သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဗုံးကြဲလို့ ယူကရိန်းစာသင်ကျောင်းမှာ ခိုလှုံနေသူ ဒါဇင်နဲ့ချီ သေဆုံး


ရုရှားဗုံးကြဲမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ယူကရိန်းစာသင်ကျောင်းမှာ မီးငြှိမ်းသတ်နေတဲ့ ကယ်ဆယ်ရေးဝန်ထမ်းများ။ (မေ ၈၊ ၂၀၂၂)
ရုရှားဗုံးကြဲမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ယူကရိန်းစာသင်ကျောင်းမှာ မီးငြှိမ်းသတ်နေတဲ့ ကယ်ဆယ်ရေးဝန်ထမ်းများ။ (မေ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသမှာ တနင်္ဂနွေနေ့က ရုရှားတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Bilohorivka မှာရှိတဲ့ လူ ၉၀ လောက် ခိုလှုံနေတဲ့ စာသင်ကျောင်းတကျောင်းဟာ မြေပေါ်မှာ ပြားပြားဝပ်ပျက်စီးသွားပြီး အဲဒီထဲက ၃၀ လောက်ကိုပဲ ကယ်တင်နိုင်ခဲ့တယ်လို့ Luhansk အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီဒေသမှာ သီတင်းပတ်နဲ့ချီပြီး ရုရှားနဲ့ ယူကရိန်းတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာဖြစ်ပြီး ကျန် ၆၀ လောက်ကတော့ အပျက်စီးပုံတွေအောက်မှာ ရှိနေပြီး ခုချိန်ဆို အသက်ရှင်ကျန်ဖို့ မလွယ်ဘူးလို့လည်း အုပ်ချုပ်ရေးမှူး Serhiy Haidai က တယ်လီဂရမ် လူမှုကွန်ရက်ကနေ ပြောပါတယ်။ ဒါ့အပြင် အနားက Pryvillia မြို့ကလေးမှာလည်း အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦး ကျည်ထိမှန် သေဆုံးရတယ်လို့ ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီကို အောင်နိုင်တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ V Day မတိုင်ခင်မှာ ရုရှားက သူ့ရဲ့ ယူကရိန်းအရှေ့ပိုင်းထိုးစစ် အောင်မြင်မှုရှိကြောင်း ပြသဖို့ Donbas ဒေသမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကနေဒါဝန်ကြီးချုပ် Justin Trudeau က Kyiv ကို မကြေညာဘဲ သွားရောက်ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံခဲ့သလို အဲဒီမှာ ကနေဒါသံရုံး ပြန်ဖွင့်ပေးခဲ့တာပါ။

အမေရိကန်အစိုးရကလည်း Kyiv မှာ သံရုံးပြန်ဖွင့်ဖို့ လုပ်နေတာဖြစ်ပြီး ယာယီသံအမတ်ကြီး Kristina Kvien အပါအဝင် အမေရိကန် ထိပ်ပိုင်းသံအရာရှိတွေလည်း Kyiv ကို ပြန်သွားနေပြီဖြစ်ပါတယ်။

ရုရှားအစိုးရက Kyiv ကို သိမ်းပိုက်ပြီး ယူကရိန်းအစိုးရကို ဖြုတ်ချဖို့လုပ်တာ မအောင်မြင်တဲ့နောက် ယူကရိန်းနိုင်ငံတလွှား မစ်ဇိုင်းဒုံးတွေနဲ့ ဆက်လက်တိုက်ခိုက်ရင်း Donbas ဒေသကို အခုသီတင်းပတ်တွေ အတွင်းမှာပဲ ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)








XS
SM
MD
LG