သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘာသာေရးေစာ္ကားမႈ စဲြဆိုခံရသူ ထုတ္မေပးတဲ႔ ပါကစၥတန္ ရဲစခန္း မီးရိႈ႕ခံရ 


(Zawgyi / Unicode)

ပါကစၥတန္ ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ေဒသက ရဲစခန္း တခုမွာ ဘာသာေရး ထိပါးေစာ္ကားမႈ စြပ္စြဲခ်က္နဲ႔ ဖမ္းထားတဲ႔ စိတ္မမွန္သူ တဦးကို ဆြဲထုတ္ သတ္ျဖတ္ဖို႔ ရည္ရြယ္ၿပီး ညအခ်ိန္ ရဲစခန္းကို အုပ္စုဖြဲ႔ တိုက္ခိုက္မႈနဲ႔ ဆက္စပ္ၿပီး လူ ၃၀ ေလာက္ ဖမ္းထားေၾကာင္း အာဏာပိုင္တို႔က တနလာၤေန႔မွာ ေျပာပါတယ္။

ခိုက္ဘာ ပသြန္ခြါ ျပည္နယ္ Charsadda ခ႐ိုင္တြင္းက ရဲစခန္းကို တနဂၤေႏြေန႔ ညေနပိုင္းမွာ ေထာင္နဲ႔ခ်ီတဲ႔ ဆႏၵျပသူေတြက တိုက္ခိုက္ခဲ႔ၾကေၾကာင္း မ်က္ျမင္ေတြ႕သူေတြနဲ႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဘာသာေရး ေစာ္ကားသူလို႔ စြပ္စြဲဖမ္းဆီးထားသူေတြကို ရဲတပ္ဖြဲ႔က ထုတ္မေပးတဲ႔ အခါမွာ ရဲစခန္း အပါအ၀င္ အနီးက လံုျခံဳေရး စခန္းေတြကိုပါ မီးရိႈ႕ခဲ႔ၾကတယ္လို႔လည္း ေျပာပါတယ္။

ကိုရမ္ က်မ္းစာအုပ္ကို မီးရိႈ႕တဲ႔ အမ်ိဳးသားကို လူေတြက ဖမ္းၿပီး ရဲစခန္းကို ပို႔ခဲ႔တာပါ။ ေနာက္ပိုင္းမွာေတာ့ လူတခ်ိဳ႕ ျပန္လာၿပီး အဲဒီ အမ်ိဳးသားကို ျပန္ေပးဖို႔ ရဲကို ေတာင္းတာမွာ သူ႔ကို အမႈစြဲထားၿပီး ျဖစ္တာေၾကာင့္ လႊဲမေပးႏိုင္ဘူးလို႔ ရဲတပ္ဖြဲ႔က ျငင္းဆိုခဲ႔တာ ျဖစ္ေၾကာင္း ေဒသခံ Mir Huzaifa က ေျပာသြားတာပါ။

လူအုပ္နဲ႔ တိုက္ခိုက္ခံရတာေၾကာင့္ ရဲတပ္ဖြဲ႔၀င္ေတြလည္း ရဲစခန္းကို စြန္႔ၿပီး ဖမ္းထားသူနဲ႔ အတူ ေဘးလြတ္ရာကို ေရွာင္ခဲ႔ရေၾကာင္း ခ႐ိုင္ ရဲခ်ဳပ္ Asif Bahadur Khan က သတင္းေထာက္ေတြကို တနလာၤေန႔မွာ ေျပာပါတယ္။ ရဲစခန္း မီးေလာင္ေနတဲ႔ ဗီဒီယို တခုလည္း လူမႈကြန္ရက္မီဒီယာမွာ ပ်ံ႕ေနပါတယ္။

ဖမ္းထားသူကို စံုစမ္းစစ္ေဆးေနေၾကာင္း ရဲခ်ဳပ္က ေျပာေပမယ့္လည္း အေသးစိတ္ မေျပာပါဘူး။ ေဒသတြင္းမွာေတာ့ တင္းမာေနဆဲ ျဖစ္ၿပီး မၿငိမ္မသက္ ထပ္မျဖစ္ေရး အတြက္ ရဲတပ္ဖြဲ႔ အင္အား တိုးျမႇင့္ ခ်ထားေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဘာသာရေးစော်ကားမှု စွဲဆိုခံရသူ ထုတ်မပေးတဲ့ ပါကစ္စတန် ရဲစခန်း မီးရှို့ခံရ

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသက ရဲစခန်း တခုမှာ ဘာသာရေး ထိပါးစော်ကားမှု စွပ်စွဲချက်နဲ့ ဖမ်းထားတဲ့ စိတ်မမှန်သူ တဦးကို ဆွဲထုတ် သတ်ဖြတ်ဖို့ ရည်ရွယ်ပြီး ညအချိန် ရဲစခန်းကို အုပ်စုဖွဲ့ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူ ၃၀ လောက် ဖမ်းထားကြောင်း အာဏာပိုင်တို့က တနလာၤနေ့မှာ ပြောပါတယ်။

ခိုက်ဘာ ပသွန်ခွါ ပြည်နယ် Charsadda ခရိုင်တွင်းက ရဲစခန်းကို တနင်္ဂနွေနေ့ ညနေပိုင်းမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့ကြကြောင်း မျက်မြင်တွေ့သူတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘာသာရေး စော်ကားသူလို့ စွပ်စွဲဖမ်းဆီးထားသူတွေကို ရဲတပ်ဖွဲ့က ထုတ်မပေးတဲ့ အခါမှာ ရဲစခန်း အပါအဝင် အနီးက လုံခြုံရေး စခန်းတွေကိုပါ မီးရှို့ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ကိုရမ် ကျမ်းစာအုပ်ကို မီးရှို့တဲ့ အမျိုးသားကို လူတွေက ဖမ်းပြီး ရဲစခန်းကို ပို့ခဲ့တာပါ။ နောက်ပိုင်းမှာတော့ လူတချို့ ပြန်လာပြီး အဲဒီ အမျိုးသားကို ပြန်ပေးဖို့ ရဲကို တောင်းတာမှာ သူ့ကို အမှုစွဲထားပြီး ဖြစ်တာကြောင့် လွှဲမပေးနိုင်ဘူးလို့ ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့တာ ဖြစ်ကြောင်း ဒေသခံ Mir Huzaifa က ပြောသွားတာပါ။

လူအုပ်နဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေလည်း ရဲစခန်းကို စွန့်ပြီး ဖမ်းထားသူနဲ့ အတူ ဘေးလွတ်ရာကို ရှောင်ခဲ့ရကြောင်း ခရိုင် ရဲချုပ် Asif Bahadur Khan က သတင်းထောက်တွေကို တနလာၤနေ့မှာ ပြောပါတယ်။ ရဲစခန်း မီးလောင်နေတဲ့ ဗီဒီယို တခုလည်း လူမှုကွန်ရက်မီဒီယာမှာ ပျံ့နေပါတယ်။

ဖမ်းထားသူကို စုံစမ်းစစ်ဆေးနေကြောင်း ရဲချုပ်က ပြောပေမယ့်လည်း အသေးစိတ် မပြောပါဘူး။ ဒေသတွင်းမှာတော့ တင်းမာနေဆဲ ဖြစ်ပြီး မငြိမ်မသက် ထပ်မဖြစ်ရေး အတွက် ရဲတပ်ဖွဲ့ အင်အား တိုးမြှင့် ချထားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG