သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Police Special Task Force officers try to stop demonstrators during a protest against the rising living costs, outside President Gotabaya Rajapaksa's seafront office in Colombo, Sri Lanka.



{{Zawgyi/Unicode}}




တိုက်ရိုက် လင့်ခ်

...........................................................

သီရိလင်္ကာမှာ လူထုအုံကြွမှုတွေကြောင့် အရေးပေါ်အခြေအနေကြေညာ

{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံမှာ မကြုံဖူးလောက်အောင် စီးပွားရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် မကျေနပ်ကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ သမ္မတအိမ်ကို အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့အထိ ဖြစ်ခဲ့ပြီး နောက်တနေ့ သောကြာနေ့မှာပဲ သမ္မတက နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

သမ္မတ ရာထူးကထွက်ပေးဖို့ ဆန္ဒပြနေသူတွေကို တရားရုံးအမိန့်မပါပဲ ဖမ်းဆီးထိန်းသိမ်းခွင့် ပေးလိုက်တဲ့ အရေးပေါ်အမိန့် ထုတ်ပြန်ရာမှာတော့ လူထု့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေနဲ့ နေ့စဉ်ဘဝတွေရဲ့ မရှိမဖြစ်လိုအပ်တာတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း သမ္မတ Gotabaya Rajapaksa ကပြောဆိုခဲ့ပါတယ်။

မြို့တော် ကိုလံဘို အပါအဝင် နိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ညအချိန် အိမ်ပြင်မထွက်ရအမိန့်ကို ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြန်လည်ပြဌာန်းထားပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ မရှိမဖြစ် နေ့စဉ်သုံး ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး၊ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက် လျှပ်စစ်ဓါတ်အားတွေလည်း ပြတ်တောက်နေပြီး၊ ၁၉၄၈ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လူထုကြား မကျေနပ်မှုတွေ ပေါ်ပေါက်နောတ ဖြစ်ပါတယ်။

XS
SM
MD
LG