သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကာလ ယူကရိန္း အမ်ိဳးသမီး နဲ႔ ကေလးသူငယ္ေတြ ဘဝလံုျခံဳမႈ ကင္းမဲ႔


မွတ္တမ္း႐ုပ္ပံု- ယူကရိန္းနယ္စပ္ကို ျဖတ္ၿပီး Moldova ကို ထြက္ေျပးလာတဲ႔ မိန္းကေလးငယ္။ မတ္လ ၂၊ ၂၀၂၂။

(Zawgyi/ Unicode)

ယူကရိန္းမွာ ျဖစ္ပြါးေနတဲ့ စစ္ပြဲအတြင္း အၾကမ္းဖက္မႈေတြ တိုးလာေနခ်ိန္မွာပဲ ယူကရိန္း အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြအေပၚ လိင္မႈအၾကမ္းဖက္မႈ၊ အဓမၼျပဳက်င့္မႈနဲ႔ လူကုန္ကူးမႈ အႏၲရာယ္ေတြ တိုးလာေနတယ္လို႔ ကုလသမဂၢက တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ဒီလို က်ဴးလြန္မႈရွိေၾကာင္း စြပ္စြဲေျပာၾကားခ်က္ေတြ အတြက္ တရားမွ်တမႈနဲ႔ တာဝန္ခံ တာဝန္ယူမႈ ရွိလာေစေရး အတြက္ သီးျခားလြတ္လပ္တဲ့ စံုစမ္း စစ္ေဆးမႈေတြ လုပ္ရမွာ ျဖစ္ေၾကာင္း ကုလသမဂၢ အမ်ိဳးသမီးေရးရာ အမႈေဆာင္ဒါ႐ိုက္တာ Sima Bahous က လံုျခံဳေရး ေကာင္စီမွာ တင္ျပခဲ့တာ ျဖစ္ပါတယ္။

လူအစုလိုက္ အိုးအိမ္ေရႊ႕ေျပာင္းရေနရခ်ိန္မွာ စစ္မႈ မထမ္းမေနရ အမိန္႔ေၾကာင့္ စစ္မႈထမ္းရသူေတြနဲ႔ ေၾကးစားစစ္သားေတြ အမ်ားအျပား ရွိလာတာနဲဲ႔ ယူကရိန္းအရပ္သားေတြ အေပၚ ရက္စက္စြာ ျပဳမူဆက္ဆံတာေတြက အခုလို အႏၲရာယ္ေတြ အျမင့္ဆံုးအေနထား ေရာက္လာႏိုင္ေၾကာင္း ျပသေနတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ အခုအခ်ိန္မွာ ယူကရိန္းကေန စစ္ေရွာင္ထြက္ေျပးခ်င္သူေတြ ပိုတိုးလာေနတာေၾကာင့္ လူကုန္ကူးမႈ အႏၲရာယ္ဟာ သိပ္ႀကီးလာေနတယ္လို႔လည္း Bahous က ေျပာပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးငယ္ေတြနဲ႔ အုပ္ထိန္းသူ မပါတဲ ့ဆယ္ေက်ာ္သက္ေတြ အတြက္ အထူးအႏၲရာယ္ ရွိတာေၾကာင့္ ကမာၻ႔ႏိုင္ငံအားလံုး အေနနဲ႔ လူကုန္ကူးမႈတားဆီး တိုက္ဖ်က္ေရးကို တိုးႁမႇင့္ ေဆာင္ရြက္ၾကဖို႔လည္း ပန္ၾကားလိုက္ပါတယ္။ ဒ့ါအျပင္ ဒုကၡသည္ေတြကို လက္ခံထားတဲ့ ႏိုင္ငံအားလံုးကလည္း ဒီလို မျဖစ္ဖို႔ အကာကြယ္ေပးေရးမွာ ပူးေပါင္းပါဝင္ဖို႔ပါ ေတာင္းဆိုလိုက္တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကာလ ယူကရိန်း အမျိုးသမီး နဲ့ ကလေးသူငယ်တွေ ဘဝလုံခြုံမှု ကင်းမဲ့

ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွင်း အကြမ်းဖက်မှုတွေ တိုးလာနေချိန်မှာပဲ ယူကရိန်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် လိင်မှုအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လူကုန်ကူးမှု အန္တရာယ်တွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီလို ကျူးလွန်မှုရှိကြောင်း စွပ်စွဲပြောကြားချက်တွေ အတွက် တရားမျှတမှုနဲ့ တာဝန်ခံ တာဝန်ယူမှု ရှိလာစေရေး အတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အမျိုးသမီးရေးရာ အမှုဆောင်ဒါရိုက်တာ Sima Bahous က လုံခြုံရေး ကောင်စီမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

လူအစုလိုက် အိုးအိမ်ရွှေ့ပြောင်းရနေရချိန်မှာ စစ်မှု မထမ်းမနေရ အမိန့်ကြောင့် စစ်မှုထမ်းရသူတွေနဲ့ ကြေးစားစစ်သားတွေ အများအပြား ရှိလာတာနဲ့ ယူကရိန်းအရပ်သားတွေ အပေါ် ရက်စက်စွာ ပြုမူဆက်ဆံတာတွေက အခုလို အန္တရာယ်တွေ အမြင့်ဆုံးအနေထား ရောက်လာနိုင်ကြောင်း ပြသနေတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အခုအချိန်မှာ ယူကရိန်းကနေ စစ်ရှောင်ထွက်ပြေးချင်သူတွေ ပိုတိုးလာနေတာကြောင့် လူကုန်ကူးမှု အန္တရာယ်ဟာ သိပ်ကြီးလာနေတယ်လို့လည်း Bahous က ပြောပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေနဲ့ အုပ်ထိန်းသူ မပါတဲ့ဆယ်ကျော်သက်တွေ အတွက် အထူးအန္တရာယ် ရှိတာကြောင့် ကမ္ဘာ့နိုင်ငံအားလုံး အနေနဲ့ လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကို တိုးမြှင့် ဆောင်ရွက်ကြဖို့လည်း ပန်ကြားလိုက်ပါတယ်။ ဒ့ါအပြင် ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံအားလုံးကလည်း ဒီလို မဖြစ်ဖို့ အကာကွယ်ပေးရေးမှာ ပူးပေါင်းပါဝင်ဖို့ပါ တောင်းဆိုလိုက်တာပါ။

XS
SM
MD
LG