သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနတိုးအဖြဲ႔ဝင္သစ္တိုးခ်ဲ႕ေရး ေနတိုးအတြင္းေရးမွဴးခ်ဳပ္ တူရကီနဲ႔ ေဆြးေႏြး


UKRAINE-CRISIS/NATO-TURKEY-FINLAND

ေနတိုအဖြဲ႔ဝင္ျဖစ္ေရး ဖင္လန္နဲ႔ ဆြီဒင္ႏိုင္ငံတို႔ ေလွ်ာက္ထားမႈအေပၚ တူရကီက ဟန႔္တားေနမႈကို ေျဖရွင္းဖို႔ ေနတိုးအႀကီးအကဲက ႀကိဳးစားေနပါတယ္။

ေနတိုး အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ဟာ ဖင္လန္ဝန္ႀကီးခ်ဳပ္ Sanna Marin နဲ႔ ဒီအပတ္ထဲ အေမရိကန္ ခရီးစဥ္အတြင္း ေတြ႔ဆုံခဲ့သလို၊ တူရကီ သမၼတ Recep Tayyip Erdogan နဲလည္း ဖုန္းေျပာဆိုၿပီး အဖြဲ႔ဝင္သစ္ လက္ခံေရး ေျပလည္ဖို႔ ညႇိဳႏႈိင္းခဲ့ပါတယ္။

ေနတိုး ခ်ဲ ႔ထြင္ေရးအပၚ အဖြဲ႔ဝင္တူရကီဘက္က ကန႔္ကြက္ေနတဲ့အေပၚ ညႇိဳႏႈိင္းခဲ့တာကို ေနတိုးအႀကီးအကဲက အင္တာနက္ တြစ္တာမွာ ေဖာ္ျပလိုက္တာပါ။ ႐ုရွားႏိုင္ငံကေတာ့ ေနတိုးအဖြဲ႕ ခ်ဲထြင္မႈကိုအေၾကာင္းျပၿပီး ယူကရိန္းကို က်ဴးေက်ာ္စစ္ဆင္ခဲ့တာပါ။

ဖင္လန္နဲ႔ ဆြီဒင္ႏိုင္ငံေတြဟာ တူရကီအစိုးရကို ဆန႔္က်င္တဲ့ အၾကမ္းဖက္ေတြကို ကူညီေနတာေၾကာင့္လို႔ဆိုၿပီး တူရကီဖက္က ေနတိုးအဖြဲ႔ဝင္သစ္ လက္ခံေရးကို ကန႔္ကြက္ေနပါတယ္။ ဖင္လန္နဲ႔ ဆြီဒင္တို႔လည္း ႐ုရွားက်ဳးေက်ာ္စစ္ေၾကာင့္ ေနတိုးအဖြဲ႔ဝင္သစ္ျဖစ္ဖို႔ လိုလားေလွ်ာက္လာၾကတာပါ။

တူရကီရဲ႕ စိုးရိမ္ခ်က္ကို ေျဖရွင္းေပးဖို႔လိုသလို၊ အဖြဲ႔ဝင္သစ္ေတြ လက္ခံေရးကို ေရွ႕ဆက္လုပ္ဖို႔ လိုအပ္ခ်က္ေတြ တူရကီသမၼတ Erdogan နဲ႔ မေန႔က ေဆြးေႏြးခဲ့ၾကတယ္လို႔ ေနတိုး အတြင္းေရးမွဴးခ်ဳပ္ Stoltenberg က ေျပာပါတယ္။ ဖုန္းနဲ႔ေဆြးေႏြးေျပာဆိုမႈဟာ အျပဳသေဘာရလဒ္ ရိွတယ္လို႔လည္း ေျပာပါတယ္။

ေနတိုးအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဝါရွင္တန္ခရီးစဥ္အတြင္း အေမရိကန္သမၼတနဲ႔ ၾကာသာပေတးေန႔က ေတြ႔ခဲ့တာပါ။ ေနတိုးထိပ္သီးပြဲအတြက္ ျပင္ဆင္မႈအျပင္ ေနတိုးအဖြဲ႔ဝင္သစ္ တိုးေရးအတြက္ တူရကီ၊ ဖင္လန္ နဲ႔ ဆြီဒင္ထိပ္တန္းအရာရွိေတြနဲ႔ ညႇိႏႈိင္းဖို႔ဆိုတာေတြကို ေနတိုးအႀကီးအကဲက ကန္သမၼတကို ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

=== Unicode ===

နေတိုအဖွဲ့ဝင်ဖြစ်ရေး ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ လျှောက်ထားမှုအပေါ် တူရကီက ဟန့်တားနေမှုကို ဖြေရှင်းဖို့ နေတိုးအကြီးအကဲက ကြိုးစားနေပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg ဟာ ဖင်လန်ဝန်ကြီးချုပ် Sanna Marin နဲ့ ဒီအပတ်ထဲ အမေရိကန် ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သလို၊ တူရကီ သမ္မတ Recep Tayyip Erdogan နဲလည်း ဖုန်းပြောဆိုပြီး အဖွဲ့ဝင်သစ် လက်ခံရေး ပြေလည်ဖို့ ညှိုနှိုင်းခဲ့ပါတယ်။

နေတိုး ချဲ့ထွင်ရေးအပါ် အဖွဲ့ဝင်တူရကီဘက်က ကန့်ကွက်နေတဲ့အပေါ် ညှိုနှိုင်းခဲ့တာကို နေတိုးအကြီးအကဲက အင်တာနက် တွစ်တာမှာ ဖော်ပြလိုက်တာပါ။ ရုရှားနိုင်ငံကတော့ နေတိုးအဖွဲ့ ချဲထွင်မှုကိုအကြောင်းပြပြီး ယူကရိန်းကို ကျူးကျော်စစ်ဆင်ခဲ့တာပါ။

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေဟာ တူရကီအစိုးရကို ဆန့်ကျင်တဲ့ အကြမ်းဖက်တွေကို ကူညီနေတာကြောင့်လို့ဆိုပြီး တူရကီဖက်က နေတိုးအဖွဲ့ဝင်သစ် လက်ခံရေးကို ကန့်ကွက်နေပါတယ်။ ဖင်လန်နဲ့ ဆွီဒင်တို့လည်း ရုရှားကျုးကျော်စစ်ကြောင့် နေတိုးအဖွဲ့ဝင်သစ်ဖြစ်ဖို့ လိုလားလျှောက်လာကြတာပါ။

တူရကီရဲ့ စိုးရိမ်ချက်ကို ဖြေရှင်းပေးဖို့လိုသလို၊ အဖွဲ့ဝင်သစ်တွေ လက်ခံရေးကို ရှေ့ဆက်လုပ်ဖို့ လိုအပ်ချက်တွေ တူရကီသမ္မတ Erdogan နဲ့ မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ နေတိုး အတွင်းရေးမှူးချုပ် Stoltenberg က ပြောပါတယ်။ ဖုန်းနဲ့ဆွေးနွေးပြောဆိုမှုဟာ အပြုသဘောရလဒ် ရှိတယ်လို့လည်း ပြောပါတယ်။

နေတိုးအတွင်းရေးမှူးချုပ်ရဲ့ ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတနဲ့ ကြာသာပတေးနေ့က တွေ့ခဲ့တာပါ။ နေတိုးထိပ်သီးပွဲအတွက် ပြင်ဆင်မှုအပြင် နေတိုးအဖွဲ့ဝင်သစ် တိုးရေးအတွက် တူရကီ၊ ဖင်လန် နဲ့ ဆွီဒင်ထိပ်တန်းအရာရှိတွေနဲ့ ညှိနှိုင်းဖို့ဆိုတာတွေကို နေတိုးအကြီးအကဲက ကန်သမ္မတကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG