသင္းေတြ အပါအဝင္ က်ေနာ္တို႔က အစည္းအေဝး တခုေတာ့ လုပ္ခဲ့တယ္။ အဲဒီမွာေတာ့ စိုက္ပ်ိဳးေရး ဦးစီးဌာန ေျမစာရင္း ဦးစီးဌာန အေနနဲ႔ တင္ျပခဲ့တာေပါ့ေနာ္။ သူတို႔ အေနနဲ႔ စိုက္တဲ့ဟာေတာ့ အၾကမ္းဖ်ဥ္းကေတာ့ ၁၇ သန္းေပါ့ သူက စိုက္ခဲ့တယ္။ အဲဒီမွာ စိုက္ဧက အရ ေျပာရင္ေတာ့ ၅ သိန္းေက်ာ္ ၆ သိန္းေလာက္ ေလ်ာ့တယ္ေပါ့ေနာ္။ ေျပာရရင္ေတာ့ ပမာဏ ၁၇ သန္းနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ေႏြစပါး မိုးစပါး ႏႈိင္းယွဥ္ရင္ေတာ့ ပမာဏေတာ့ အမ်ားႀကီး ေလ်ာ့က်တာေတာ့ မရွိဘူး ဆိုၿပီး သူက ေျပာထားတာ ရွိပါတယ္။ သူတင္ျပတဲ့ စာရင္းဇယား အရ ဆိုရင္ေတာ့ ျပည္တြင္းမွာ စားေရရိကၡာဖူလုံတယ္။ ဆန္တန္ခ်ိန္ ၂ သန္းနဲ႔ ၃ သန္းၾကား ပိုလွ်ံတယ္လို႔ သူကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ ေျမစာရင္း ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က တင္ျပတာ ရွိပါတယ္။ ”

ဥေရာပ အာရွ စီးပြားေရး သမဂၢ EAEU နဲ႔ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး သေဘာတူ စာခ်ဳပ္ လက္မွတ္ ေရးထိုးႏိုင္ဖို႔ ျမန္မာဘက္က ေဆြးေႏြးေနေၾကာင္း စစ္ေကာင္စီဘက္ကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ အတြင္းမွာဘဲ သတင္းထုတ္ျပန္ပါတယ္။ အဖြဲ႕ဝင္ ၅ ႏိုင္ငံပါ EAEU ဥေရာပ အာရွ စီးပြားေရး သမဂၢမွာေတာ့ ႐ုရွား၊ ဘဲလား႐ုစ္၊ အာေမးနီးယား၊ ကာဇက္စတန္နဲ႔ ကာဂ်စ္စတန္ႏိုင္ငံတို႔ ပါဝင္ပါတယ္။

ဒီအဖြဲ႕ဝင္ ႏိုင္ငံေတြထဲကမွ ႐ုရွား၊ ဘဲလား႐ုစ္တို႔နဲ႔ ျမန္မာႏိုင္ငံက စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈမွာ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ ေဆြးေႏြးေၾကာင္းလည္း ေဖာ္ျပပါတယ္။ ျမန္မာဘက္က လိုအပ္ေနတဲ့ ဓာတ္ေျမၾသဇာနဲ႔ ေရနံထြက္ပစၥည္းေတြ၊ လယ္ယာသုံး စက္ကိရိယာေတြ တင္သြင္းႏိုင္ေရးကိုလည္း စစ္ေကာင္စီဘက္က တိုက္တြန္းခဲ့ေၾကာင္း သတင္းက ေဖာ္ျပပါတယ္။ လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံတြင္း ဓာတ္ေျမၾသဇာ အဝင္ေလ်ာ့ေနၿပီး ေဈးႀကီးေနတာပါ။ ဥေရာပ အာရွ စီးပြားေရး သမဂၢ အဖြဲ႕ဝင္ ႏိုင္ငံေတြထံက ဓာတ္ေျမၾသဇာ တင္သြင္းခြင့္ အလားအလာကိုေတာ့ မသိရပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ ဈေးနှုန်း ပိုပြီးတက်

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် နောက်ပိုင်း လောင်စာဆီ ဈေးနှုန်း သိသိသာသာ တက်လာပြီး ကုန်စည် သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲ ဖြစ်ရသလို ကမ္ဘာ တလွှား စားနပ်ရိက္ခာ ဈေးနှုန်းတွေလည်း တက်လာနေပါတယ်။ ကောက်ပဲသီးနှံ ပြည်ပ တင်ပို့မှု အရှိန်ကောင်းနေတဲ့ မြန်မာနိုင်ငံမှာတော့ စိုက်ပျိုးရေး လုပ်ငန်း အတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာ အပါအဝင် ကုန်စည်တွေ တင်သွင်းနိုင်ရေး ဥရောပ အာရှ စီးပွားရေး သမဂ္ဂနဲ့ ဆွေးနွေးနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ Steve Baragona ရဲ့ စီးပွားရေး ဆိုင်ရာ သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ယူကရိန်း စစ်ပွဲကြောင့် ဓာတ်ဆီ ဖြည့်တာကနေ ညစာ စားပွဲ အထိ သက်ရောက်မှု ရှိတယ်လို့ ကမ္ဘာတလွှားမှာ ခံစားနေကြရပါတယ်။ နေရာတိုင်းမှာ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာပြီး လူထုကြား မငြိမ်သက်မှုတွေ ဖြစ်လာပါတယ်။ အထူးသဖြင့်တော့ ရုရှားနဲ့ ယူကရိန်းကနေ ဂျုံတင်သွင်းနေရတဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒီထဲမှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းတို့လည်း ပါဝင်ပါတယ်။ အထူးသဖြင့် ခေတ်ကာလ အခြေအနေ မကောင်းချိန်မှာ စားနပ်ရိက္ခာဈေးတက်တာမျိုး ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Chris Barrett ဟာ Cornell တက္ကသိုလ်က စီးပွားရေး ဆိုင်ရာ ပါမောက္ခ ဖြစ်ပါတယ်။

“ စားနပ်ရိက္ခာ ဈေးနှုန်း ကြီးမြင့်လာမှု အကြောင်းတခုတည်းတင် မဟုတ်ပါဘူး။ ဒေသ အများအပြားမှာ Covid ကြောင့် ၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်၊ မိုးခေါင်ရေရှားမှုနဲ့ ရေကြီးမှု၊ နောက် သဘာ၀ ဘေးဒဏ်တွေကြောင့် ဖြစ်လာရတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတဲ့ ကာလမှာ စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်လာနေတာပါ။ ”

ရုရှားဟာ ကမ္ဘာပေါ်မှာ ဂျုံတင်ပို့တဲ့ အဓိက နိုင်ငံတခု ဖြစ်ပါတယ်။ ယူကရိန်းက နံပတ် ၅ အဆင့်မှာ ရှိပြီး သူတို့ နှစ်နိုင်ငံပေါင်းဟာ ကမ္ဘာ့ ဂျုံတင်ပို့မှုရဲ့ သုံးပုံ တပုံကျော် ရှိပါတယ်။ ဒါပေမယ့် စစ်ဖြစ်လာချိန်မှာတော့ ပင်လယ်နက် ဒေသဟာ စစ်နယ် ဖြစ်လာပါတယ်။ ကောက်ပဲ သီးနှံ ကုန်သွယ်မှုကို တားမြစ်ကန့်သတ်တာ မရှိပေမယ့်လည်း ဆိပ်ကမ်းတွေ ပိတ်တာကြောင့် ကုန်စည် ပို့ဆောင်မှုလည်း ရပ်တန့်သွားတယ်လို့ ပြောလာတဲ့ Mark Welch ဟာ တက္ကဆက် A&M တက္ကသိုလ်က စီးပွားရေး ပညာရှင် ဖြစ်ပါတယ်။ Cornell တက္ကသိုလ်က စီးပွားရေး ဆိုင်ရာ ပါမောက္ခ Chris Barrett က အခုလို ပြောပါတယ်။
“ ယူကရိန်းနဲ့ ရုရှားကနေ တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ သူတို့ စာချုပ်တွေ ရုတ်တရက်ကြီး ဖျက်သိမ်းခံရပြီး မှန်းထားသလို စားနပ်ရိက္ခာ သဘောင်္တွေလည်း ရောက်မလာတော့ပါဘူး။ ရောက်မလာမယ့် စားနပ်ရိက္ခာတွေ အတွက် အစားထိုးနိုင်ရေး ဈေးကွက်ထဲမှာ အပိုဆောင်းငွေ မဖြစ်မနေ ထပ်ပေးကြရပါတယ်။ ဒါကြောင့် ကမ္ဘာတလွှားမှာ စားနပ်ရိက္ခာ ဈေးနှုန်း တက်လာပါတယ်။”

ဒါပေမယ့်လည်း စားနပ်ရိက္ခာ ဈေးနှုန်းတွေ ကြီးမြင့်လာနေတာ ၂ နှစ်နီးပါး ရှိနေပါပြီ။ ရာသီဥတု မကောင်းတာကြောင့် ကမ္ဘာ့ စပါးကျီ ဒေသ တချို့မှာ သီးနှံ အထွက် လျော့ပါတယ်။ အရန် ရိက္ခာလည်း လျော့နည်းနေပါတယ်။ ဒီအချက်ကြောင့်ဘဲ ပဋိပက္ခ မစခင် ကတည်းက ဈေးနှုန်းတွေ စံချိန်တင် မြင့်နေတာပါ။

အခုအချိန်မှာ ယူကရိန်းနိုင်ငံတွင်း နောက်ရာသီ စိုက်ပျိုးရေးက မရေမရာ ဖြစ်နေပါတယ်။ လာမယ့် စိုက်ပျိုးရာသီ အတွက် လယ်သမားတွေ အဆင်သင့် ပြင်ရတော့မှာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ လုပ်ကိုင်ဖို့ ခက်ခဲနေပါတယ်။ Cornell တက္ကသိုလ်က စီးပွားရေး ဆိုင်ရာ ပါမောက္ခ Chris Barrett က အခုလို ပြောပါတယ်။

“ လက်ရှိမှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အကြီးအကျယ် အခက်အခဲ ဖြစ်နေပါတယ်။ မျိုးစေ့တွေ ရောက်မလာပါဘူး။ စက်သုံးဆီလည်း ရောက်မလာပါဘူး။ ဓာတ်မြေသြဇာလည်း ရောက်မလာပါဘူး။ ”

ရုရှား လယ်သမားတွေလည်း အလားတူ ရိုက်ခတ်ပါတယ်။ သူတို့ကတော့ ဒဏ်ခတ်ပိတ်ဆို့မှု မခံရပေမယ့် ဘဏ်တွေက ဒဏ်ခတ်ခံထားရပါတယ်။ ဒီအချက်ဟာဆိုရင် ရုရှား လယ်သမားတွေကို ဘဏ္ဍာရေး စနစ်မှာ ပိတ်ဆို့ခံရတာ ဖြစ်ပါတယ်။ တက္ကဆက် A&M တက္ကသိုလ်က စီးပွားရေး ပညာရှင် Mark Welch က အခုလို ပြောပါတယ်။

“ ကောက်ပဲသီးနှံတွေ သဘောင်္တင်လို့ မရနိုင်ဘူးလို့တော့ ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခကြေးငွေ မပေးနိုင်ရင်တော့ သူတို့က သဘောင်္တင်ပါ့မလား။”

ဒါ့အပြင် စွမ်းအင် ဈေးနှုန်းကလည်း သိသိသာသာ တက်လာတာကြောင့် သဘောင်္တင်ခကလည်း ပိုပြီး ဈေးကြီးလာပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိ ပြည်ပ ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ ၆ လတာ အတွင်း တန်ချိန် ၁သန်းကျော်ကို ရောက်ရှိခဲ့ပြီး ဆက်ပြီးလည်း အလားအလာ ကောင်းနေပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းကတော့ နိုင်ငံတွင်း စပါး စိုက်ပျိုးမှုနှုန်းနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်ကို အခုလို ပြောပြပါတယ်။

“ ကျနော်တို့ မှာ ရှိတဲ့ စာရင်းဇယားတွေကလည်း တအားကြီး ခိုင်မာတယ်လို့တော့ ပြောလို့ မရဘူးပေါ့နော်။ သို့သော်လည်းဘဲ ပြီးခဲ့တဲ့ အပတ် ဒီ UMFCCI မှာပေါ့နော် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အပါအဝင်ပေါ့နော် ဒီ UMFCCI ဥက္ကဌ ၊ နောက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ ညီနောင် အသင်းတွေ အပါအဝင် ကျနော်တို့က အစည်းအဝေး တခုတော့ လုပ်ခဲ့တယ်။ အဲဒီမှာတော့ စိုက်ပျိုးရေး ဦးစီးဌာန မြေစာရင်း ဦးစီးဌာန အနေနဲ့ တင်ပြခဲ့တာပေါ့နော်။ သူတို့ အနေနဲ့ စိုက်တဲ့ဟာတော့ အကြမ်းဖျဉ်းကတော့ ၁၇ သန်းပေါ့ သူက စိုက်ခဲ့တယ်။ အဲဒီမှာ စိုက်ဧက အရ ပြောရင်တော့ ၅ သိန်းကျော် ၆ သိန်းလောက် လျော့တယ်ပေါ့နော်။ ပြောရရင်တော့ ပမာဏ ၁၇ သန်းနဲ့ နှိုင်းယှဉ်ရင်တော့ နွေစပါး မိုးစပါး နှိုင်းယှဉ်ရင်တော့ ပမာဏတော့ အများကြီး လျော့ကျတာတော့ မရှိဘူး ဆိုပြီး သူက ပြောထားတာ ရှိပါတယ်။ သူတင်ပြတဲ့ စာရင်းဇယား အရ ဆိုရင်တော့ ပြည်တွင်းမှာ စားရေရိက္ခာဖူလုံတယ်။ ဆန်တန်ချိန် ၂ သန်းနဲ့ ၃ သန်းကြား ပိုလျှံတယ်လို့ သူကတော့ ပြီးခဲ့တဲ့ သီတင်းပတ် မြေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တင်ပြတာ ရှိပါတယ်။ ”

ဥရောပ အာရှ စီးပွားရေး သမဂ္ဂ EAEU နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးနိုင်ဖို့ မြန်မာဘက်က ဆွေးနွေးနေကြောင်း စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ သတင်းထုတ်ပြန်ပါတယ်။ အဖွဲ့ဝင် ၅ နိုင်ငံပါ EAEU ဥရောပ အာရှ စီးပွားရေး သမဂ္ဂမှာတော့ ရုရှား၊ ဘဲလားရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်နဲ့ ကာဂျစ်စတန်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒီအဖွဲ့ဝင် နိုင်ငံတွေထဲကမှ ရုရှား၊ ဘဲလားရုစ်တို့နဲ့ မြန်မာနိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြောင်းလည်း ဖော်ပြပါတယ်။ မြန်မာဘက်က လိုအပ်နေတဲ့ ဓာတ်မြေသြဇာနဲ့ ရေနံထွက်ပစ္စည်းတွေ၊ လယ်ယာသုံး စက်ကိရိယာတွေ တင်သွင်းနိုင်ရေးကိုလည်း စစ်ကောင်စီဘက်က တိုက်တွန်းခဲ့ကြောင်း သတင်းက ဖော်ပြပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်း ဓာတ်မြေသြဇာ အဝင်လျော့နေပြီး ဈေးကြီးနေတာပါ။ ဥရောပ အာရှ စီးပွားရေး သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထံက ဓာတ်မြေသြဇာ တင်သွင်းခွင့် အလားအလာကိုတော့ မသိရပါဘူး။

XS
SM
MD
LG