သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ႀကီးေတြ ထပ္မံတိုက္ခိုက္ခံရ


႐ုရွားတပ္ေတြရဲ႕ တိုက္ခုိက္မႈေၾကာင့္ Kyiv ၿမိဳ႕အနီး မီးေလာင္ကၽြမ္းေနတဲ့ျမင္ကြင္း။

(Zawgyi / Unicode)

႐ုရွားဘက္က စစ္သေဘၤာျမဳပ္ၿပီး ၿခိမ္းေျခာက္တဲ့အတိုင္း ယူကရိန္းၿမိဳ႕ေတာ္ Kyiv ကို အခု ျပင္းျပင္းထန္ထန္ ျပန္စတိုက္ေနပါတယ္။

ယူကရိန္းစစ္ပြဲထဲ အေဝးထိန္း မစ္ဇိုင္းဒံုးတပ္ ႐ုရွားစစ္သေဘၤာအႀကီးစားႀကီး ပထမဆံုး ေပါက္ကြဲနစ္ျမဳပ္ခဲ့အၿပီး အခုလို Kyiv ၿမိဳ႕ေတာ္ကို မစ္ဇိုင္းဒံုးနဲ႔ ပစ္တာအျပင္ အေနာက္ပိုင္းၿမိဳ႕ႀကီး Lviv မွာလည္း ဗံုးႀကဲတိုက္ခိုက္မႈေတြ ျပန္လုပ္လာတာပါ။

ယူကရိန္းဘက္ကလည္း ဒီတိုက္ခိုက္မႈေတြကို အတည္ျပဳလိုက္ၿပီး Kyiv ၿမိဳ႕ေတာ္ဝန္က ၿမိဳ႕ေတာ္ ဆင္ေျခဖုံး ေပါက္ကြဲမႈထဲ ကယ္ဆယ္ေရးသမားေတြနဲ႔ ေဆးဝန္ထမ္းေတြ အလုပ္႐ႈပ္ေနၾကၿပီလို႔ ဆိုပါတယ္။ ထိခိုက္ဒဏ္ရာရမႈ မ်ားႏိုင္ေပမဲ့ အေသးစိတ္ကိုေတာ့ ခ်က္ခ်င္းမသိရေသးပါဘူး။

႐ုရွားဘက္ကလည္း Kyiv ၿမိဳ႕ေတာ္ရွိ တင့္ကားျပင္စက္႐ုံကို ထိေအာင္ ေလေၾကာင္းက ပစ္ခတ္ႏိုင္တယ္လို႔ ေၾကညာခဲ့ၿပီး ၿမိဳ႕ေတာ္ အေရွ႕ေတာင္ပိုင္း Mamytskyi ရပ္ကြက္ကေန ေပါက္ကြဲသံေတြၾကားကာ မီးခိုးေတြကို ျမင္ခဲ့ရတယ္လို႔ ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။

မေန႔က ႐ုရွားဘက္က သတိေပးရာမွာလည္း တင့္ကားဖ်က္ႏိုင္တာ အပါအဝင္ အေဝးထိန္း မစ္ဇုိင္းဒံုးေတြ ထုတ္လုပ္ျပင္ဆင္တဲ့ Vizar စက္႐ုံကို တိုက္ခိုက္သြားမယ္လို႔ ထည့္ေျပာခဲ့ပါေသးတယ္။

အခုလို တိုက္ခိုက္မႈႀကီးေတြ ျပန္ျဖစ္လာတာက တေန႔ ၾကာသပေတးေန႔တုန္းကပဲ ႐ုရွားရဲ႕ ပင္လယ္နက္ စစ္ေရယာဥ္အုပ္စုထဲက ဦးေဆာင္စစ္သေဘၤာႀကီး Moskva ေပါက္ကြဲနစ္ျမဳပ္ခဲ့အၿပီး လက္တံု႔ျပန္တာ ျဖစ္ႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုေနပါတယ္။

ယူကရိန္းဘက္ကလည္း ဒီ ႐ုရွားစ္သေဘၤာႀကီးဟာ သူတို႔ပစ္လိုက္တဲ့ အေဝးထိန္း မစ္ဇိုင္းဒံုးေတြထဲက တခုထိမွန္ၿပီး အခုလို နစ္ျမဳပ္သြားတာလို႔ ေအာင္ျမင္မႈႀကီးအျဖစ္ ေႂကြးေၾကာ္ေနေပမဲ့ ႐ုရွားဘက္ကေတာ့ ဒါကို ျငင္းဆိုထားပါတယ္။

႐ုရွားေျပာတာက မုန္တိုင္းထဲ ဒီစစ္သေဘၤာႀကီးကို ဆြဲထုတ္ေနစဥ္ မီးေလာင္ၿပီး လက္နက္ေပါက္ကြဲမႈေတြေၾကာင့္ အခုလို နစ္ျမဳပ္ခဲ့ရကာ ေရတပ္သေဘၤာသား ၅၀၀ ေက်ာ္ကိုေတာ့ လံုလံုၿခံဳၿခံဳ ေရႊ႕ေျပာင္းေပးႏိုင္ခဲ့တယ္လို႔ ျပန္ေျပာထားပါတယ္။

ယူကရိန္းၿမိဳ႕ႀကီးေတြ ထပ္မံတိုက္ခိုက္ခံရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ယူကရိန်းမြို့ကြီးတွေ ထပ်မံတိုက်ခိုက်ခံရ

ရုရှားဘက်က စစ်သင်္ဘောမြုပ်ပြီး ခြိမ်းခြောက်တဲ့အတိုင်း ယူကရိန်းမြို့တော် Kyiv ကို အခု ပြင်းပြင်းထန်ထန် ပြန်စတိုက်နေပါတယ်။

ယူကရိန်းစစ်ပွဲထဲ အဝေးထိန်း မစ်ဇိုင်းဒုံးတပ် ရုရှားစစ်သင်္ဘောအကြီးစားကြီး ပထမဆုံး ပေါက်ကွဲနစ်မြုပ်ခဲ့အပြီး အခုလို Kyiv မြို့တော်ကို မစ်ဇိုင်းဒုံးနဲ့ ပစ်တာအပြင် အနောက်ပိုင်းမြို့ကြီး Lviv မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လုပ်လာတာပါ။

ယူကရိန်းဘက်ကလည်း ဒီတိုက်ခိုက်မှုတွေကို အတည်ပြုလိုက်ပြီး Kyiv မြို့တော်ဝန်က မြို့တော် ဆင်ခြေဖုံး ပေါက်ကွဲမှုထဲ ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးဝန်ထမ်းတွေ အလုပ်ရှုပ်နေကြပြီလို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရမှု များနိုင်ပေမဲ့ အသေးစိတ်ကိုတော့ ချက်ချင်းမသိရသေးပါဘူး။

ရုရှားဘက်ကလည်း Kyiv မြို့တော်ရှိ တင့်ကားပြင်စက်ရုံကို ထိအောင် လေကြောင်းက ပစ်ခတ်နိုင်တယ်လို့ ကြေညာခဲ့ပြီး မြို့တော် အရှေ့တောင်ပိုင်း Mamytskyi ရပ်ကွက်ကနေ ပေါက်ကွဲသံတွေကြားကာ မီးခိုးတွေကို မြင်ခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

မနေ့က ရုရှားဘက်က သတိပေးရာမှာလည်း တင့်ကားဖျက်နိုင်တာ အပါအဝင် အဝေးထိန်း မစ်ဇိုင်းဒုံးတွေ ထုတ်လုပ်ပြင်ဆင်တဲ့ Vizar စက်ရုံကို တိုက်ခိုက်သွားမယ်လို့ ထည့်ပြောခဲ့ပါသေးတယ်။

အခုလို တိုက်ခိုက်မှုကြီးတွေ ပြန်ဖြစ်လာတာက တနေ့ ကြာသပတေးနေ့တုန်းကပဲ ရုရှားရဲ့ ပင်လယ်နက် စစ်ရေယာဉ်အုပ်စုထဲက ဦးဆောင်စစ်သင်္ဘောကြီး Moskva ပေါက်ကွဲနစ်မြုပ်ခဲ့အပြီး လက်တုံ့ပြန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

ယူကရိန်းဘက်ကလည်း ဒီ ရုရှားစ်သင်္ဘောကြီးဟာ သူတို့ပစ်လိုက်တဲ့ အဝေးထိန်း မစ်ဇိုင်းဒုံးတွေထဲက တခုထိမှန်ပြီး အခုလို နစ်မြုပ်သွားတာလို့ အောင်မြင်မှုကြီးအဖြစ် ကြွေးကြော်နေပေမဲ့ ရုရှားဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ရုရှားပြောတာက မုန်တိုင်းထဲ ဒီစစ်သင်္ဘောကြီးကို ဆွဲထုတ်နေစဉ် မီးလောင်ပြီး လက်နက်ပေါက်ကွဲမှုတွေကြောင့် အခုလို နစ်မြုပ်ခဲ့ရကာ ရေတပ်သင်္ဘောသား ၅၀၀ ကျော်ကိုတော့ လုံလုံခြုံခြုံ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ပြန်ပြောထားပါတယ်။

XS
SM
MD
LG