သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမန်တော်မိုဟာမက်ကို စော်ကားမှု စွပ်စွဲချက်နဲ့ သီရိလင်္ကာအမျိုးသားတဦး ပါကစ္စတန်မှာ အသတ်ခံရ


Police officers stand guard at the site where a Sri Lankan citizen was lynched by Muslim mob outside a factory in Sialkot, Pakistan, Dec. 3, 2021.

တမန်တော်မိုဟာမက်ကို စော်ကားမှု စွပ်စွဲချက်နဲ့ သီရိလင်္ကာအမျိုးသားတဦး ပါကစ္စတန်မှာ အသတ်ခံရ

{{Zawgyi/Unicode}}

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ထဲမှာ ဒေါသထွက်နေတဲ့ မွတ်ဆလင်လူအုပ်ကြီးဟာ သီရိလင်္ကာနိုင်ငံသား စက်ရုံမန်နေဂျာတဦးကို တမန်တော်မိုဟာမက်ကို စော်ကားပြော ဆိုတယ်ဆိုကာ သောကြာနေ့တုန်းက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့ပြီး အလောင်းကိုမီးရှို့ ခဲ့ကြပါတယ်။

အသတ်ခံခဲ့ရသူဟာ ပန်ဂျပ်ပြည်နယ်ထဲက စီအယ်ကုတ် Sialkot မြို့က အာကစားပစ္စည်း စက်ရုံတရုံမှာ ပို့ကုန်ဌာနမန်နေဂျာအဖြစ်လုပ်ကိုင်နေတဲ့ သီရိင်္လာကာနိုင်ငံသား ပရိုင်ရန်သာ ကုမာရ Priyantha Kumara ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောဆိုခဲ့ပါတယ်။

သူနဲ့အတူတွဲဖက်အလုပ်လုပ်ကိုင်တဲ့ အခြားအလုပ်သမားတဦးက သူဟာတမန်တော်မိုဟာ မက်ကိုစော်ကားပြောဆိုပြီး၊ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ပိုစတာတခုကို ဖယ်ရှားပစ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး၊ အစ္စလာမ်ဘာသာကိုစော်ကား တယ်ဆိုပြီးအခြားအလုပ်သမား တွေကိုပြောဆိုခဲ့ပါတယ်။

မကြာမီဘဲလူအုပ်ကြီးစုရုံးလာပြီး သီရိလင်္ကာနိုင်ငံသား Kumara ကုမာရ ကိုစက်ရုံထဲမှာဘဲ ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံရဲအရာရှိက ပြောပါတယ်။

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ Kumara ရဲ့ ရုပ်အလောင်းကိုစစ်ဆေးဖို့ ဆေးရုံပို့ခဲ့ပြီး၊ ဒီကိစ္စ နဲပတ်သက်လို့ အထူးစုံစမ်းမှုတွေလုပ်နေတယ်လို့ ရဲအရာရှိကပြောပါတယ်။ လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ ဒီကိစ္စမှာပါဝင် ပတ်သက်တယ်လို့ သံသယရှိတဲ့ လူ ၁၀၀ လောက်ကိုလည်း အရေးယူဖို့လုပ်နေတယ်လို့ရဲအရာရှိတွေကပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကတော့ အလွန်ဆိုးဝါးတဲ့တိုက်ခိုက်မှုဖြစ်ပြီး၊ ပါကစ္စတန်အတွက်အရှက်ရစေတဲ့နေ့တနေ့ဖြစ်တယ်လို့ပြောဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ တမန်တော်မိုဟာမက်ကိုဖြစ်စေ၊ အစ္စလာမ် ဘာသာကိုဖြစ်စေ စော်ကား တယ်ဆိုရင် သေဒါဏ်ပေးလေ့ရှိပါတယ်။ အစ္စလာမ်ဘာသာကို စော်ကားမှု စွပ်စွဲချက်နဲ့ လူစုလူဝေးနဲ့ ရိုက်နှက်သတ်ဖြတ်တာတွေလည်း မကြာခနကြုံရလေ့ ရှိပေမဲ့ နိုင်ငံခြားသားကို သတ်ဖြတ်တာမျိုးကတော့ ကြုံရခဲပါတယ်။

..................................

တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG