(Zawgyi/Unicode)
အေမရိကန္တပ္ဖြဲ႕ေတြ အာဖဂန္နစၥတန္က အၿပီးသတ္ဆုတ္ခြာၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြ အဆုံးသတ္ ၿပီးတဲ့ေနာက္ တာလီဘန္ေတြ ကာဘူးလ္ေလဆိပ္ကို ထိန္းခ်ဳပ္လိုက္ၿပီ ျဖစ္ပါတယ္။
"ဘယ္သူမွ စိုးရိမ္ထိတ္လန္႔ေနဖို႔မလိုပါဘူး။ လူေတြအေနနဲ႔ အႏၱရာယ္ကင္းကင္းနဲ႔ ဂုဏ္သိကၡာရွိရွိေနႏုိင္ေအာင္ က်ေနာ္တို႔လုပ္သြားမွာပါ။ အစိုးရရုံးအားလုံးကိုလည္း မၾကာခင္ျပန္ဖြင့္ဖို႔ရွိပါတယ္။ ဘဏ္ေတြနဲ႔စီးပြါးေရးလုပ္ငန္းေတြလည္ းမၾကာခင္စေတာ့မွာပါ။ ပုံမွန္အေနအထားေတြ သိပ္မၾကာခင္ ေရာက္လာေတာ့မွာပါ" လို႔ တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid ကအာဖဂန္ရုပ္သံ RTA ကို ေလဆိပ္မွာေျပာဆိုသြားပါတယ္။
အေမရိကန္ျပည္ေထာင္စုရဲ႕ အႏွစ္ ၂၀ ၾကာ အာဖဂန္စစ္ပြဲတာဝန္ေတြ ၿပီးဆုံးသြားၿပီလို႔လည္း အေမရိကန္ တပ္ဖြဲ႕အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Kenneth Frank McKenzie က ေၾကညာပါတယ္။အေမရိကန္ျပည္ေထာင္စုနဲ႔ ႏိုင္ငံတကာတပ္ဖြဲ႕ေတြက အရပ္သား ၁၂၃,၀၀၀ ကို ကယ္တင္ေပးခဲ့တယ္လို႔ လည္း ေျပာပါတယ္။ တနလၤာေန႔ အာဖဂန္ေဒသစံေတာ္ခ်ိန္၊ ည ၁၁ နာရီ ၅၉ မိနစ္မွာ ေနာက္ဆုံး ေလယာဥ္ ထြက္ခြါခဲ့တာပါ။
အာဖဂန္စစ္ပြဲအတြင္း အေမရိကန္ စစ္ဖက္နဲ႔ အရပ္ဖက္ဝန္ထမ္း ၂၄၆၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔လည္း ဗိုလ္ခ်ဳပ္ႀကီး McKenzie က ေျပာပါတယ္။ က်န္ေနေသးတဲ့ အေမရိကန္ႏိုင္ငံသားေတြ၊ ႏိုင္ငံျခားသားေတြနဲ႔ လုံၿခဳံေရး စိတ္မခ်ရတဲ့ အာဖဂန္ျပည္သူေတြကို ကယ္တင္ေရးကိစၥေတြကို ႏိုင္ငံတကာနဲ႔အတူ လက္တြဲၿပီး ဆက္လက္ လုပ္ကိုင္သြားမယ္္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antonly Blinken က ေျပာပါတယ္။
ဒီအေတာအတြင္း ကာဘူးလ္ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္သံ႐ုံးကိုေတာ့ ပိတ္ပစ္လိုက္ၿပီျဖစ္ၿပီး သံတမန္ေရး လုပ္ငန္းေတြကို Qatar ႏိုင္ငံ Doha ကေန ေျပာင္းေ႐ႊ႕ေဆာင္႐ြက္ေနတဲ့အေၾကာင္း ေၾကညာပါတယ္။
..................................................................................
ကန်တပ်ဖွဲ့တွေ အပြီးထွက်ခွာပြီး ကာဘူးလ်လေဆိပ်ကို တာလီဘန်ထိန်းချုပ်
(Unicode)
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်က အပြီးသတ်ဆုတ်ခွာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ် ပြီးတဲ့နောက် တာလီဘန်တွေ ကာဘူးလ်လေဆိပ်ကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
"ဘယ်သူမှ စိုးရိမ်ထိတ်လန့်နေဖို့မလိုပါဘူး။ လူတွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိနေနိုင်အောင် ကျနော်တို့လုပ်သွားမှာပါ။ အစိုးရရုံးအားလုံးကိုလည်း မကြာခင်ပြန်ဖွင့်ဖို့ရှိပါတယ်။ ဘဏ်တွေနဲ့စီးပွါးရေးလုပ်ငန်းတွေလည် းမကြာခင်စတော့မှာပါ။ ပုံမှန်အနေအထားတွေ သိပ်မကြာခင် ရောက်လာတော့မှာပါ" လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကအာဖဂန်ရုပ်သံ RTA ကို လေဆိပ်မှာပြောဆိုသွားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အနှစ် ၂၀ ကြာ အာဖဂန်စစ်ပွဲတာဝန်တွေ ပြီးဆုံးသွားပြီလို့လည်း အမေရိကန် တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Kenneth Frank McKenzie က ကြေညာပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာတပ်ဖွဲ့တွေက အရပ်သား ၁၂၃,၀၀၀ ကို ကယ်တင်ပေးခဲ့တယ်လို့ လည်း ပြောပါတယ်။ တနင်္လာနေ့ အာဖဂန်ဒေသစံတော်ချိန်၊ ည ၁၁ နာရီ ၅၉ မိနစ်မှာ နောက်ဆုံး လေယာဉ် ထွက်ခွါခဲ့တာပါ။
အာဖဂန်စစ်ပွဲအတွင်း အမေရိကန် စစ်ဖက်နဲ့ အရပ်ဖက်ဝန်ထမ်း ၂၄၆၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီး McKenzie က ပြောပါတယ်။ ကျန်နေသေးတဲ့ အမေရိကန်နိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေနဲ့ လုံခြုံရေး စိတ်မချရတဲ့ အာဖဂန်ပြည်သူတွေကို ကယ်တင်ရေးကိစ္စတွေကို နိုင်ငံတကာနဲ့အတူ လက်တွဲပြီး ဆက်လက် လုပ်ကိုင်သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antonly Blinken က ပြောပါတယ်။
ဒီအတောအတွင်း ကာဘူးလ်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးကိုတော့ ပိတ်ပစ်လိုက်ပြီဖြစ်ပြီး သံတမန်ရေး လုပ်ငန်းတွေကို Qatar နိုင်ငံ Doha ကနေ ပြောင်းရွှေ့ဆောင်ရွက်နေတဲ့အကြောင်း ကြေညာပါတယ်။