သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်မှုဖုံးကွယ်သူကို လွတ်ငြိမ်းခွင့်ပေးလို့ အဝေဖန်ခံရတဲ့ ဟန်ဂေရီသမ္မတ ရာထူးကနုတ်ထွက်


TOPSHOT - A handout picture shows Hungary's President Katalin Novak as she announces her resignation in the presidential palace of Budapest on February 10, 2024.
TOPSHOT - A handout picture shows Hungary's President Katalin Novak as she announces her resignation in the presidential palace of Budapest on February 10, 2024.

ပြစ်မှုဖုံးကွယ်သူကို လွတ်ငြိမ်းခွင့်ပေးလို့ အဝေဖန်ခံရတဲ့ ဟန်ဂေရီသမ္မတ ရာထူးကနုတ်ထွက်

ဥရောပ အလယ်ပိုင်းက ဟန်ဂေရီနိုင်ငံမှာ ရှေးရိုးစွဲ အမျိုးသားရေးဝါဒီ သမ္မတ ကာတလင်းနိုဗက် Katalin Novák ရာထူးက နုတ်ထွက်သွားပါတယ်။ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု တခုမှာ ကြံရာပါအဖြစ် ပြစ်ဒဏ်ချမှတ်ခံရနေရတဲ့ အမျိုးသားတဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ပတ်သက်ပြီး တပတ်ကျော်ကြာ လူထုရဲ့ အမျက်ဒေါသသင့် ဝေဖန်မှုတွေ ခံရပြီးနောက်မှာ ရာထူးက နုတ်ထွက်ခဲ့တာပါ။

၂၀၂၂ ခုနှစ်က သမ္မတရာထူးယူခဲ့တဲ့ အသက် ၄၆ နှစ် အရွယ် Katalin Novák ဟာ သူနုတ်ထွက်တော့မှာ ဖြစ်ကြောင်းကို ရုပ်သံကနေ စနေနေ့က ကြေညာပါတယ်။ “လူထူ မကျေမနပ် ဖြစ်စေခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ခဲ့တဲ့ အတွက် အမှားလုပ်မိကြောင်း” Novák က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလထဲ နိုင်ငံပိုင် ကလေးစောင့်ရှောက်ရေး ဂေဟာတခုမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ဆက်တိုက် ဖြစ်ခဲ့တာကို ဖုံးကွယ်ပေးခဲ့တဲ့ အမျိုးသားတဦးရဲ့ ပြစ်ဒဏ်ကို သမ္မတအမိန့်နဲ့ ဧပြီ ၂၀၂၃ ခုနှစ်မှာ လွတ်ငြိမ်းပေးခဲ့တာပါ။ ဒီကိစ္စဟာ ၂၀၁၀ ခုနှစ်ကတည်းက ဟန်ဂေရီမှာ အာဏာရနေတဲ့ လက်ယာစွန်း အမျိုးသားရေး ပါတီ Fidesz ဦးဆောင်တဲ့ အစိုးရအတွင်း ရှားရှားပါးပါး နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်စေခဲ့တာပါ။

ဟန်ဂေရီ အစိုးရဟာ ဝန်ကြီးချုပ် ဗစ်တာအိုဘန် Viktor Orbán ရဲ့ ဦးဆောင်မှုအောက်မှာ Fidesz ပါတီဟာ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ဖြိုခွင်းပြီး ရွေးကောက်ပွဲမှာ အကြံအဖန်လုပ်သလို မီဒီယာတွေကိုလည်း အသုံးချလေ့ရှိတယ်လို့ စွပ်စွဲခံရပါတယ်။

အခု သမ္မတရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့ Novák က ဝန်ကြီးချုပ်နဲ့ ပါတီခေါင်းဆောင် Orbán ရဲ့ အဓိကမဟာမိတ် တဦးဖြစ်သလို Fidesz ရဲ့ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို သမ္မတရာထူး မယူခင်က ဟန်ဂေရီရဲ့ မိသားစုရေးရာ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Novák ဟာ မိရိုးဖလာ မိသားစုတန်ဖိုးတွေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးရေးအတွက် တက်ကြွစွာ ထုတ်ဖော်ပြောဆိုရာမှာ ထင်ရှားသူ ဖြစ်ပါတယ်။ သူဟာ ဟန်ဂေရီသမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့ပြီး ဒီရာထူးကို အသက် အငယ်ဆုံးနဲ့ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG