သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ေျမကို သံုးၿပီး ပါကစၥတန္ကို တိုက္ခိုက္ျခင္းမရွိေစဖို႔ တာလီဘန္ကတိျပဳ 


(Zawgyi/ Unicode)

ပါကစၥတန္ ႏိုင္ငံထဲ အၾကမ္းဖက္ ဝါဒီ လႈပ္ရွားမႈေတြကို တားဆီးႏိုင္ေရး အတြက္ အာဖဂန္နဲ႔ ပါကစၥတန္ နယ္စပ္ ျဖတ္သန္းမႈမွာ လိုအပ္သလို ေဆာင္ရြက္မႈေတြ အပါအ၀င္ ႏွစ္ႏိုင္ငံ လံုျခံဳေရး ပူးေပါင္းေဆာင္ရြက္ေရး ပါကစၥတန္နဲ႔ ေဆြးေႏြးထားေၾကာင္း အာဖဂန္ တာလီဘန္က တနလာၤေန႔မွာ ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ သတင္းပတ္ကုန္ အတြင္း ပါကစၥတန္ အစိုးရရဲ႕ ကိုယ္စားလွယ္ အဖြဲ႔ ကာဘူးလ္ကို ေဆြးေႏြးဖို႔ ေရာက္လာေၾကာင္း တာလီဘန္ ေျပာခြင့္ရ Zabihullah Mujahid က သတင္းေထာက္ေတြကို ေျပာပါတယ္။

ပါကစၥတန္ ေထာက္လွမ္းေရး ဌာန အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Faiz Hameed က ပါကစၥတန္ ကိုယ္စားလွယ္ အဖြဲ႔ကို ဦးေဆာင္ခဲ႔တာပါ။

အာဖဂန္နစၥတန္ကို တာလီဘန္တို႔ ထိန္းခ်ဳပ္ထားတဲ႔ အေတာအတြင္း အက်ဥ္းေထာင္ေဖာက္ ထြက္ေျပးမႈေတြနဲ႔ ပါကစၥတန္တြင္း စစ္ေသြးႂကြ တိုက္ခိုက္မႈေတြမွာ ပတ္သက္တဲ႔ အက်ဥ္းသား ရာခ်ီ လြတ္ေျမာက္မႈေတြနဲ႔ ပတ္သက္ၿပီး ပါကစၥတန္ ကိုယ္စားလွယ္ေတြက စိုးရိမ္ေၾကာင္း ေျပာဆိုခဲ႔တယ္လို႔ တာလီဘန္ ေျပာခြင့္ရ Mujahid က ေျပာပါတယ္။

အာဖဂန္ ပိုင္နက္ ကို အသံုးခ်ၿပီး ပါကစၥတန္ကို တိုက္ခိုက္မႈမ်ိဳးကို ခြင့္ျပဳမွာ မဟုတ္ေၾကာင္း တာလီဘန္ဘက္က အာမခံ ေျပာၾကားခဲ႔ေၾကာင္းလည္း သူက ေျပာပါတယ္။

ပါကစၥတန္ကို တိုက္ခိုက္လိုသူေတြကို စံုစမ္းႏိုင္ေရး အတြက္ နယ္စပ္ ဂိတ္ေတြမွာ လံုျခံဳေရး စနစ္ေတြ ဒါမွမဟုတ္လည္း စစ္ေဆးေရး စနစ္ေတြ ထားရွိမလားဆိုတာကိုလည္း ေဆြးေႏြးခဲ႔ေၾကာင္း၊ ေထာင္ေတြကေန လႊတ္လိုက္ၿပီး ျဖစ္တာေၾကာင့္ ဒီလူေတြနဲ႔ ပတ္သက္ၿပီး မသိေၾကာင္းလည္း တာလီဘန္ ေျပာခြင့္ရက ေျပာပါတယ္။

ဒါေပမယ့္လည္း ပါကစၥတန္ဘက္ကို အလုပ္သြားရွာတဲ႔ ေန႔စားလုပ္သားေတြ၊ ဒုကၡသည္ မိသားစုေတြ၊ လူနာေတြ အပါအ၀င္ အာဖဂန္ ခရီးသြားေတြ အတြက္ နယ္စပ္ဂိတ္ေတြ ပိတ္ပစ္ဖို႔ အတြက္ ဒီအေျခအေနကို အသံုးမခ်ဖို႔ လိုအပ္ေၾကာင္း အာဖဂန္ တာလီဘန္ဘက္က ပါကစၥတန္ကို ေျပာဆိုခဲ႔ေၾကာင္းလည္း တာလီဘန္ ေျပာခြင့္ရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဖဂန်မြေကို သုံးပြီး ပါကစ္စတန်ကို တိုက်ခိုက်ခြင်းမရှိစေဖို့ တာလီဘန်ကတိပြု

ပါကစ္စတန် နိုင်ငံထဲ အကြမ်းဖက် ဝါဒီ လှုပ်ရှားမှုတွေကို တားဆီးနိုင်ရေး အတွက် အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ် ဖြတ်သန်းမှုမှာ လိုအပ်သလို ဆောင်ရွက်မှုတွေ အပါအဝင် နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ပါကစ္စတန်နဲ့ ဆွေးနွေးထားကြောင်း အာဖဂန် တာလီဘန်က တနလာၤနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကုန် အတွင်း ပါကစ္စတန် အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့ ကာဘူးလ်ကို ဆွေးနွေးဖို့ ရောက်လာကြောင်း တာလီဘန် ပြောခွင့်ရ Zabihullah Mujahid က သတင်းထောက်တွေကို ပြောပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေး ဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Faiz Hameed က ပါကစ္စတန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့တာပါ။ အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်ထားတဲ့ အတောအတွင်း အကျဉ်းထောင်ဖောက် ထွက်ပြေးမှုတွေနဲ့ ပါကစ္စတန်တွင်း စစ်သွေးကြွ တိုက်ခိုက်မှုတွေမှာ ပတ်သက်တဲ့ အကျဉ်းသား ရာချီ လွတ်မြောက်မှုတွေနဲ့ ပတ်သက်ပြီး ပါကစ္စတန် ကိုယ်စားလှယ်တွေက စိုးရိမ်ကြောင်း ပြောဆိုခဲ့တယ်လို့ တာလီဘန် ပြောခွင့်ရ Mujahid က ပြောပါတယ်။

အာဖဂန် ပိုင်နက် ကို အသုံးချပြီး ပါကစ္စတန်ကို တိုက်ခိုက်မှုမျိုးကို ခွင့်ပြုမှာ မဟုတ်ကြောင်း တာလီဘန်ဘက်က အာမခံ ပြောကြားခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ပါကစ္စတန်ကို တိုက်ခိုက်လိုသူတွေကို စုံစမ်းနိုင်ရေး အတွက် နယ်စပ် ဂိတ်တွေမှာ လုံခြုံရေး စနစ်တွေ ဒါမှမဟုတ်လည်း စစ်ဆေးရေး စနစ်တွေ ထားရှိမလားဆိုတာကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ ထောင်တွေကနေ လွှတ်လိုက်ပြီး ဖြစ်တာကြောင့် ဒီလူတွေနဲ့ ပတ်သက်ပြီး မသိကြောင်းလည်း တာလီဘန် ပြောခွင့်ရက ပြောပါတယ်။

ဒါပေမယ့်လည်း ပါကစ္စတန်ဘက်ကို အလုပ်သွားရှာတဲ့ နေ့စားလုပ်သားတွေ၊ ဒုက္ခသည် မိသားစုတွေ၊ လူနာတွေ အပါအဝင် အာဖဂန် ခရီးသွားတွေ အတွက် နယ်စပ်ဂိတ်တွေ ပိတ်ပစ်ဖို့ အတွက် ဒီအခြေအနေကို အသုံးမချဖို့ လိုအပ်ကြောင်း အာဖဂန် တာလီဘန်ဘက်က ပါကစ္စတန်ကို ပြောဆိုခဲ့ကြောင်းလည်း တာလီဘန် ပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG