သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင် NATO အဖွဲ့ဝင်ရေး တူရကီနဲ့ ဆွီဒင် ဆွေးနွေးမယ်


Belgium NATO Ukraine
Belgium NATO Ukraine

တူရကီနဲ့ ဆွီဒင်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေဟာ လာမယ့် ကြာသပတေးနေ့မှာ မြောက်အတ္တလန်တိတ်သဘောတူစာချုပ်အနောက်မဟာမိတ် အဖွဲ့ (NATO) ဌာနချုပ်မှာ ဆွီဒင်နိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်မယ်လို့ နေတိုး အကြီးအကဲ Jens Stoltenberg က ပြောပါတယ်။

ဆွေးနွေးပွဲမှာ တူရကီ၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ ထောက်လှမ်း ရေး အကြံပေးတွေါဝင်မှာ ဖြစ်ကြောင်း Stoltenberg က ဒီသီတင်းပတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ “နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဆွီဒင်ကို ကြိုဆိုရမယ့်အချိန်ရောက်ပြီ” လို့ Stoltenberg က ဆိုပါတယ်။

ဇူလိုင် ၁၁ ရက် နဲ့ ၁၂ ရက်တွေမှာ လစ်သူယေးနီးယားမှာ ကျင်းပမယ့် နေတိုး မဟာမိတ် နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးပွဲမှာ ဆွီဒင်ကိုအဖွဲ့ဝင် အသစ်အဖြစ်လက်ခံရေးသဘောတူဖို့ ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေက တူရကီကို တွန်းအားပေးနေတာပါ။

ဒါပေမယ့် အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်ဘက်မဟာမိတ်အဖွဲ့မှာ ဆွီဒင် နိုင်ငံကို လက်ခံဖို့ကို အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ တူရကီက သဘောတူဖို့ နှောင့်နှေးနေတာပါ။ ဆွီဒင်ဟာ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက နေတိုး အဖွဲ့ဝင် ဖြစ်ဖို့ ဖိတ်ကြားခံခဲ့ရပေမယ့် အဖွဲ့ဝင် ဖြစ်ဖို့ကို အဖွဲ့ဝင် ၃၁ နိုင်ငံစလုံးက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

တူရကီ အစိုးရ က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ကာ့ဒ်အဖွဲ့တွေကို ဆွီဒင်က ခိုအောင်းခွင့် ပေးထားတယ်လို့ တူရကီက စွပ်စွဲခဲ့ပြီး ဆွီဒင် အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းမှုကို တူရကီက ပိတ်ပင်နေတာပါ။ ဒါပေမယ့် ဆွီဒင်နဲ့ နေတိုးအဖွဲ့ကတော့ ဆွီဒင်အနေနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေ အသစ် ပြဌာန်းတာ အပါအဝင် မနှစ်က တူရကီနဲ့ သဘောတူညီခဲ့တဲ့အတိုင်း ဆွီဒင်က လုပ်ဆောင်ပေးခဲ့ဲ့လို့ ဆိုထားပါတယ်။

တူရကီဟာ ဒီနှစ် အစောပိုင်းတုန်းကတော့ ဆွီဒင်ရဲ့ အိမ်နီးချင်း ဖင်လန်နိုင်ငံကို နေတိုး အဖွဲ့ဝင် ဖြစ်ရေး ကန့်ကွက်မှုကို ပယ်ဖျက်ပေးခဲ့တဲ့အတွက် ဖင်လန်က ဧပြီလမှာ နေတိုးအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG