သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ၾကားေဒသကို သိမ္းယူႏိုင္ၿပီလို႔ တာလီဘန္ေၾကညာ


Panjshir ေတာင္ၾကားေဒသ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏိုင္ငံ ေျမာက္ပိုင္း Panjshir (ပန္႔ဂ်္ရွီးရ္) ေတာင္ၾကားက တခုထဲက်န္တဲ့ ခုခံတိုက္ေနတဲ့သူေတြကို အၿပီးသတ္ ေအာင္ပြဲခံလိုက္ၿပီလို႔ တာလီဘန္ေတြက တနလၤာေန႔မွာ ေၾကညာပါတယ္။

တိုင္းျပည္တဝွမ္းက စစ္ပြဲေတြ အဆုံးသတ္ေအာင္ပြဲခံလိုက္တာ ျဖစ္တဲ့အေၾကာင္းနဲ႔ လြတ္လပ္တဲ့ အေနအထားနဲ႔ ခ်မ္းသာ ႂကြယ္ဝတဲ့ ဘဝေတြကို ထူေထာင္ဖို႔ လမ္းပြင့္သြားၿပီလို႔ တာလီဘန္ေျပာေရးဆိုခြင့္ရွိသူ Zabihullah Mujahid က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

တာလီဘန္ မီဒီယာ အဖြဲ႕ကလည္း Panjshir ကို သိမ္းပိုက္တဲ့ ပုံေတြနဲ႔ အစိုးရ႐ုံးေတြမွာ တာလီဘန္ အလံေတြ လႊင့္ထူတဲ့ ဗြီဒီယိုေတြ ေတာ္ေတာ္မ်ားမ်ား ထုတ္ျပန္ပါတယ္။ ေလာေလာဆယ္အထိေတာ့ အမ်ိဳးသား ေတာ္လွန္ေရးတပ္ဦး လို႔ နာမည္ေပးထားတဲ့ NRF တပ္မႉး Ahmad Massoud ဦးေဆာင္တဲ့ အတိုက္အခံအဖြဲ႕ေတြရဲ႕ တုံ႔ျပန္ခ်က္ ထြက္မလာေသးပါဘူး။

သူ႔ရဲ႕ ေမြးရပ္ေျမ Panjshir ေဒသနဲ႔ ကပ္လ်က္ ျပည္နယ္တခုျဖစ္တဲ့ Andarab ေဒသကေန တာလီဘန္ေတြ ဆုတ္ခြာေပးမယ္ဆိုရင္ ဘာသာေရးေခါင္းေဆာင္ေတြက တဆင့္ ေဆြးေႏြးမယ္ဆိုၿပီး အတိုက္အခံေခါင္းေဆာင္ Massoud က Facebook လူမႈကြန္ယက္က ကမ္းလွမ္းထားပါတယ္။ ဒီလို ကမ္းလွမ္းၿပီး နာရီပိုင္းအတြင္းမွာပဲ တာလီဘန္ေတြဘက္က ေအာင္ပြဲခံတဲ့ သတင္းထြက္လာတာပါ။

တနဂၤေႏြေန႔က တိုက္ပြဲေတြမွာ အတိုက္အခံ NRF က ေျပာေရးဆိုခြင့္ရွိသူ Fahim Dashty နဲ႔ RF တပ္မႉး Ahmad Massoud ရဲ႕ တဝမ္းကြဲ ဗိုလ္ခ်ဳပ္ႀကီး Abdul Wudood တို႔ ေသဆုံးခဲ့တယ္ဆိုတာကို သတင္းရပ္ကြက္ ေတာ္ေတာ္မ်ားမ်ားက အတည္ျပဳထားပါတယ္။

........................................................................................

တောင်ကြားဒေသကို သိမ်းယူနိုင်ပြီလို့ တာလီဘန်ကြေညာ

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Panjshir (ပန့်ဂျ်ရှီးရ်) တောင်ကြားက တခုထဲကျန်တဲ့ ခုခံတိုက်နေတဲ့သူတွေကို အပြီးသတ် အောင်ပွဲခံလိုက်ပြီလို့ တာလီဘန်တွေက တနင်္လာနေ့မှာ ကြေညာပါတယ်။

တိုင်းပြည်တဝှမ်းက စစ်ပွဲတွေ အဆုံးသတ်အောင်ပွဲခံလိုက်တာ ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်တဲ့ အနေအထားနဲ့ ချမ်းသာ ကြွယ်ဝတဲ့ ဘဝတွေကို ထူထောင်ဖို့ လမ်းပွင့်သွားပြီလို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ကြေညာချက်ထုတ်ပြန်ပါတယ်။

တာလီဘန် မီဒီယာ အဖွဲ့ကလည်း Panjshir ကို သိမ်းပိုက်တဲ့ ပုံတွေနဲ့ အစိုးရရုံးတွေမှာ တာလီဘန် အလံတွေ လွှင့်ထူတဲ့ ဗွီဒီယိုတွေ တော်တော်များများ ထုတ်ပြန်ပါတယ်။ လောလောဆယ်အထိတော့ အမျိုးသား တော်လှန်ရေးတပ်ဦး လို့ နာမည်ပေးထားတဲ့ NRF တပ်မှူး Ahmad Massoud ဦးဆောင်တဲ့ အတိုက်အခံအဖွဲ့တွေရဲ့ တုံ့ပြန်ချက် ထွက်မလာသေးပါဘူး။

သူ့ရဲ့ မွေးရပ်မြေ Panjshir ဒေသနဲ့ ကပ်လျက် ပြည်နယ်တခုဖြစ်တဲ့ Andarab ဒေသကနေ တာလီဘန်တွေ ဆုတ်ခွာပေးမယ်ဆိုရင် ဘာသာရေးခေါင်းဆောင်တွေက တဆင့် ဆွေးနွေးမယ်ဆိုပြီး အတိုက်အခံခေါင်းဆောင် Massoud က Facebook လူမှုကွန်ယက်က ကမ်းလှမ်းထားပါတယ်။ ဒီလို ကမ်းလှမ်းပြီး နာရီပိုင်းအတွင်းမှာပဲ တာလီဘန်တွေဘက်က အောင်ပွဲခံတဲ့ သတင်းထွက်လာတာပါ။

တနင်္ဂနွေနေ့က တိုက်ပွဲတွေမှာ အတိုက်အခံ NRF က ပြောရေးဆိုခွင့်ရှိသူ Fahim Dashty နဲ့ RF တပ်မှူး Ahmad Massoud ရဲ့ တဝမ်းကွဲ ဗိုလ်ချုပ်ကြီး Abdul Wudood တို့ သေဆုံးခဲ့တယ်ဆိုတာကို သတင်းရပ်ကွက် တော်တော်များများက အတည်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG