သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ သမ္မတ အာဏာခွဲဝေရေး ကမ်းလှမ်း


သီရိလင်္ကာစစ်သားတဦး
သီရိလင်္ကာစစ်သားတဦး

[[ ZAWGYI / UNICODE ]]

သီရိလင်္ကာ သမ္မတ အာဏာခွဲဝေရေး ကမ်းလှမ်း

သီရိလင်္ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံး နှုတ်ထွက်သွားပြီးနောက် ၊ အတိုက်အခံတွေနဲ့ အာဏာခွဲဝေ အုပ်ချုပ်သွားမယ်လို့ သမ္မတ Gotabaya Rajapaksa က တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

စားနပ်ရိက္ခာ လောင်စာဆီနဲ့ ဆေးဝါး ပြတ်တောက်မှုတွေ ဆိုးလာနေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတ နှုတ်ထွက်ပေးဖို့ ဆန့်ကျင်ဆန္ဒပြမှုတွေ တိုးလာနေချိန်မှာပဲ သမ္မတ Rajapaksa ရဲ့ ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။ အာဏာရပါတီ အနေနဲ့ သူ့ နိုင်ငံရေးကို ကျားကန်နိုင်ဖို့ ဒီလိုလုပ်တာလို့လည်း သုံးသပ်ကြပါတယ်။

ပါလီမန်ထဲက နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရအဖွဲ့ဝင် ရာထူးတွေကို ခွဲယူကြပြီး နိုင်ငံ့အကျပ်အတည်းကို အတူတကွလက်တွဲ ဖြေရှင်းကြပါစို့လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ နိုင်ငံတဝှမ်း မြို့ရွာတွေမှာ ဆန့်ကျင်ဆန္ဒပြမှု တိုးလာချိန်မှာ တိုင်းပြည်ရဲ့နက်ရှိုင်းလာတဲ့ ပြဿနာကို ဒီမိုကရေစီဘောင်အတွင်းက အတူတကွ ဖြေရှင်းသွားကြဖို့ကို အလေးထား ပြောထားတာပါ။

သမ္မတနဲ့ သူ့အစ်ကို ဝန်ကြီးချုပ်ကလွဲလို့ သီရိလင်္ကာအစိုးရအဖွဲ့ဝင် (၂၆)ဦး တနင်္ဂနွေညပိုင်းက နှုတ်ထွက်သွားကြပြီးနောက် ၊ ဗဟိုဘဏ်ဥက္ကဌ Ajith Cabraal လည်း တနင်္လာနေ့မှာ နှုတ်ထွက်သွားပါတယ်။ လူဦးရေ (၂၂)သန်းကျော်ရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေညနေက နိုင်ငံတဝှမ်း ဆန္ဒပြခဲ့ကြပြီး ၊ Rajapaksa ရဲ့ ပြသနာ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ရှုတ်ချခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = =

{{ UNICODE }}






XS
SM
MD
LG