သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့မဝင်ဖို့ ရုရှားသမ္မတ သတိပေး


ရုရှားသမ္မတ Vladimir Putin. (မေ ၅၊ ၂၀၂၂)
ရုရှားသမ္မတ Vladimir Putin. (မေ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ဖင်လန်နိုင်ငံ NATO မဟာမိတ်အဖွဲ့ကို ဝင်မယ်ဆိုရင် မှားလိမ့်မယ်လို့ ရုရှားသမ္မတ Vladimir Putin က ဖင်လန်သမ္မတကို ပြောလိုက်ကြောင်း ရုရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

NATO အဖွဲ့ကို ဝင်ချင်တဲ့ သဘောထားနဲ့ ပတ်သက်လို့ ရုရှားသမ္မတနဲ့ ဆွေးနွေးဖို့ ဖင်လန်နိုင်ငံဘက်က ကမ်းလှမ်းခဲ့တာလို့လည်း ဖင်လန်သမ္မတ Sauli Niinisto ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သွယ်ဝိုက်မှုမရှိတဲ့ တိုက်ရိုက်ဆွေးနွေးမှုဟာ ချောချောမောမော ရှိခဲ့ပြီး တင်းမာမှုတွေကို ရှောင်ရှားနိုင်ဖို့ အရေးကြီးတယ်လို့ ယူဆကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စနေနေ့က တယ်လီဖုန်းဆက်သွယ် ပြောကြားချက်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရထုတ်တဲ့ ကြေညာချက်ထဲမှာတော့ ဖင်လန်နိုင်ငံက ကြားနေရေးမူဝါဒကို စွန့်လွှတ်လိုက်တာဟာ ၂ နိုင်ငံဆက်ဆံရေးအတွက် အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ရုရှားသမ္မတက ဖင်လန်သမ္မတကို ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဖင်လန်သမ္မတနဲ့ ဝန်ကြီးချုပ် Sanna Marin တို့ကတော့ NATO မဟာမိတ်အဖွဲ့ကို အချိန်မဆိုင်းဘဲ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်လိုကြောင်း ကြာသပတေးနေ့မှာပဲ ပြောဆိုခဲ့ကြတာပါ။

အစဉ်အလာအားဖြင့် ကြားနေရေးမူဝါဒရှိတဲ့ ဖင်လန်နိုင်ငံဟာ မကြာခင်ရက်တွေမှာ NATO အဖွဲ့ဝင်အဖြစ် လက်ခံဖို့ တရားဝင် လျှောက်ထားလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ NATO အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးမှာလည်း မဟာမိတ်အဖွဲ့တိုးချဲ့ရေး အစီအစဉ်ကို အာရုံစိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့မဝင်ဖို့ ရုရှားသမ္မတ သတိပေး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)









XS
SM
MD
LG