သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန်နဲ့ ဆွီဒင် NATO အဖွဲ့ဝင်လျှောက်ထား


NATO အဖွဲ့ဝင်အဖြစ်လျှောက်ထားခဲ့တဲ့ ဖင်လန်နိုင်ငံ သံအမတ်(ဝဲ) ဆွီဒင်သံအမတ် (ယာ) နဲ့ နေတိုးစစ်စာချုပ်အဖွဲ့အကြီးအကဲ ens Stoltenberg (မေ ၁၈၊ ၂၀၂၂)
NATO အဖွဲ့ဝင်အဖြစ်လျှောက်ထားခဲ့တဲ့ ဖင်လန်နိုင်ငံ သံအမတ်(ဝဲ) ဆွီဒင်သံအမတ် (ယာ) နဲ့ နေတိုးစစ်စာချုပ်အဖွဲ့အကြီးအကဲ ens Stoltenberg (မေ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရုရှားကျူးကျော်စစ်အရှိန်ကြောင့် အိမ်နီးချင်းဖင်လန်နဲ့ နောက် ဆွီဒင်တို့ နေတိုး စစ်မဟာမိတ်အဖွဲ့ဝင်ဖို့ တရားဝင် လျှောက်ထားလိုက်ပါပြီ။

အခုလိုလျှောက်လွှာတွေကို နေတိုး မြောက်အတ္တလန်တစ်စစ်စာချုပ်အဖွဲ့ အကြီးအကဲ Jens Stoltenberg ကလက်ခံပြီးတဲ့နောက် ဖင်လန်နဲ့ ဆွီဒင်သံအမတ်ကြီး ၂ ဦးနဲ့တွဲပြီး နေတိုးဌာနချုပ်ကနေ ဒီနေ့ ကြေညာလိုက်တာပါ။

ဒီနေ့ဟာ လုံခြုံရေးအတွက်အရေးပါတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး နေတိုးချဲ့ထွင်မှု အရေးကြီးလာတာကို မဟာမိတ်တွေအားလုံးက နားလည်လက်ခံလာတာလည်းဖြစ်တယ်လို့ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး Stolenberg က ဆိုပါတယ်။

ဒါ့အပြင် အားလုံး တညီတညွတ်တည်း ဝိုင်းရပ်တည်မှရတော့မယ်ဆိုတာကိုလည်း အားလုံးက လက်ခံလာပြီး ဒီ သမိုင်းဝင်အခိုက်အတန့်ကို လက်မလွှတ်တမ်း အမိအရဆုပ်ကိုင်သွားမှ ဖြစ်မယ်လို့ Stoltenberg က ဆက်ပြောပါတယ်။

ဖင်လန်လွှတ်တော်အနေနဲ့ အခုလို နေတိုးအဖွဲ့ဝင်ဖို့ ဒီနေ့ မနက်မှာပဲ ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ၈ မဲနဲ့ တခဲနက် မဲပေးဆုံးဖြတ်ခဲ့ကြအပြီး အခုလို နေတိုး ကြေညာချက် ချက်ချင်း ထွက်လာတာပါ။

တကယ်တော့ စစ်အေးကာလအစကတည်းက နေတိုးမဝင်ဘဲ စစ်ရေး ကြားနေအဖြစ် တောက်လျှောက် ရပ်တည်လာခဲ့တဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ ယူကရိန်းကို ရုရှားကျူးကျော်လာမှုကြောင့် စိုးရိမ်ကြီးပြီး နောက်ဆုံး သမိုင်းဝင် ရပ်တည်ချက် ပြောင်းသွားရတာပါ ခင်ဗျာ။

ဖင်လန်နဲ့ ဆွီဒင် NATO အဖွဲ့ဝင်လျှောက်ထား
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

=========

[[Unicode]]







=========

XS
SM
MD
LG