သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အစိုးရသစ်အဖွဲ့ တာလီဘန်တွေ မကြာမှီကြေညာမည်


Taliban officials are interviewed by journalists inside the Hamid Karzai International Airport after the U.S. withdrawal in Kabul, Afghanistan, Aug. 31, 2021.
Taliban officials are interviewed by journalists inside the Hamid Karzai International Airport after the U.S. withdrawal in Kabul, Afghanistan, Aug. 31, 2021.

{{Zawgyi/Unicode}}

တာလီဘန်တွေအနေနဲ့ မကြာမီ အာဖဂန်အစိုးရသစ်ကိုကြေငြာတော့မှာဖြစ်ကြောင်းနဲ့ အမေရိကန် အပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ အပြန်အလှန်လေးစားမှုကို အခြေခံပြီး၊ ရင်းနှီးစွာဆက်ဆံသွားမှာဖြစ်ကြောင်း တာလီဘန် ခါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။

အစိုးရအဖြစ်ကြေညာမယ့်ရက်ကိုတော့ အတိအကျမသတ်မှတ်ရသေးကြောင်း၊ ဒါပေမယ့် မကြာမီကြေငြာတော့မှာဖြစ်ကြောင်း တာလီဘန် အကြီးတန်းခေါင်းဆောင်တဦးဖြစ်တဲ့ Bilal Karmi က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့ အာဖကန်မှာ လူမျိုးစုအခွင့်အရေးများ၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာတဲ့အစိုးရမျိုးဖြစ်ဖို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်တွန်းအားပေးနေတာပါ။ အထူးသဖြင့်တော့အမျိုးသမီးများနဲ့ပတ်သက်တဲ့အခွင့်အရေးတွေကို လေးစားအသိအမှတ်ပြုဖို့တွေပါဝင်ပါတယ်။ တာလီဘန်တွေအနေနဲ့ အခုကာလမှာကိုဘဲ နိုင်ငံအတော်များများနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေပြီး၊ တစုံတရာ ပြသာနာရှိမယ်လို့ မျှော်လင့်မထားဘူးလို့လည်း Karmi ကပြောပါတယ်။

ပါကစ္စတန်မှာရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကတော့ ဗြိတိန်ဟာ တာလီဘန်တွေကို အစိုးရ တရပ်အနေနဲ့ အသိမှတ်ပြုမထားပေမယ့် တာလီဘန်တွေနဲ့ တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်ဖို့ တော့ အရေးပါကြောင်း ပြောပါတယ်။ အသစ် ပေါ်လာမယ့်တာလီဘန်အစိုးရဟာ အရင်လိုဘဲပြန်ဖြစ်လာမလားဆိုတဲ့စိုးရိမ်ချက်တွေကြောင့် အမေရိကန် နဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့တွေကတော့ အာဖကန်နစ္စတန်နိုင်ငံကို ပေးမယ့်ငွေကြေးအကူအညီအစီအစဉ်တွေကို ရပ်ဆိုင်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဖကန်ပြည်သူတွေအတွက် လူသားခြင်းစာနာမှုဆိုင်ရာ အထောက်ပံ့တွေပေးဖို့ ဆုံးဖြတ်ထားတာတွေကိုဆက်လက်ကိုင်ဆွဲသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ned Price ကပြောဆိုပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG