Zawgyi/ Unicode
Zawgyi
အာဖဂန္နစ္စတန္ႏိုင္ငံမွာ အေမရိကန္တပ္ေတြ ႏွစ္ေပါင္း ၂၀ ၾကာ ရွိေနမႈဟာ ၿပီးဆံုးသြားၿပီ ျဖစ္ပါတယ္။ ၾသဂုတ္လ ၃၁ ရက္ မွာ ကာဘူးလ္ ႏိုင္ငံတကာ ေလဆိပ္ကေန ေနာက္ဆံုး အေမရိကန္ေလယာဥ္ေတြ ထြက္ခြါသြားၿပီလို႔ တာလီဘန္အႀကီးတန္း အရာရွိတဦးက VOA ကိုေျပာပါတယ္။
အေမရိကန္ စစ္တပ္သမ္ိုင္းမွာ အႀကီးမားဆံုး ေလေၾကာင္းနဲ႔ ကယ္ထုတ္တဲ့ လုပ္ငန္းအျဖစ္ သတ္မွတ္ထားတဲ့ အာဖဂန္က လူေတြ ကယ္ထုတ္မႈဟာ အဆံုးသတ္သြားၿပီျဖစ္ေပမယ့္ ကာဘူးလ္က အေမရိကန္ေတြနဲ႔ တာလီဘန္ရန္ေၾကာက္တဲ့ အာဖဂန္ေတြကယ္ထုတ္ေရး အတြက္ ဆက္လက္ အကူညီေပးမွာျဖစ္ေၾကာင္း သမၼတအိမ္ျဖဴကေရာ ပင္တာဂြန္စစ္ဌာနခ်ဳပ္ကပါ ကတိေပးေျပာၾကားခဲ့ၾကပါတယ္။
ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားရဲ႕ ေဒသတြင္းလုပ္ငန္းမ်ားဆိုင္ရာ ဒုတိယအႀကီးအကဲ ၾကည္းတပ္ဗိုလ္ခ်ဳပ္ William Hank ကေတာ့ ထြက္ခြါခ်င္သူအားလံုးကို ေခၚထုတ္ဖို႔ ဆက္လက္လုပ္ေဆာင္ႏိုင္စြမ္း ရွိေၾကာင္း ေျပာပါတယ္။
အာဖဂန္မွာ တာလီဘန္ေတြ ထိန္းခ်ဳပ္ခဲ့တဲ့ ၾသဂုတ္လ အေစာပိုင္းကတည္းကေန တနလၤာေန႔ အထိ လူေပါင္း ၁၁၆ ၇၀၀ ကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ သမၼတအိမ္ျဖဴနဲ႔ ပင္တာဂြန္က တနလၤာေန႔ အေစာပိုင္းမွာ ေျပာပါတယ္။ တနလၤာေန႔ မွာ အေမရိကန္ ၆၀၀၀ ေလာက္ အာဖဂန္ကေန ထြက္ခြါခဲ့ေပမယ့္ တခ်ိဳ႕က်န္ေနေသးတာျဖစ္ၿပီး ဒီအေမရိကန္ႏိုင္ငံသားေတြကို ကယ္ထုတ္ဖို႔ ဆက္လက္ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki က သတင္းေထာက္ေတြကို ေျပာပါတယ္။
ကာဘူးလ္ ေလဆိပ္ကို အာဖဂန္အေျခစိုက္ အိ္ုင္အက္စ္ စစ္ေသြးႂကြအဖြဲ႔ IS-Khorasan ေတြက ေရာ့ကက္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတာျဖစ္ၿပီး အာဖဂန္ကေန အေမရိကန္တပ္ေတြ ေနာက္ဆံုးထြက္ခြါတဲ့ အခ်ိန္ဟာ အႏၲရာယ္သိပ္ႀကီးတယ္လို႔ သမၼတအိမ္ျဖဴကေရာ ပင္တာဂြန္ စစ္ဌာနခ်ဳပ္ကပါ ေျပာပါတယ္။
Unicode
အာဖဂန်နစ်စတန်နိုင်ငံမှာ အမေရိကန်တပ်တွေ နှစ်ပေါင်း ၂၀ ကြာ ရှိနေမှုဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၃၁ ရက် မှာ ကာဘူးလ် နိုင်ငံတကာ လေဆိပ်ကနေ နောက်ဆုံး အမေရိကန်လေယာဉ်တွေ ထွက်ခွါသွားပြီလို့ တာလီဘန်အကြီးတန်း အရာရှိတဦးက VOA ကိုပြောပါတယ်။
အမေရိကန် စစ်တပ်သမိုင်းမှာ အကြီးမားဆုံး လေကြောင်းနဲ့ ကယ်ထုတ်တဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ထားတဲ့ အာဖဂန်က လူတွေ ကယ်ထုတ်မှုဟာ အဆုံးသတ်သွားပြီဖြစ်ပေမယ့် ကာဘူးလ်က အမေရိကန်တွေနဲ့ တာလီဘန်ရန်ကြောက်တဲ့ အာဖဂန်တွေကယ်ထုတ်ရေး အတွက် ဆက်လက် အကူညီပေးမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူကရော ပင်တာဂွန်စစ်ဌာနချုပ်ကပါ ကတိပေးပြောကြားခဲ့ကြပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဒေသတွင်းလုပ်ငန်းများဆိုင်ရာ ဒုတိယအကြီးအကဲ ကြည်းတပ်ဗိုလ်ချုပ် William Hank ကတော့ ထွက်ခွါချင်သူအားလုံးကို ခေါ်ထုတ်ဖို့ ဆက်လက်လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း ပြောပါတယ်။
အာဖဂန်မှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့တဲ့ သြဂုတ်လ အစောပိုင်းကတည်းကနေ တနင်္လာနေ့ အထိ လူပေါင်း ၁၁၆ ၇၀၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သမ္မတအိမ်ဖြူနဲ့ ပင်တာဂွန်က တနင်္လာနေ့ အစောပိုင်းမှာ ပြောပါတယ်။ တနင်္လာနေ့ မှာ အမေရိကန် ၆၀၀၀ လောက် အာဖဂန်ကနေ ထွက်ခွါခဲ့ပေမယ့် တချို့ကျန်နေသေးတာဖြစ်ပြီး ဒီအမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က သတင်းထောက်တွေကို ပြောပါတယ်။
ကာဘူးလ် လေဆိပ်ကို အာဖဂန်အခြေစိုက် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ IS-Khorasan တွေက ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး အာဖဂန်ကနေ အမေရိကန်တပ်တွေ နောက်ဆုံးထွက်ခွါတဲ့ အချိန်ဟာ အန္တရာယ်သိပ်ကြီးတယ်လို့ သမ္မတအိမ်ဖြူကရော ပင်တာဂွန် စစ်ဌာနချုပ်ကပါ ပြောပါတယ်။