သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သီရိလကၤာ အစိုးရအဖဲြ႔ ဝန္ႀကီးအားလံုး ႏုတ္ထြက္


ကိုလံဘုိၿမိဳ႕မွာ သီရိလကၤာအစုိးရကို ဆန္႔က်င္ဆႏၵျပေနတဲ့ အတုိက္အခံ အင္အားစုမ်ား။ (ဧၿပီ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

သီရိလကၤာႏိုင္ငံမွာ ႀကီးထြားလာေနတဲ့ စီးပြားေရး အက်ပ္အတည္းကို ေျဖရွင္းဖို႔ ႀကဳိးပမ္းေနခ်ိန္ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြကို ရပ္တန္႔ဖို႔အတြက္ လူမႈကြန္ရက္ မီဒီယာေတြကို အေမွာင္ခ်ထားခ်ိန္မွာပဲ သမၼတနဲ႔ သူ႔ရဲ႕အစ္ကို ဝန္ႀကီးခ်ဳပ္တို႔ကလဲြၿပီး က်န္အစိုးရအဖြဲ႔ဝင္ အားလုံး တနဂၤေႏြေန႔က ႏုတ္ထြက္သြားပါတယ္။

သီရိလကၤာႏိုင္ငံဟာ ၁၉၄၈ ၿဗိတိသွ်လက္ေအာက္က လြတ္လပ္ေရး ရခဲ့ခ်ိန္ကစလို႔ အထိအနာဆုံး ေငြေၾကးေဖာင္းပြမႈ၊ ေလာင္စာျပတ္ေတာက္မႈတို႔နဲ႔အတူ စားေသာက္ကုန္နဲ႔ အျခား အေရးႀကီးကုန္ပစၥည္းေတြ ရွားပါးမႈကိုပါ ဆိုးဆိုးရြားရြား ႀကဳံေတြ႔ေနရခ်ိန္လည္း ျဖစ္ပါတယ္။

သမၼတ Gotabaya Rajapaksa နဲ႔ သူ႔အစ္ကို ဝန္ႀကီးခ်ဳပ္ Mahinda Rajapaksa တို႔မွအပ အစိုးရအဖြဲ႔ဝင္ က်န္ဝန္ႀကီး ၂၆ ဦးစလုံး ႏုတ္ထြက္စာ တင္သြင္းခဲ့ၾကတာ ျဖစ္တယ္လို႔ ပညာေရးဝန္ႀကီး Dinesh Gunawardena က သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

ဒီလုပ္ရပ္ေၾကာင့္ သမၼတအေနနဲ႔ တနလၤာေန႔က်ရင္ အစိုးရသစ္တရပ္ ျပန္လည္ဖြဲ႔စည္းႏိုင္မွာျဖစ္ၿပီး အခု ႏုတ္ထြက္သြားတဲ့ ဝန္ႀကီးေတြထဲက တခ်ဳိ႕လည္း အစိုးရသစ္မွာ ျပန္လည္ပါဝင္လာဖြယ္ ရွိပါတယ္။

ဒီလို ႏုတ္ထြက္မႈဟာ ကိုလံဘိုၿမိဳ႕ေတာ္ရွိ သမၼတအိမ္ေတာ္ကို ဆႏၵျပသမားေတြ ဝိုင္းခဲ့ၾကလို႔ အေရးေပၚေၾကညာခ်က္ ထုတ္ျပန္ထားခ်ိန္ တႏိုင္ငံလုံး ကာဖ်ဴးအမိန္႔ကို တနဂၤေႏြမနက္ထိ ထုတ္ျပန္ထားခ်ိန္မွာ ျဖစ္ေပၚလာတာပါ။

သမၼတ Rajapaksa အေနနဲ႔ သူ႔ရဲ႕ အာဏာျပ အုပ္ခ်ဳပ္မႈကို ျပည္သူေတြက ဆက္ၿပီး လက္မခံေတာ့ဘူး ဆိုတာကို နားလည္ သေဘာေပါက္သင့္ၿပီလို႔ အဓိက အတိုက္အခံပါတီ SJB ရဲ႕အမတ္ Harsh de Silva က AFP သတင္းဌာကို ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

သီရိလင်္ကာ အစိုးရအဖွဲ့ ဝန်ကြီးအားလုံး နုတ်ထွက်

သီရိလင်္ကာနိုင်ငံမှာ ကြီးထွားလာနေတဲ့ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းနေချိန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့အတွက် လူမှုကွန်ရက် မီဒီယာတွေကို အမှောင်ချထားချိန်မှာပဲ သမ္မတနဲ့ သူ့ရဲ့အစ်ကို ဝန်ကြီးချုပ်တို့ကလွဲပြီး ကျန်အစိုးရအဖွဲ့ဝင် အားလုံး တနင်္ဂနွေနေ့က နုတ်ထွက်သွားပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ဗြိတိသျှလက်အောက်က လွတ်လပ်ရေး ရခဲ့ချိန်ကစလို့ အထိအနာဆုံး ငွေကြေးဖောင်းပွမှု၊ လောင်စာပြတ်တောက်မှုတို့နဲ့အတူ စားသောက်ကုန်နဲ့ အခြား အရေးကြီးကုန်ပစ္စည်းတွေ ရှားပါးမှုကိုပါ ဆိုးဆိုးရွားရွား ကြုံတွေ့နေရချိန်လည်း ဖြစ်ပါတယ်။

သမ္မတ Gotabaya Rajapaksa နဲ့ သူ့အစ်ကို ဝန်ကြီးချုပ် Mahinda Rajapaksa တို့မှအပ အစိုးရအဖွဲ့ဝင် ကျန်ဝန်ကြီး ၂၆ ဦးစလုံး နုတ်ထွက်စာ တင်သွင်းခဲ့ကြတာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး Dinesh Gunawardena က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒီလုပ်ရပ်ကြောင့် သမ္မတအနေနဲ့ တနင်္လာနေ့ကျရင် အစိုးရသစ်တရပ် ပြန်လည်ဖွဲ့စည်းနိုင်မှာဖြစ်ပြီး အခု နုတ်ထွက်သွားတဲ့ ဝန်ကြီးတွေထဲက တချို့လည်း အစိုးရသစ်မှာ ပြန်လည်ပါဝင်လာဖွယ် ရှိပါတယ်။

ဒီလို နုတ်ထွက်မှုဟာ ကိုလံဘိုမြို့တော်ရှိ သမ္မတအိမ်တော်ကို ဆန္ဒပြသမားတွေ ဝိုင်းခဲ့ကြလို့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားချိန် တနိုင်ငံလုံး ကာဖျူးအမိန့်ကို တနင်္ဂနွေမနက်ထိ ထုတ်ပြန်ထားချိန်မှာ ဖြစ်ပေါ်လာတာပါ။

သမ္မတ Rajapaksa အနေနဲ့ သူ့ရဲ့ အာဏာပြ အုပ်ချုပ်မှုကို ပြည်သူတွေက ဆက်ပြီး လက်မခံတော့ဘူး ဆိုတာကို နားလည် သဘောပေါက်သင့်ပြီလို့ အဓိက အတိုက်အခံပါတီ SJB ရဲ့အမတ် Harsh de Silva က AFP သတင်းဌာကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG