သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါးပတ်လမ်း အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး သီရီလင်္ကာသွားရောက်


သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ တည်ဆောက်နေတဲ့ စီမံကိန်းတခုကို သွားရောက်ကြည့်ရှုတဲ့ သီရိလင်္ကာသမ္မတ Gotabaya Rajapaksa (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi. (ဇန်နဝါရီ ၉၊ ၂၀၂၂)
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ တည်ဆောက်နေတဲ့ စီမံကိန်းတခုကို သွားရောက်ကြည့်ရှုတဲ့ သီရိလင်္ကာသမ္မတ Gotabaya Rajapaksa (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi. (ဇန်နဝါရီ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

တရုတ်နိုင်ငံက အစပျိုး ဆောင်ရွက်နေတဲ့ OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ သီရိလင်္ကာနိုင်ငံနဲ့ ပတ်သက်တဲ့ အပိုင်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ တနင်္ဂနွေနေ့က သီရိလင်္ကာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

တရုတ်ရဲ့ချေးငွေနဲ့ အခြေခံလိုအပ်ချက်တွေ တည်ဆောက်နေတဲ့ သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားငွေကြေးနဲ့ အကြွေးထောင်ချောက်ထဲကနေ ပြန်ရုန်းထဖို့ ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း မစ္စတာ Wang Yi ဟာ သီရိလင်္ကာသမ္မတ Gotabaya Rajapaksa၊ ဝန်ကြီးချုပ် Mahinda Rajapaksa တို့နဲ့ တွေ့ဆုံပါတယ်။ သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း အဆိုးဝါးဆုံး ကြုံနေရချိန် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံအထိ ကျဆင်းနေချိန်မှာ Wang Yi ရဲ့ခရီးစဉ် ပေါ်လာတာပါ။

၂၀၂၂ ခုနှစ်ထဲမှာ သီရိလင်္ကာရဲ့ ကြွေးမြီက ဒေါ်လာ ၇ ဘီလျံကျော်ထိ ရှိလာမှာဖြစ်ပြီး အဲဒီထဲမှာ ဇန်နဝါရီလထဲ ပြန်ပေးရမယ့် ဒေါ်လာသန်း ၅၀၀ တန် ငွေချေးစာချုပ်နဲ့ ဇူလိုင်လထဲ ပေးရမယ့် ၁ ဘီလျံ အကြွေးတွေ ပါဝင်နေပါတယ်။

သီရိလင်္ကာတောင်ပိုင်း Hambantota မှာ ပင်လယ်ဆိပ်ကမ်းတခုနဲ့ လေယာဉ်ကွင်းတခု တည်ဆောက်ဖို့ တရုတ်ဆီက ငွေချေးထားတာပါ။ ဒါ့အပြင် နိုင်ငံကို ပတ်ထားတဲ့ လမ်းမရှည်ကြီးတခု တည်ဆောက်ဖို့ ပါဝင်ပေမယ့် အဲဒီစီမံကိန်းကနေ ဝင်ငွေပြန်ရမယ့် အခြေအနေ မရှိပါဘူး။

စည်းမျည်းသတ်မှတ်ချက်အတိုင်း ပြောရင် သီရိလင်္ကာနိုင်ငံဟာ ဒေဝါလီခံနေပြီလို့ Point Pedro Institute က သုတေသီ Muttukrishna Sarvananthan က ပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာ နေ့စဉ် အခြေခံစားနပ်ရိက္ခာ ဝယ်ယူဖို့ လူတန်းရှည်ကြီးဟာ ဆိုင်တွေရှေ့ စောင့်ဆိုင်းနေရပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG