သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီလွှတ်တော်အတည်ပြု


တူရကီပါလီမန်အတွင်း ဆွီဒင် နေတိုးတပ်ဖွဲ့ဝင်ဖြစ်ရေး မဲပေးကြစဥ်။ (ဇန်နဝါရီ ၂၃၊ ၂၀၂၄)
တူရကီပါလီမန်အတွင်း ဆွီဒင် နေတိုးတပ်ဖွဲ့ဝင်ဖြစ်ရေး မဲပေးကြစဥ်။ (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ရေးလျှောက်ထားချက်ကို တူရကီပါလီမန်က အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီး ဒီ ဆုံးဖြတ်ချက်ကို ဆွီဒင်ဝန်ကြီးချုပ်က ကြိုဆိုလိုက်ပါတယ်။ တူရကီပါလီမန်မှာ ၂၈၇ မဲ၊ ၅၅ မဲနဲ့ အတည်ပြုလိုက်တာပါ။

နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ ဆွီဒင်ရဲ့လျှောက်ထားချက်ကို တူရကီနဲ့ဟန်ဂေရီနိုင်ငံတို့က သဘောတူညီချက် မပေးသေးတာကြောင့် တနှစ်လောက် ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ တူရကီဆန့်ကျင်ရေးအဖွဲ့တွေကို ဆွီဒင်နိုင်ငံက လက်ခံထားတာအကြောင်းပြုပြီး တူရကီက သဘောတူညီချက် မပေးဘဲထားခဲ့တာပါ။ ခုအခါမှာတော့ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် သဘောတူညီချက်ပေးဖို့ ဟန်ဂေရီနိုင်ငံပဲ ကျန်ပါတော့တယ်။

ဟန်ဂေရီနိုင်ငံရဲ့ ဒီမိုကရေစီအပေါ် ဆွီဒင်ကဝေဖန်ခဲ့တာကို အကြောင်းပြပြီး ဟန်ဂေရီ က သဘောတူညီချက် မပေးသေးတာဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကတော့ ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က ဆွီဒင်ဝန်ကြီးချုပ်ကို ဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဒါပေမဲ့ ခုအချိန်မှာ ဟန်ဂေရီနဲ့ညှိနှိုင်းဖို့ အကြောင်းမရှိသေးဘူးလို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တိုဘီးယာ့စ် ဘီလ်စထရောင်းမ် (Tobias Billstrom) က ပြောပါတယ်။ ဆွီဒင်နဲ့ ဖင်လန် နိုင်ငံတို့ ဟာ စစ်အေးကာလ ဘက်မလိုက်ရပ်တည်ခဲ့ပေမဲ့ ရုရှား ယူကရိန်း စစ်ဖြစ်မှ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG