သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖင္လန္၊ ဆြီဒင္ ေနတိုးအဖဲြ႕၀င္ေရး တူရကီ ကန္႔ကြက္ခ်က္ ႐ုပ္သိမ္း


ဘယ္ဘက္မွ ညာဘက္သို႔: ေနတိုး အတြင္းေရးမွဴးခ်ဳပ္၊ တူရကီ သမၼတ၊ ဖင္လန္ သမၼတ၊ ဆြီဒင္ ၀န္ႀကီးခ်ဳပ္၊ တူရကီ ႏိုင္ငံျခားေရး ၀န္ႀကီး၊ ဖင္လန္ ႏိုင္ငံျခားေရး ၀န္ႀကီး၊ ဆြီဒင္ ႏိုင္ငံျခားေရး ၀န္ႀကီးတို႔ စပိန္ႏိုင္ငံ Madrid မွာ နားလည္မႈ စာခြ်န္လႊာ လက္မွတ္ေရးထိုး။ ဇြန္လ ၂၈၊ ၂၀၂၂။

(Zawgyi / Unicode)

ဆီြဒင္နဲ႔ ဖင္လန္ႏုိင္ငံေတြ NATO အဖဲြ႔၀င္ ေလွ်ာက္ထားမႈကုိ ကန္႔ကြက္ထားတဲ့ အေပၚ တူရကီႏုိင္ငံက အဂၤါေန႔မွာ ရုပ္သိမ္းေပးလုိက္ပါတယ္။

စပိန္ႏုိင္ငံမွာ ေနတုိးထိပ္သီးအစည္းအေ၀း မက်င္းပမီ ၃ ႏုိင္ငံ ထိပ္သီးေခါင္းေဆာင္ေတြ ေဆြးေႏြးခဲ့ၾကၿပီးေနာက္ လုံၿခံဳေရးဆုိင္ရာ သေဘာတူညီခ်က္ ရရွိခဲ့တဲ့အတြက္ တူရကီႏုိင္ငံက ကန္႔ကြက္ထားတာကုိ ရုပ္သိမ္းေပးခဲ့တာ ျဖစ္ပါတယ္။

ဆီြဒင္နဲ႔ ဖင္လန္ႏုိင္ငံေတြဟာ NATO အဖဲြ႔၀င္ႏုိင္ငံေတြ ျဖစ္ဖုိ႔ ဆက္လက္ လုပ္ေဆာင္ႏုိင္ေတာ့မွာ ျဖစ္ၿပီး ရုရွားရဲ႕ ၿခိမ္းေျခာက္မႈရွိေနတဲ့ ဥေရာပရဲ႕ လုံၿခဳံေရးဆုိင္ရာကိစၥမွာ ႀကီးမားတဲ့ အေျပာင္းအလဲေတြ ျဖစ္ေပၚလာတာျဖစ္ပါတယ္။

ႏုိင္ငံျခားေရး ၀န္ႀကီးေတြဟာ ၃ ႏုိင္ငံ နားလည္မႈ စာခၽြန္လႊာကုိ လက္မွတ္ေရးထုိးခဲ့ၾကၿပီး ဆီြဒင္နဲ႔ ဖင္လန္ တို႔ NATO အဖဲြ႔၀င္ျဖစ္ဖုိ႔ တူရကီက ကူညီဖိတ္ၾကားသြားမွာ ျဖစ္တယ္လုိ႔ ဖင္လန္သမၼတ Sauli Niinisto ကေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီကိစၥကုိ တူရကီနဲ႔ NATO အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg တုိ႔ကလည္းသီးျခား ေၾကညာခ်က္ေတြ ထုတ္ျပန္အတည္ျပဳခဲ့ပါတယ္။

စပိန္ႏုိင္ငံ Madrid ၿမိဳ႕ေတာ္မွာ NATO အဖြဲ႔၀င္ႏုိင္ငံ ၃၀ က ထိပ္သီးေခါင္းေဆာင္ေတြ ေတြ႔ဆုံေနၾကၿပီး အေမရိကန္ သမၼတ ဂ်ိဳးဘုိင္ဒင္လည္း ေရာက္ရွိေနပါတယ္။ သမၼတ ဂ်ိဳးဘုိင္ဒင္ဟာ တူရကီသမၼတ Erdogan နဲ႔ သီးျခားေတြ႔ဆုံဖု႔ိရွိေနၿပီး တူရကီသမၼတက F16 ဂ်က္တုိက္ေလယာဥ္ေတြ ေရာင္းေပးဖုိ႔ သမၼတ ဂ်ိဳးဘုိင္ဒင္ကုိ တုိက္တြန္းေျပာဆုိႏုိင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဖင်လန်၊ ဆွီဒင် နေတိုးအဖွဲ့ဝင်ရေး တူရကီကန့်ကွက်ချက်ရုပ်သိမ်း

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေ NATO အဖွဲ့ဝင် လျှောက်ထားမှုကို ကန့်ကွက်ထားတဲ့ အပေါ် တူရကီနိုင်ငံက အင်္ဂါနေ့မှာ ရုပ်သိမ်းပေးလိုက်ပါတယ်။

စပိန်နိုင်ငံမှာ နေတိုးထိပ်သီးအစည်းအဝေး မကျင်းပမီ ၃ နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီးနောက် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့တဲ့အတွက် တူရကီနိုင်ငံက ကန့်ကွက်ထားတာကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေဟာ NATO အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ဖို့ ဆက်လက် လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပြီး ရုရှားရဲ့ ခြိမ်းခြောက်မှုရှိနေတဲ့ ဥရောပရဲ့ လုံခြုံရေးဆိုင်ရာကိစ္စမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ၃ နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဆွီဒင်နဲ့ ဖင်လန် တို့ NATO အဖွဲ့ဝင်ဖြစ်ဖို့ တူရကီက ကူညီဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ ဖင်လန်သမ္မတ Sauli Niinisto ကကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စကို တူရကီနဲ့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg တို့ကလည်းသီးခြား ကြေညာချက်တွေ ထုတ်ပြန်အတည်ပြုခဲ့ပါတယ်။

စပိန်နိုင်ငံ Madrid မြို့တော်မှာ NATO အဖွဲ့ဝင်နိုင်ငံ ၃၀ က ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံနေကြပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လည်း ရောက်ရှိနေပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ဟာ တူရကီသမ္မတ Erdogan နဲ့ သီးခြားတွေ့ဆုံဖု့ိရှိနေပြီး တူရကီသမ္မတက F16 ဂျက်တိုက်လေယာဉ်တွေ ရောင်းပေးဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းပြောဆိုနိုင်ပါတယ်။

XS
SM
MD
LG