သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ဖို့ ဖင်လန် တရားဝင်ကြေညာ


ဖင်လန်ဝန်ကြီးချုပ် Sanna Marin (ဝဲ) နဲ့ သမ္မတ Sauli Niinistö. (မေ ၁၅၊ ၂၀၂၂)
ဖင်လန်ဝန်ကြီးချုပ် Sanna Marin (ဝဲ) နဲ့ သမ္မတ Sauli Niinistö. (မေ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

ဥရောပမြောက်ပိုင်းဒေသ ဖင်လန်နိုင်ငံ NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားမယ်လို့ ဖင်လန်သမ္မတနဲ့ အစိုးရက ကြေညာလိုက်ပါတယ်။ ဖင်လန်နိုင်ငံက သူတို့ဆုံးဖြတ်ချက်ကို ဟယ်လ်ဆင်ကီမြို့တော်က သမ္မတအိမ်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကြေညာသွားတာပါ။

“ဖင်လန်လွှတ်တော်ကို တင်သွင်းကြားနာပြီးရင် NATO အဖွဲ့ဝင်လျှောက်လွှာ တင်သွင်းဖို့ ဒီကနေ့ပဲ သမ္မတနဲ့ အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ ကော်မတီတို့ အတူအကွ ဆုံးဖြတ်ခဲ့ကြတယ်” လို့ ဖင်လန်သမ္မတ Sauli Niinisto က ပြောသွားပါတယ်။

ဝန်ကြီးချုပ် Sanna Marin ကလည်း “ဒီနေ့ ကျမတို့အစိုးရနဲ့ သမ္မတကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လာမယ့်ရက်တွေအတွင်း လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောသွားပါတယ်။

ဖင်လန်လွှတ်တော်က ဒီဆုံးဖြတ်ချက်ကို လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုပေးမယ်လို့ ခန့်မှန်းရပြီး ဒါကလည်း တရားဝင်ဖြစ်အောင် လုပ်ထုံးလုပ်နည်းအရ လုပ်ရတာပဲ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်က NATO ရုံးချုပ်မှာ လျှောက်လွှာတင်သွင်းရမှာဖြစ်ပြီး ဒါကလည်း နောက်သီတင်းပတ်အတွင်း ဖြစ်မယ်လို့ ယူဆရပါတယ်။

NATO ထိပ်တန်းသံတမန်တွေကတော့ ဖင်လန်၊ ဆွီဒင်နဲ့ တခြားနိုင်ငံတွေ NATO အဖွဲ့ထဲဝင်ဖို့ လုပ်တာနဲ့ ပတ်သက်လို့ရယ်၊ ယူကရိန်းကို ဘယ်လိုရှေ့ဆက် ထောက်ပံ့ကူညီရမလဲ ဆိုတာတွေကို ဆွေးနွေးဖို့ ဘာလင်မြို့တော်မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြတာပါ။

ဆွီဒင်နိုင်ငံကတော့ နေတိုးအဖွဲ့ထဲဝင်ဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အခုလို ဖင်လန်နဲ့ ဆွီဒင်က NATO အဖွဲ့ဝင်ဖို့ လုပ်ဆောင်တာကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးတယ်လို့ ပြောထားပါတယ်။

နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ဖို့ ဖင်လန် တရားဝင်ကြေညာ
please wait

No media source currently available

0:00 0:01:51 0:00
တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG