[Zawgyi]
ယူကရိန္းႏိုင္ငံထဲ ႐ုရွားတပ္ဖြဲ႕ေတြ ဝင္ေရာက္ တိုက္ခိုက္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းကစၿပီး အိမ္နီးခ်င္း ႏိုင္ငံေတြကို ထြက္ေျပးခဲ့ၾကတဲ့ ယူကရိန္း ဒုကၡသည္ ၄ သန္းေက်ာ္ရွိၿပီး ဒီအထဲမွာ အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ျဖစ္ပါတယ္။ အ႐ြယ္ မေရာက္ၾကေသးတဲ့ သူတို႔ရဲ႕ သားသမီးေတြကို ကာကြယ္ေပးဖို႔နဲ႔ ကေလးငယ္ေတြရဲ႕ အနာဂတ္ ဆက္လက္ ရွင္သန္ႏိုင္ဖို႔ အတြက္ ထြက္ခြာခဲ့ၾကတာလို႔ အမ်ားစုက ေျပာပါတယ္။ စစ္ပြဲေတြအတြင္း ႀကဳံေတြ႕ရတဲ့ စိုးရိမ္ထိတ္လန႔္မႈေတြနဲ႔ စိတ္ဒဏ္ရာေတြဟာ အထူးသျဖင့္ ကေလးငယ္ေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ေရရွည္ ထိခိုက္မႈေတြ ရွိႏိုင္တယ္ ဆိုတာကို ကြၽမ္းက်င္ပညာရွင္ေတြ ကလည္း သတိေပးထားပါတယ္။ ယူကရိန္း စစ္ပြဲအတြင္း အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ႀကံဳေတြ႕ရတဲ့ အေျခအေနေတြထဲက တခ်ိဳ႕ကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ ထားပါတယ္။
ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းက စတင္ခဲ့တဲ့ ႐ုရွားရဲ႕ က်ဴးေက်ာ္ တိုက္ခိုက္မႈေတြေၾကာင့္ ယူကရိန္းႏိုင္ငံထဲကေန အိမ္နီးခ်င္း ႏိုင္ငံေတြကို ထြက္ေျပးရတဲ့ ဒုကၡသည္ ၄ သန္းေက်ာ္ ရွိေနၿပီး ေနာက္ထပ္ ၆ သန္းေက်ာ္ဟာလည္း ႏိုင္ငံတြင္းမွာ အိုးအိမ္မဲ့ ဒုကၡႀကဳံေတြ႕ ေနၾကရတယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေျပာဆိုထားပါတယ္။ အမ်ားစုက အ႐ြယ္စုံ မ်ိဳးဆက္နဲ႔ခ်ီတဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြပါ။
ဒီအထဲမွာ အဖြား Vira Pavlina လည္း ပါ ပါတယ္။ လြန္ခဲ့တဲ့ လပိုင္းေတြအထိ သားသမီး ေျမးျမစ္ေတြနဲ႔ Kyiv ၿမိဳ႕မွာ ေနထိုင္ခဲ့တဲ့ အဖြား Pavlina ဟာ ခုေတာ့ အိမ္နီးခ်င္း ပိုလန္ႏိုင္ငံမွာ ဒုကၡသည္အျဖစ္ ခိုလုံေနရပါတယ္။ အ႐ြယ္မေရာက္ေသးတဲ့ သူ႔ေျမးေတြ ဘဝ မဆုံးရေအာင္ သူတို႔နဲ႔အတူ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးလာခဲ့တာလို႔ အဖြား Pavlina က ေျပာပါတယ္။
“ယူကရိန္းကို ဗုံးက်ဲ တိုက္ခိုက္ၿပီး ေက်း႐ြာေတြကို ပစ္ခတ္ တိုက္ခိုက္တဲ့ စစ္ပြဲေတြေၾကာင့္ ထြက္ေျပးရတာပါ။ ေၾကာက္စရာ ေကာင္းတဲ့ လုပ္ရပ္ေတြေၾကာင့္ လူတိုင္း ေဘးလြတ္ရာ ေျပးၾကရပါတယ္။ တတ္ႏိုင္သေလာက္ေတာ့ မိသားစုေတြ တစုတစည္းတည္း ျဖစ္ေအာင္ ႀကိဳးစားတာပါပဲ။ အျပစ္မရွိတဲ့ ကေလးေတြရဲ႕ အသက္ေတြ မဆုံးရႈံးရေအာင္ ခုလို ထြက္ေျပးလာခဲ့ရတာပါ။”
အိမ္နီးခ်င္း ပိုလန္ ႏိုင္ငံတခုတည္းမွာတင္ ယူကရိန္း ဒုကၡသည္ ၂ သန္းေက်ာ္ ရွိေနပါတယ္။ ဒုကၡသည္တိုင္းမွာ ကိုယ္စီ ႀကဳံေတြ႕ရတဲ့ နာၾကင္စရာ ျဖစ္ရပ္ေတြ ရွိေနတာပါ။ အမ်ားစုကေတာ့ သူတို႔ရဲ႕ သားသမီး ေျမးျမစ္ေတြရဲ႕ ဘဝေတြကို ထည့္သြင္း စဥ္းစားၿပီး ေနရပ္ကေန မထြက္ခြာခ်င္ဘဲ ထြက္ခြာခဲ့ ၾကရပါတယ္။ ကေလးႏွစ္ေယာက္ မိခင္ Yulia Usik က ခုလို ေျပာျပပါတယ္။
"ဗုံးက်ဲ တိုက္ခိုက္တာေတြ ၁၃ ရက္ ႀကဳံခဲ့ရပါတယ္။ ေနာက္ဆုံး က်မ ေယာက္်ားက ကေလးေတြ စိတ္ဒဏ္ရာ ရမွာ စိုးရိမ္ၿပီး ၿမိဳ႕ကေန ထြက္ဖို႔ က်မကို ေျပာပါတယ္။ အမ်ိဳးသားကေတာ့ Kyiv မွာပဲ ေနခဲ့ပါတယ္။ သူ႔အသက္က ၃၃ ႏွစ္ပါ။ က်မတို႔ဆီ သူ ျပန္လာမယ္လို႔ေတာ့ ကတိေပး တာပါပဲ။”
Anna Pilyavskaya ကေတာ့ သူ႔သမီးငယ္နဲ႔အတူ Kyiv ၿမိ့ကေန ဟန္ေဂရီနယ္စပ္ ျဖတ္ေက်ာ္ ထြက္ေျပးလာခဲ့ၿပီး ခုေတာ့ ဘယ္လ္ဂ်ီယံႏိုင္ငံမွာ ခိုလုံ ေနထိုင္ခြင့္ ရဖို႔ ေစာင့္ေနပါတယ္။
“မိဘေတြကိုေရာ၊ က်မ အမ်ိဳးသားကိုေရာ မထားခဲ့ခ်င္လို႔ ေစာင့္ ေနခဲ့ပါေသးတယ္။ ဒါေပမဲ့ တေန႔တျခား အေျခအေနက ဆိုးလာေတာ့ သမီး ဒုကၡမေရာက္ေအာင္ ထြက္မွ ရလိမ့္မယ္ ဆိုၿပီး အမ်ိဳးသားက ေျပာပါတယ္။ ဒီလိုနဲ႔ ကားေပၚ တက္ၿပီး ထြက္လာခဲ့ရတာပါပဲ။”
Kyiv ၿမိဳ႕ကေန ဟန္ေဂရီ နယ္စပ္အထိ ေရာက္ဖို႔ကိုပဲ ၃ ရက္ေလာက္ အခ်ိန္ယူ လာခဲ့ရတယ္လို႔ Pilyavskaya က ေျပာပါတယ္။
“ဗုံးက်ဲခံရ၊ ဒဏ္ရာ ရတာမ်ိဳးေတြ မႀကဳံရေအာင္ စစ္ေရးလႈပ္ရွားမႈရွိေနတဲ့ ေနရာေတြကို ေရွာင္ၿပီး ေဘးကင္းႏိုင္မယ့္ လမ္းေၾကာင္းကို စီစဥ္ရပါတယ္။ လမ္းက်ဥ္းတာကို ေ႐ြးၿပီး ညဘက္မွာလည္း ကိုယ္သိတဲ့သူေတြနဲ႔ပဲ ေနၿပီး ခရီးဆက္ခဲ့တာပါပဲ။ တေန႔ကို ၁၅၀ ကီလိုမီတာထက္ ပိုေမာင္းလို႔ မရခဲ့ပါဘူး။”
ခုေတာ့ ပီလက္ဖ္စကာယာ တို႔ သားအမိဟာ ခင္ပြန္းျဖစ္သူရဲ႕ မိတ္ေဆြ အကူအညီနဲ႔ ဘယ္လ္ဂ်ီယံႏိုင္ငံမွာ ေရာက္ေနၿပီး ဘဝ ျပန္လည္ စတင္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔လိုပဲ အေျခခ် ေနထိုင္ခြင့္ရဖို႔ ဘရက္ဆဲလ္ၿမိဳ႕က ဒုကၡသည္ စိစစ္လက္ခံေရးဌာနမွာ လာေရာက္ စာရင္းေပးတဲ့ ယူကရိန္းဒုကၡသည္ ေန႔စဥ္ ၂ ေထာင္ေက်ာ္ ရွိေနတယ္လို႔ ဘယ္လ္ဂ်ီယံ အရာရွိေတြက ေျပာပါတယ္။ ဒုကၡသည္ေတြကို လက္ခံထားတဲ့ ႏိုင္ငံေတြက ကူညီေထာက္ပံ့မႈေတြ ေပးၾကတယ္ ဆိုေပမဲ့လည္း ေနထိုင္ စားေသာက္ေရးနဲ႔ အလုပ္အကိုင္ ရရွိဖို႔မွာေတာ့ အခက္အခဲေတြ ရွိေနတယ္လို႔ ပီလက္ဖ္စကာယာ က ေျပာပါတယ္။
“အဓိက အခက္အခဲက ဘာသာစကားပါ။ က်မဆိုရင္ ေက်ာင္း ဆရာမ ဆိုေတာ့ ကေလးထိန္းတာနဲ႔ သန႔္ရွင္းေရး အလုပ္ေလာက္ပဲ လုပ္လို႔ရမွာပါ။ က်မမွာ ရွိထားတဲ့ ပညာအရည္အခ်င္းနဲ႔ လုပ္ငန္းကြၽမ္းက်င္မႈက ဒီမွာ အလုပ္မျဖစ္ပါဘူး။”
ခုလို အေျခအေနႀကဳံရတာ ပီလက္ဖ္စကာယာ တေယာက္တည္း မဟုတ္ပါဘူး။ သူ႔လို ရင္ဆိုင္ေနရတဲ့ ယူကရိန္း ဒုကၡသည္ေတြ ပိုလန္၊ ဘယ္လ္ဂ်ီယံနဲ႔ တျခား ဥေရာပႏိုင္ငံေတြမွာ သန္းနဲ႔ခ်ီ ရွိေနတာပါ။ ဒီလို အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ေျပး လြတ္ေျမာက္သူေတြ ရွိသလို၊ ယူကရိန္း ႏိုင္ငံတြင္းမွာပဲ အိုးအိမ္မဲ့ ဒုကၡေရာက္ေနၾက သူေတြကလည္း သန္းနဲ႔ခ်ီ ရွိပါတယ္။
သိပ္မၾကာခင္ကပဲ ႐ုရွားတပ္ေတြ ဆုတ္ခြာ သြားခဲ့တဲ့ Kyiv ၿမိဳ႕ေတာ္ အနီးက Bucha ၿမိဳ႕မွာ ႐ုရွားတပ္ဖြဲ႕ေတြရဲ႕ ညႇင္းပမ္း ႏွိပ္စက္၊ မီးရႈိ႕ သတ္ျဖတ္မႈေတြေၾကာင့္ ေသဆုံးခဲ့ရတဲ့ ေဒသခံ အရပ္သားေတြ ရာနဲ႔ခ်ီ ေတြ႕ခဲ့ရၿပီး ဒီအထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္တခ်ိဳ႕လည္း ပါ ပါတယ္။ Bucha ကေန ႐ုရွားတပ္ဖြဲ႕ေတြ ဆုတ္ခြာခဲ့ၿပီးတဲ့ေနာက္ အသက္မေသ က်န္ရစ္ခဲ့တဲ့ အမ်ိဳးသမီးတဦးက ဗြီအိုေအကို အခုလို ေျပာျပပါတယ္။
“က်မ အိမ္နီးခ်င္းေတြ အဲ့ဒီေနရာမွာ ေျမျမႇဳပ္ခံခဲ့ရတယ္။ ေဘးခ်င္းကပ္ ေနခဲ့တဲ့ အိမ္နီးခ်င္းေတြပါ။ ႐ုရွားစစ္သားေတြက သူတို႔ စစ္ေဆးေရးဂိတ္တခု တိုက္ခိုက္ခံရလို႔ အထက္ အမိန႔္နဲ႔ အခုလို လုပ္တာလို႔ ေျပာပါတယ္။ က်မတို႔က သူတို႔ကို တိုက္ခိုက္လို႔ သူတို႔က ျပန္ ပစ္တာလို႔ ေျပာပါတယ္။ က်မတို႔ တိုက္ခန္းက လူ ႏွစ္ေယာက္ ပစ္သတ္ခံရပါတယ္။ တေယာက္ ေသသြားပါတယ္။ တေယာက္ကေတာ့ ဒဏ္ရာ ရၿပီး Kyiv ၿမိဳ႕ နားက ေဆး႐ုံမွာပါ။”
႐ုရွားတပ္ဖြဲ႕ေတြ Bucha ၿမိဳ႕ကေန ထြက္ခြာသြားၿပီးတဲ့ေနာက္ ႀကိဳးနဲ႔တုပ္ ညႇင္းပမ္း ႏွိပ္စက္ခံရသူ၊ လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္ခံရသူ၊ မီးရႈိ႕ သတ္ျဖတ္ခံရသူေတြနဲ႔ ေသနတ္နဲ႔ ပစ္သတ္ခံရသူေတြရဲ႕ အေလာင္းေတြ ၿမိဳ႕အႏွံ႔ ေနရာ အမ်ားအျပားမွာ ျပန႔္က်ဲေနတာကို လူ႔အခြင့္အေရး အဖြဲ႕ေတြနဲ႔ သတင္းသမားေတြ ကိုယ္တိုင္ သြားေရာက္ သတင္းယူခဲ့ၾကတာပါ။ ႐ုရွားတပ္ဖြဲ႕ေတြရဲ႕ ညႇင္းပမ္း ႏွိပ္စက္ သတ္ျဖတ္မႈေၾကာင့္ Bucha ၿမိဳ႕မွာ အရပ္သားျပည္သူ ၃၀၀ ထက္မနည္း ေသဆုံးခဲ့ရတယ္လို႔ Bucha ၿမိဳ႕ကို ကိုယ္တိုင္ သြားေရာက္ ၾကည့္ရႈခဲ့တဲ့ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာပါတယ္။ ဒီလုပ္ရပ္ဟာ စစ္ရာဇဝတ္မႈ က်ဴးလြန္ရာေရာက္တယ္လို႔ စြပ္စြဲၿပီး ႏိုင္ငံတကာ ခုံ႐ုံးတင္ စစ္ေဆးမႈေတြနဲ႔ ႐ုရွားကို အေရးယူေပးဖို႔လည္း သမၼတ Zelenskyy က ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ေတာင္းဆိုထားပါတယ္။
ယူကရိန္းႏိုင္ငံတြင္း အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႕ေတြကလည္း အထူး စိုးရိမ္ေနၾကတာပါ။ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ထိခိုက္ ဒဏ္ရာရ၊ ေသဆုံးသူေတြထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားအျပား ပါဝင္သလို၊ စစ္ပြဲေတြၾကား ပုန္းေအာင္ တိမ္းေရွာင္ေနရတဲ့ ကေလးငယ္ေတြ၊ စစ္ရဲ႕ အႏၷိဌာ႐ုံေတြကို ေန႔စဥ္ ႀကဳံေတြ႕ရတဲ့ ကေလးငယ္ေတြ အတြက္ စိတ္ပိုင္း ႐ုပ္ပိုင္း ထိခိုက္မႈေတြဟာ စိုးရိမ္စရာ ေကာင္းတယ္လို႔ Save the Children အဖြဲ႕က အေရးေပၚ ေဆးဝါးဆိုင္ရာ ကြၽမ္းက်င္ပညာရွင္လည္းျဖစ္၊ ကေလးကု ဆရာဝန္တဦးလည္းျဖစ္တဲ့ ေဒါက္တာ Ayesha Kadir က ေျပာပါတယ္။
"ေသနတ္သံေတြ ၾကားတာ၊ အေဆာက္အဦးေတြ တုန္ခါၿပီး ၿပိဳက် ပ်က္စီးတာ၊ အဲ့ဒီလို ၿပိဳက်တဲ့ အေဆာက္အဦးေတြထဲမွာ ရွိေနတာ၊ ကိုယ္ခ်စ္တဲ့ ခင္တဲ့ သူေတြေရာ တျခားသူေတြပါ ဒဏ္ရာရ ေသဆုံးတာေတြကို ျမင္ရတာ ဒါေတြအားလုံးဟာ ထိတ္လန႔္ တုန္လႈပ္စရာေတြပါ။ ဒါေတြကို ႀကဳံေတြ႕ရတဲ့ ကေလးငယ္ေတြအတြက္ စိတ္ဒဏ္ရာ အမ်ားႀကီး ရႏိုင္ပါတယ္။ ေနာက္တခု သတိထားရမွာက ကိုယ့္အိမ္ေတြကို ထားခဲ့ၿပီး ထြက္ေျပးခဲ့ရတဲ့ အိုးအိမ္မဲ့ ဒုကၡသည္ ကေလးငယ္ေတြ ႀကံဳေတြ႕ရတဲ့ ဆုံးရႈံးမႈနဲ႔ စိတ္ဒဏ္ရာေတြပါ။ သူတို႔နားလည္ထားတဲ့ သာမန္ ဘဝ တခုဟာ အခုခ်ိန္မွာ လုံးဝ ေျပာင္းလဲသြားတာပါ။ အေပါင္းအသင္းေတြနဲ႔ မေပ်ာ္ပါးႏိုင္ေတာ့ဘဲ၊ အိမ္ကေန ထြက္ေျပးခဲ့ရၿပီး ဘာမွ မရွိေတာ့တဲ့ အေျခအေနပါ။”
ကေလးငယ္ေတြ ႀကဳံရတဲ့ ဒီလို စိတ္ဒဏ္ရာေတြဟာ လြယ္လြယ္ကူကူနဲ႔ ေမ့ေပ်ာက္ဖို႔ မလြယ္တာေၾကာင့္ ႐ုပ္ပိုင္း စိတ္ပိုင္း က်န္းမာေရး ျပႆနာေတြ ေရရွည္ ႀကံဳရတတ္ၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အသက္ဆုံးရႈံးတာေတြ ျဖစ္ႏိုင္တယ္လို႔လည္း ေဒါက္တာ Ayesha Kadir က ေျပာပါတယ္။
“အသက္ငယ္ငယ္မွာ ေဘးဒုကၡ ဆိုးဆိုး႐ြား႐ြား ႀကဳံရတဲ့ ကေလးတေယာက္ဟာ အ႐ြယ္ေရာက္လာတဲ့အခါ စိတ္ပိုင္း ႐ုပ္ပိုင္း က်န္းမာေရးတစုံလုံး သာမန္လူေတြထက္ ပိုၿပီး ထိခိုက္ပါတယ္။ အ႐ြယ္ေစာၿပီး ေသတတ္ၾကတာေတြ ရွိပါတယ္။ ဆိုေတာ့ ငယ္႐ြယ္တုန္းမွာ နာမက်န္း ပိုျဖစ္ႏိုင္ၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ပါတယ္။”
လန္ဒန္ King ေကာလိပ္ေက်ာင္းက လူမႈအသိုင္းအဝိုင္းနဲ႔ စိတ္က်န္းမာေရး စင္တာ တြဲဖက္ ၫႊန္ၾကားေရးမႉး ပါေမာကၡ Hanna Kienzler ကလည္း ခုလို သတိေပး ပါတယ္။
“မွတ္ဉာဏ္ေတြ ကစင့္ကလ်ား ျဖစ္တဲ့ေဝဒနာ စိတ္ေရာဂါမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ကိုယ္ ႀကဳံေတြ႕ရတဲ့ အျဖစ္ဆိုးေတြ၊ ပုံရိပ္ေတြက ဦးေႏွာက္ မွတ္ဉာဏ္ထဲမွာ ျပည့္လ ွ်ံၿပီး မြမ္းက်ပ္ ဖိစီးလာတဲ့အခါ စိတ္ေရာဂါ ခံစားရၿပီး နာမက်န္း ျဖစ္လာႏိုင္တာမ်ိဳးပါ။ ဒါက ခ်က္ခ်င္း မဟုတ္ဘဲ ေနာက္ပိုင္းမွလည္း ျဖစ္လာႏိုင္ပါတယ္။ ကိုယ္ႀကံဳရၿပီး ၂ ႏွစ္ေလာက္ေနၿပီးမွ ဒါမွမဟုတ္ ဒီ့ထက္ ပို အခ်ိန္ၾကာၿပီးေတာ့မွ၊ တခါတေလ ကိုယ္ လူႀကီးဘဝ အ႐ြယ္ေရာက္ၿပီးမွ ခံစားရတာေတြရွိပါတယ္။”
ၿပီးခဲ့တဲ့ လပိုင္းေတြအထိ ပုံမွန္ ေက်ာင္းသြား လႈပ္ရွား ေပ်ာ္ပါးေနၾကတဲ့ ယူကရိန္း ကေလးငယ္ေတြဟာ ခုေတာ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္ပြဲၾကားမွာ အိုးမဲ့ အိမ္မဲ့ မေရရာတဲ့ ဘဝေတြကို ျဖတ္သန္းေနၾကရပါတယ္။ စိတ္ဒဏ္ရာေတြ ရဖို႔ လြယ္ေပမဲ့ ကုစားဖို႔ ကေတာ့ ခက္ပါတယ္။ ဒုတိယကမာၻစစ္ႀကီး ၿပီးလို႔ ၇၅ ႏွစ္ေက်ာ္ၾကာ ခုလို ၂၁ ရာစု ေခတ္ႀကီးထဲမွာ စစ္ပြဲေတြၾကား ေျပးလႊား ဒုကၡေရာက္ၾက လိမ့္မယ္လို႔ ယူကရိန္း ျပည္သူေတြ အမ်ားအျပား မေတြးခဲ့ၾကပါဘူး။
ကမာၻစစ္ကာလ အတိတ္ကို ျပန္ေရာက္ေနသလို ခံစားရတယ္လို႔ ဆိုတဲ့ အဖြား Pavlivna ကေတာ့ ၿငိမ္းခ်မ္းမႈ အျမန္ရၿပီး အိမ္ျပန္ခ်င္ၿပီလို႔ ေျပာပါတယ္။
“အဲ့ဒီအခ်ိန္တုန္းက ေက်း႐ြာေတြနဲ႔ တိုင္းျပည္ အေျခအေနကို ျပန္သတိရမိပါတယ္။ ၁၉ ၅၄ ခုႏွစ္ဟာ အင္မတန္ ခက္ခဲခဲ့တဲ့ အခ်ိန္ပါ။ က်မတို႔ ကေတာ့ ၿငိမ္းခ်မ္းေရးပဲ လိုခ်င္ပါတယ္။ စစ္သားေတြက က်မတို႔ကို ကာကြယ္ေပးႏိုင္တဲ့ အေျခအေန၊ အားလုံး အဆင္ေျပေျပနဲ႔ ၿငိမ္းခ်မ္းေရး ရတာ လိုခ်င္ပါတယ္။”
ယူကရိန္း ဒုကၡသည္ အမ်ိဳးသမီးေတြ ကေတာ့ ငယ္႐ြယ္ေသးတဲ့ သူတို႔ရဲ႕ သားသမီးေတြ၊ ေျမးေတြနဲ႔အတူ ေနရပ္ ျပန္ခြင့္ရဖို႔၊ ယူကရိန္းမွာ တည္ၿငိမ္ ေအးခ်မ္းတဲ့ အေျခအေန ျပန္ျဖစ္လာဖို႔နဲ႔ စစ္ပြဲေၾကာင့္ျဖစ္တဲ့ စိတ္ဒဏ္ရာေတြကို အျမန္ဆုံး ျပန္လည္ ကုစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါ ရွင္။
======================================================
[Unicode]
စစ်ပွဲတွေကြားက ယူကရိန်း အမျိုးသမီးနဲ့ ကလေးငယ်များ (အမျိုးသမီးကဏ္ဍ)
ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်း ဒုက္ခသည် ၄ သန်းကျော်ရှိပြီး ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အရွယ် မရောက်ကြသေးတဲ့ သူတို့ရဲ့ သားသမီးတွေကို ကာကွယ်ပေးဖို့နဲ့ ကလေးငယ်တွေရဲ့ အနာဂတ် ဆက်လက် ရှင်သန်နိုင်ဖို့ အတွက် ထွက်ခွာခဲ့ကြတာလို့ အများစုက ပြောပါတယ်။ စစ်ပွဲတွေအတွင်း ကြုံတွေ့ရတဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ စိတ်ဒဏ်ရာတွေဟာ အထူးသဖြင့် ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ရေရှည် ထိခိုက်မှုတွေ ရှိနိုင်တယ် ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေ ကလည်း သတိပေးထားပါတယ်။ ယူကရိန်း စစ်ပွဲအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ကြံုတွေ့ရတဲ့ အခြေအနေတွေထဲက တချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက် ထားပါတယ်။
ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံထဲကနေ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည် ၄ သန်းကျော် ရှိနေပြီး နောက်ထပ် ၆ သန်းကျော်ဟာလည်း နိုင်ငံတွင်းမှာ အိုးအိမ်မဲ့ ဒုက္ခကြုံတွေ့ နေကြရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ အများစုက အရွယ်စုံ မျိုးဆက်နဲ့ချီတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။
ဒီအထဲမှာ အဖွား Vira Pavlina လည်း ပါ ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေအထိ သားသမီး မြေးမြစ်တွေနဲ့ Kyiv မြို့မှာ နေထိုင်ခဲ့တဲ့ အဖွား Pavlina ဟာ ခုတော့ အိမ်နီးချင်း ပိုလန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလုံနေရပါတယ်။ အရွယ်မရောက်သေးတဲ့ သူ့မြေးတွေ ဘဝ မဆုံးရအောင် သူတို့နဲ့အတူ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့တာလို့ အဖွား Pavlina က ပြောပါတယ်။
“ယူကရိန်းကို ဗုံးကျဲ တိုက်ခိုက်ပြီး ကျေးရွာတွေကို ပစ်ခတ် တိုက်ခိုက်တဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးရတာပါ။ ကြောက်စရာ ကောင်းတဲ့ လုပ်ရပ်တွေကြောင့် လူတိုင်း ဘေးလွတ်ရာ ပြေးကြရပါတယ်။ တတ်နိုင်သလောက်တော့ မိသားစုတွေ တစုတစည်းတည်း ဖြစ်အောင် ကြိုးစားတာပါပဲ။ အပြစ်မရှိတဲ့ ကလေးတွေရဲ့ အသက်တွေ မဆုံးရှုံးရအောင် ခုလို ထွက်ပြေးလာခဲ့ရတာပါ။”
အိမ်နီးချင်း ပိုလန် နိုင်ငံတခုတည်းမှာတင် ယူကရိန်း ဒုက္ခသည် ၂ သန်းကျော် ရှိနေပါတယ်။ ဒုက္ခသည်တိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတဲ့ နာကြင်စရာ ဖြစ်ရပ်တွေ ရှိနေတာပါ။ အများစုကတော့ သူတို့ရဲ့ သားသမီး မြေးမြစ်တွေရဲ့ ဘဝတွေကို ထည့်သွင်း စဉ်းစားပြီး နေရပ်ကနေ မထွက်ခွာချင်ဘဲ ထွက်ခွာခဲ့ ကြရပါတယ်။ ကလေးနှစ်ယောက် မိခင် Yulia Usik က ခုလို ပြောပြပါတယ်။
"ဗုံးကျဲ တိုက်ခိုက်တာတွေ ၁၃ ရက် ကြုံခဲ့ရပါတယ်။ နောက်ဆုံး ကျမ ယောက်ျားက ကလေးတွေ စိတ်ဒဏ်ရာ ရမှာ စိုးရိမ်ပြီး မြို့ကနေ ထွက်ဖို့ ကျမကို ပြောပါတယ်။ အမျိုးသားကတော့ Kyiv မှာပဲ နေခဲ့ပါတယ်။ သူ့အသက်က ၃၃ နှစ်ပါ။ ကျမတို့ဆီ သူ ပြန်လာမယ်လို့တော့ ကတိပေး တာပါပဲ။”
Anna Pilyavskaya ကတော့ သူ့သမီးငယ်နဲ့အတူ Kyiv မြိ့ကနေ ဟန်ဂေရီနယ်စပ် ဖြတ်ကျော် ထွက်ပြေးလာခဲ့ပြီး ခုတော့ ဘယ်လ်ဂျီယံနိုင်ငံမှာ ခိုလုံ နေထိုင်ခွင့် ရဖို့ စောင့်နေပါတယ်။
“မိဘတွေကိုရော၊ ကျမ အမျိုးသားကိုရော မထားခဲ့ချင်လို့ စောင့် နေခဲ့ပါသေးတယ်။ ဒါပေမဲ့ တနေ့တခြား အခြေအနေက ဆိုးလာတော့ သမီး ဒုက္ခမရောက်အောင် ထွက်မှ ရလိမ့်မယ် ဆိုပြီး အမျိုးသားက ပြောပါတယ်။ ဒီလိုနဲ့ ကားပေါ် တက်ပြီး ထွက်လာခဲ့ရတာပါပဲ။”
Kyiv မြို့ကနေ ဟန်ဂေရီ နယ်စပ်အထိ ရောက်ဖို့ကိုပဲ ၃ ရက်လောက် အချိန်ယူ လာခဲ့ရတယ်လို့ Pilyavskaya က ပြောပါတယ်။
“ဗုံးကျဲခံရ၊ ဒဏ်ရာ ရတာမျိုးတွေ မကြုံရအောင် စစ်ရေးလှုပ်ရှားမှုရှိနေတဲ့ နေရာတွေကို ရှောင်ပြီး ဘေးကင်းနိုင်မယ့် လမ်းကြောင်းကို စီစဉ်ရပါတယ်။ လမ်းကျဉ်းတာကို ရွေးပြီး ညဘက်မှာလည်း ကိုယ်သိတဲ့သူတွေနဲ့ပဲ နေပြီး ခရီးဆက်ခဲ့တာပါပဲ။ တနေ့ကို ၁၅၀ ကီလိုမီတာထက် ပိုမောင်းလို့ မရခဲ့ပါဘူး။”
ခုတော့ ပီလက်ဖ်စကာယာ တို့ သားအမိဟာ ခင်ပွန်းဖြစ်သူရဲ့ မိတ်ဆွေ အကူအညီနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ရောက်နေပြီး ဘဝ ပြန်လည် စတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့လိုပဲ အခြေချ နေထိုင်ခွင့်ရဖို့ ဘရက်ဆဲလ်မြို့က ဒုက္ခသည် စိစစ်လက်ခံရေးဌာနမှာ လာရောက် စာရင်းပေးတဲ့ ယူကရိန်းဒုက္ခသည် နေ့စဉ် ၂ ထောင်ကျော် ရှိနေတယ်လို့ ဘယ်လ်ဂျီယံ အရာရှိတွေက ပြောပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပေးကြတယ် ဆိုပေမဲ့လည်း နေထိုင် စားသောက်ရေးနဲ့ အလုပ်အကိုင် ရရှိဖို့မှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ ပီလက်ဖ်စကာယာ က ပြောပါတယ်။
“အဓိက အခက်အခဲက ဘာသာစကားပါ။ ကျမဆိုရင် ကျောင်း ဆရာမ ဆိုတော့ ကလေးထိန်းတာနဲ့ သန့်ရှင်းရေး အလုပ်လောက်ပဲ လုပ်လို့ရမှာပါ။ ကျမမှာ ရှိထားတဲ့ ပညာအရည်အချင်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုက ဒီမှာ အလုပ်မဖြစ်ပါဘူး။”
ခုလို အခြေအနေကြုံရတာ ပီလက်ဖ်စကာယာ တယောက်တည်း မဟုတ်ပါဘူး။ သူ့လို ရင်ဆိုင်နေရတဲ့ ယူကရိန်း ဒုက္ခသည်တွေ ပိုလန်၊ ဘယ်လ်ဂျီယံနဲ့ တခြား ဥရောပနိုင်ငံတွေမှာ သန်းနဲ့ချီ ရှိနေတာပါ။ ဒီလို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး လွတ်မြောက်သူတွေ ရှိသလို၊ ယူကရိန်း နိုင်ငံတွင်းမှာပဲ အိုးအိမ်မဲ့ ဒုက္ခရောက်နေကြ သူတွေကလည်း သန်းနဲ့ချီ ရှိပါတယ်။
သိပ်မကြာခင်ကပဲ ရုရှားတပ်တွေ ဆုတ်ခွာ သွားခဲ့တဲ့ Kyiv မြို့တော် အနီးက Bucha မြို့မှာ ရုရှားတပ်ဖွဲ့တွေရဲ့ ညှင်းပမ်း နှိပ်စက်၊ မီးရှို့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ အရပ်သားတွေ ရာနဲ့ချီ တွေ့ခဲ့ရပြီး ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တချို့လည်း ပါ ပါတယ်။ Bucha ကနေ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ပြီးတဲ့နောက် အသက်မသေ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ကျမ အိမ်နီးချင်းတွေ အဲ့ဒီနေရာမှာ မြေမြှုပ်ခံခဲ့ရတယ်။ ဘေးချင်းကပ် နေခဲ့တဲ့ အိမ်နီးချင်းတွေပါ။ ရုရှားစစ်သားတွေက သူတို့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရလို့ အထက် အမိန့်နဲ့ အခုလို လုပ်တာလို့ ပြောပါတယ်။ ကျမတို့က သူတို့ကို တိုက်ခိုက်လို့ သူတို့က ပြန် ပစ်တာလို့ ပြောပါတယ်။ ကျမတို့ တိုက်ခန်းက လူ နှစ်ယောက် ပစ်သတ်ခံရပါတယ်။ တယောက် သေသွားပါတယ်။ တယောက်ကတော့ ဒဏ်ရာ ရပြီး Kyiv မြို့ နားက ဆေးရုံမှာပါ။”
ရုရှားတပ်ဖွဲ့တွေ Bucha မြို့ကနေ ထွက်ခွာသွားပြီးတဲ့နောက် ကြိုးနဲ့တုပ် ညှင်းပမ်း နှိပ်စက်ခံရသူ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရသူ၊ မီးရှို့ သတ်ဖြတ်ခံရသူတွေနဲ့ သေနတ်နဲ့ ပစ်သတ်ခံရသူတွေရဲ့ အလောင်းတွေ မြို့အနှံ့ နေရာ အများအပြားမှာ ပြန့်ကျဲနေတာကို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ သတင်းသမားတွေ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ကြတာပါ။ ရုရှားတပ်ဖွဲ့တွေရဲ့ ညှင်းပမ်း နှိပ်စက် သတ်ဖြတ်မှုကြောင့် Bucha မြို့မှာ အရပ်သားပြည်သူ ၃၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ Bucha မြို့ကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ စွပ်စွဲပြီး နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးမှုတွေနဲ့ ရုရှားကို အရေးယူပေးဖို့လည်း သမ္မတ Zelenskyy က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တောင်းဆိုထားပါတယ်။
ယူကရိန်းနိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း အထူး စိုးရိမ်နေကြတာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်သလို၊ စစ်ပွဲတွေကြား ပုန်းအောင် တိမ်းရှောင်နေရတဲ့ ကလေးငယ်တွေ၊ စစ်ရဲ့ အန္နိဌာရုံတွေကို နေ့စဉ် ကြုံတွေ့ရတဲ့ ကလေးငယ်တွေ အတွက် စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်မှုတွေဟာ စိုးရိမ်စရာ ကောင်းတယ်လို့ Save the Children အဖွဲ့က အရေးပေါ် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်ပညာရှင်လည်းဖြစ်၊ ကလေးကု ဆရာဝန်တဦးလည်းဖြစ်တဲ့ ဒေါက်တာ Ayesha Kadir က ပြောပါတယ်။
"သေနတ်သံတွေ ကြားတာ၊ အဆောက်အဦးတွေ တုန်ခါပြီး ပြိုကျ ပျက်စီးတာ၊ အဲ့ဒီလို ပြိုကျတဲ့ အဆောက်အဦးတွေထဲမှာ ရှိနေတာ၊ ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေရော တခြားသူတွေပါ ဒဏ်ရာရ သေဆုံးတာတွေကို မြင်ရတာ ဒါတွေအားလုံးဟာ ထိတ်လန့် တုန်လှုပ်စရာတွေပါ။ ဒါတွေကို ကြုံတွေ့ရတဲ့ ကလေးငယ်တွေအတွက် စိတ်ဒဏ်ရာ အများကြီး ရနိုင်ပါတယ်။ နောက်တခု သတိထားရမှာက ကိုယ့်အိမ်တွေကို ထားခဲ့ပြီး ထွက်ပြေးခဲ့ရတဲ့ အိုးအိမ်မဲ့ ဒုက္ခသည် ကလေးငယ်တွေ ကြံုတွေ့ရတဲ့ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေပါ။ သူတို့နားလည်ထားတဲ့ သာမန် ဘဝ တခုဟာ အခုချိန်မှာ လုံးဝ ပြောင်းလဲသွားတာပါ။ အပေါင်းအသင်းတွေနဲ့ မပျော်ပါးနိုင်တော့ဘဲ၊ အိမ်ကနေ ထွက်ပြေးခဲ့ရပြီး ဘာမှ မရှိတော့တဲ့ အခြေအနေပါ။”
ကလေးငယ်တွေ ကြုံရတဲ့ ဒီလို စိတ်ဒဏ်ရာတွေဟာ လွယ်လွယ်ကူကူနဲ့ မေ့ပျောက်ဖို့ မလွယ်တာကြောင့် ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရေး ပြဿနာတွေ ရေရှည် ကြံုရတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာ Ayesha Kadir က ပြောပါတယ်။
“အသက်ငယ်ငယ်မှာ ဘေးဒုက္ခ ဆိုးဆိုးရွားရွား ကြုံရတဲ့ ကလေးတယောက်ဟာ အရွယ်ရောက်လာတဲ့အခါ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးတစုံလုံး သာမန်လူတွေထက် ပိုပြီး ထိခိုက်ပါတယ်။ အရွယ်စောပြီး သေတတ်ကြတာတွေ ရှိပါတယ်။ ဆိုတော့ ငယ်ရွယ်တုန်းမှာ နာမကျန်း ပိုဖြစ်နိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ပါတယ်။”
လန်ဒန် King ကောလိပ်ကျောင်းက လူမှုအသိုင်းအဝိုင်းနဲ့ စိတ်ကျန်းမာရေး စင်တာ တွဲဖက် ညွှန်ကြားရေးမှူး ပါမောက္ခ Hanna Kienzler ကလည်း ခုလို သတိပေး ပါတယ်။
“မှတ်ဉာဏ်တွေ ကစင့်ကလျား ဖြစ်တဲ့ဝေဒနာ စိတ်ရောဂါမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ် ကြုံတွေ့ရတဲ့ အဖြစ်ဆိုးတွေ၊ ပုံရိပ်တွေက ဦးနှောက် မှတ်ဉာဏ်ထဲမှာ ပြည့်လ ျှံပြီး မွမ်းကျပ် ဖိစီးလာတဲ့အခါ စိတ်ရောဂါ ခံစားရပြီး နာမကျန်း ဖြစ်လာနိုင်တာမျိုးပါ။ ဒါက ချက်ချင်း မဟုတ်ဘဲ နောက်ပိုင်းမှလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ကြံုရပြီး ၂ နှစ်လောက်နေပြီးမှ ဒါမှမဟုတ် ဒီ့ထက် ပို အချိန်ကြာပြီးတော့မှ၊ တခါတလေ ကိုယ် လူကြီးဘဝ အရွယ်ရောက်ပြီးမှ ခံစားရတာတွေရှိပါတယ်။”
ပြီးခဲ့တဲ့ လပိုင်းတွေအထိ ပုံမှန် ကျောင်းသွား လှုပ်ရှား ပျော်ပါးနေကြတဲ့ ယူကရိန်း ကလေးငယ်တွေဟာ ခုတော့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကြားမှာ အိုးမဲ့ အိမ်မဲ့ မရေရာတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရပါတယ်။ စိတ်ဒဏ်ရာတွေ ရဖို့ လွယ်ပေမဲ့ ကုစားဖို့ ကတော့ ခက်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးလို့ ၇၅ နှစ်ကျော်ကြာ ခုလို ၂၁ ရာစု ခေတ်ကြီးထဲမှာ စစ်ပွဲတွေကြား ပြေးလွှား ဒုက္ခရောက်ကြ လိမ့်မယ်လို့ ယူကရိန်း ပြည်သူတွေ အများအပြား မတွေးခဲ့ကြပါဘူး။
ကမ္ဘာစစ်ကာလ အတိတ်ကို ပြန်ရောက်နေသလို ခံစားရတယ်လို့ ဆိုတဲ့ အဖွား Pavlivna ကတော့ ငြိမ်းချမ်းမှု အမြန်ရပြီး အိမ်ပြန်ချင်ပြီလို့ ပြောပါတယ်။
“အဲ့ဒီအချိန်တုန်းက ကျေးရွာတွေနဲ့ တိုင်းပြည် အခြေအနေကို ပြန်သတိရမိပါတယ်။ ၁၉ ၅၄ ခုနှစ်ဟာ အင်မတန် ခက်ခဲခဲ့တဲ့ အချိန်ပါ။ ကျမတို့ ကတော့ ငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်။ စစ်သားတွေက ကျမတို့ကို ကာကွယ်ပေးနိုင်တဲ့ အခြေအနေ၊ အားလုံး အဆင်ပြေပြေနဲ့ ငြိမ်းချမ်းရေး ရတာ လိုချင်ပါတယ်။”
ယူကရိန်း ဒုက္ခသည် အမျိုးသမီးတွေ ကတော့ ငယ်ရွယ်သေးတဲ့ သူတို့ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့အတူ နေရပ် ပြန်ခွင့်ရဖို့၊ ယူကရိန်းမှာ တည်ငြိမ် အေးချမ်းတဲ့ အခြေအနေ ပြန်ဖြစ်လာဖို့နဲ့ စစ်ပွဲကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေကို အမြန်ဆုံး ပြန်လည် ကုစားနိုင်ဖို့ မျှော်လင့်နေကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါ ရှင်။