သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဓမၼျပဳက်င့္မႈ က်ဳးလြန္သူကို သင္းကြပ္မည္႔ ဥပေဒ ပါကစၥတန္ အတည္ျပဳ


[[ Zawgyi ]]

အဓမၼျပဳက်င့္မႈ က်ဳးလြန္သူကို သင္းကြပ္မည္႔ ဥပေဒ ပါကစၥတန္ အတည္ျပဳ

ပါကစၥတန္ႏိုင္ငံမွာ အဓမၼျပဳက်င့္မႈ က်ဳးလြန္သူေတြကို ဓာတုနည္းနဲ႔ သင္းကြပ္တာ အပါအ၀င္ ျပင္းထန္တဲ့ အျပစ္ေပးဖို႔နဲ႔ အမႈေတြကို ျမန္ျမန္ဆန္ဆန္ စီရင္ဖို႔ ဥပေဒတရပ္ကို ဗုဒၶဟူးေန႔မွာပဲ လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။ မၾကာေသးခင္ကစလို႔ အမ်ဳိးသမီးနဲ႔ ကေလးေတြအေပၚ အဓမၼျပဳက်င့္မႈေတြ တိုးလာေနရာက ထိထိေရာက္ေရာက္ အေရးယူဖို႔ ေတာင္းဆိုမႈေတြ ထြက္ေပၚလာရာက လႊတ္ေတာ္က ဥပေဒကို အတည္ျပဳလိုက္တာပါ။

ဥပေဒသစ္အရ အဓမၼျပဳက်င့္မႈ စြဲခ်က္ေတြနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြကို ဆုံးျဖတ္စီရင္ဖို႔၊ ျဖစ္ႏိုင္ရင္ ၄ လေလာက္အတြင္း ျမန္ျမန္ဆန္ဆန္ စီရင္ႏိုင္ေအာင္ ႏိုင္ငံတလႊား အစိုးရက အထူးခုံ႐ုံးေတြ စီစဥ္ေပးရမွာ ျဖစ္ပါတယ္။ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ က်ဳးလြန္သူေတြကိုလည္း ႏိုင္ငံေတာ္အခ်က္အလက္ မွတ္တမ္းတင္ဌာနရဲ႕ အကူအညီနဲ႔ မွတ္ပုံတင္ စာရင္းသြင္းထားမွာပါ။

ေစာ္ကားခံရသူေတြရဲ႕ ကိုယ္ေရး အခ်က္အလက္ေတြကို အကာအကြယ္ေပးထားၿပီး၊ နာရီပိုင္းအတြင္း ေဆးစစ္ခ်က္ ယူႏိုင္ေအာင္ အထူးေနရာေတြကို ဖန္တီးေပးဖို႔လည္း ဥပေဒမွာ ထည့္သြင္းထားပါတယ္။ အုပ္စုလိုက္ အဓမၼျပဳက်င့္သူေတြကိုေတာ့ ေသဒဏ္၊ ဒါမွမဟုတ္ တသက္တကၽြန္း အျပစ္ေပးမွာျဖစ္ၿပီး၊ တႀကိမ္မက က်ဳးလြန္သူေတြကိုေတာ့ ဓာတုနည္းနဲ႔ သင္းကြပ္မွာ ျဖစ္ပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ အဓမၼျပဳက်င့္သူေတြနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြရဲ႕ ၄ ရာခိုင္ႏႈန္းေလာက္သာ အေရးယူအျပစ္ေပးခံရေၾကာင္းလည္း ေ၀ဖန္သူေတြက ေျပာဆိုထားၾကပါတယ္။ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ဥပေဒသစ္ကို ႀကိဳဆိုလိုက္ေပမဲ့ ရဲတပ္ဖဲြ႕ရဲ႕ လုပ္ငန္းေတြ တိုးတက္ဖို႔နဲ႔ ေစာ္ကားခံရသူေတြ တရားမွ်တမႈရေအာင္ လက္ေတြ႕ထိထိေရာက္ေရာက္ ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

အဓမ္မပြုကျင့်မှု ကျုးလွန်သူကို သင်းကွပ်မည့် ဥပဒေ ပါကစ္စတန် အတည်ပြု

ပါကစ္စတန်နိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျုးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်တာ အပါအဝင် ပြင်းထန်တဲ့ အပြစ်ပေးဖို့နဲ့ အမှုတွေကို မြန်မြန်ဆန်ဆန် စီရင်ဖို့ ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ မကြာသေးခင်ကစလို့ အမျိုးသမီးနဲ့ ကလေးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ တိုးလာနေရာက ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာရာက လွှတ်တော်က ဥပဒေကို အတည်ပြုလိုက်တာပါ။

ဥပဒေသစ်အရ အဓမ္မပြုကျင့်မှု စွဲချက်တွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဆုံးဖြတ်စီရင်ဖို့၊ ဖြစ်နိုင်ရင် ၄ လလောက်အတွင်း မြန်မြန်ဆန်ဆန် စီရင်နိုင်အောင် နိုင်ငံတလွှား အစိုးရက အထူးခုံရုံးတွေ စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျုးလွန်သူတွေကိုလည်း နိုင်ငံတော်အချက်အလက် မှတ်တမ်းတင်ဌာနရဲ့ အကူအညီနဲ့ မှတ်ပုံတင် စာရင်းသွင်းထားမှာပါ။

စော်ကားခံရသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အကာအကွယ်ပေးထားပြီး၊ နာရီပိုင်းအတွင်း ဆေးစစ်ချက် ယူနိုင်အောင် အထူးနေရာတွေကို ဖန်တီးပေးဖို့လည်း ဥပဒေမှာ ထည့်သွင်းထားပါတယ်။ အုပ်စုလိုက် အဓမ္မပြုကျင့်သူတွေကိုတော့ သေဒဏ်၊ ဒါမှမဟုတ် တသက်တကျွန်း အပြစ်ပေးမှာဖြစ်ပြီး၊ တကြိမ်မက ကျုးလွန်သူတွေကိုတော့ ဓာတုနည်းနဲ့ သင်းကွပ်မှာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အဓမ္မပြုကျင့်သူတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရဲ့ ၄ ရာခိုင်နှုန်းလောက်သာ အရေးယူအပြစ်ပေးခံရကြောင်းလည်း ဝေဖန်သူတွေက ပြောဆိုထားကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဥပဒေသစ်ကို ကြိုဆိုလိုက်ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ တိုးတက်ဖို့နဲ့ စော်ကားခံရသူတွေ တရားမျှတမှုရအောင် လက်တွေ့ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG