သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတနဲ႔ G-7 ေခါင္းေဆာင္ေတြ အြန္လိုင္းကေတြ႔ဆုံ


ယူကရိန္းသမၼတ Volodymyr Zelenskyy.

(Zawgyi / Unicode)

ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ G-7 စက္မႈထိပ္သီး ၇ ႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ ဒီကေန႔ တနဂၤေႏြေန႔မွာ အြန္လိုင္းက ေတြ႔ဆုံေဆြးေႏြးဖို႔ ရွိေနပါတယ္။

ေဖေဖာ္ဝါရီလကစလို႔ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနတာကို ခုခံတြန္းလွန္ေနတဲ့ ယူကရိန္းကို ေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔ ၿဗိတိန္၊ ကေနဒါ၊ ျပင္သစ္၊ အီတလီ၊ ဂ်ပန္၊ ဂ်ာမနီနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ ပါဝင္တဲ့ G-7 ႏိုင္ငံေတြက ေခါင္းေဆာင္ေတြဟာ ယူကရိန္းသမၼတနဲ႔ အခုလို အြန္လိုင္းက ေတြ႔ဆုံေဆြးေႏြးၾကတာ ျဖစ္ပါတယ္။ ယူကရိန္းအတြက္ စစ္ေရးအကူအညီအျဖစ္ G-7 ႏိုင္ငံေတြက ေဒၚလာ ဘီလီယံေပါင္းမ်ားစြာ ကူညီေပးဖို႔ ကတိျပဳထားၾကပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ ေတြ႔ဆုံမႈဟာ ႐ုရွားက နာဇီေတြကို ေအာင္ပြဲခံလိုက္တဲ့ ၇၇ ႀကိမ္ေျမာက္ ေအာင္ပြဲေန႔မတိုင္ခင္ တရက္အလိုမွာ ျပဳလုပ္တာလည္း ျဖစ္ပါတယ္။ ဒီအားလပ္ရက္ကို ႐ုရွားႏိုင္ငံတဝန္း ခ်ီတက္ပြဲေတြ ျပဳလုပ္ က်င္းပၾကေလ့ ရွိပါတယ္။

မနက္ျဖန္ တနလၤာေန႔မွာျပဳလုပ္မယ့္ ေအာင္ပြဲေန႔မတိုင္ခင္ ႐ုရွားတို႔က ယူကရိန္းအေပၚ ထိုးစစ္ဆင္ တိုက္ခိုက္မႈေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ႏိုင္ေၾကာင္း ယူကရိန္းအာဏာပိုင္ေတြက ျပည္သူေတြကို သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီအေတာအတြင္း ယူကရိန္းႏိုင္ငံ Lugansk ေဒသအတြင္း စစ္ေဘးေရွာင္သူေတြ ခိုလႈံေနတဲ့ စာသင္ေက်ာင္းကို ေလေၾကာင္းက တိုက္ခိုက္ခံလိုက္ရတဲ့အတြက္ အနည္းဆုံး လူ ၆၀ ေလာက္ ေသဆုံးႏိုင္ေၾကာင္း အဲဒီေဒသရဲ႕ အုပ္ခ်ဳပ္ေရးမွဴးက ဒီကေန႔ ေျပာပါတယ္။ လူ ၉၀ ေလာက္ ခိုလႈံေနတဲ့ အဲဒီစာသင္ေက်ာင္းဟာ လုံးဝ ပ်က္စီးသြားတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ယူကရိန်းသမ္မတနဲ့ G-7 ခေါင်းဆောင်တွေ အွန်လိုင်းကတွေ့ဆုံ

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ G-7 စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ အွန်လိုင်းက တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဖေဖော်ဝါရီလကစလို့ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ G-7 နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ယူကရိန်းသမ္မတနဲ့ အခုလို အွန်လိုင်းက တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် G-7 နိုင်ငံတွေက ဒေါ်လာ ဘီလီယံပေါင်းများစွာ ကူညီပေးဖို့ ကတိပြုထားကြပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ တွေ့ဆုံမှုဟာ ရုရှားက နာဇီတွေကို အောင်ပွဲခံလိုက်တဲ့ ၇၇ ကြိမ်မြောက် အောင်ပွဲနေ့မတိုင်ခင် တရက်အလိုမှာ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ဒီအားလပ်ရက်ကို ရုရှားနိုင်ငံတဝန်း ချီတက်ပွဲတွေ ပြုလုပ် ကျင်းပကြလေ့ ရှိပါတယ်။

မနက်ဖြန် တနင်္လာနေ့မှာပြုလုပ်မယ့် အောင်ပွဲနေ့မတိုင်ခင် ရုရှားတို့က ယူကရိန်းအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နိုင်ကြောင်း ယူကရိန်းအာဏာပိုင်တွေက ပြည်သူတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ယူကရိန်းနိုင်ငံ Lugansk ဒေသအတွင်း စစ်ဘေးရှောင်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်ခံလိုက်ရတဲ့အတွက် အနည်းဆုံး လူ ၆၀ လောက် သေဆုံးနိုင်ကြောင်း အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူးက ဒီကနေ့ ပြောပါတယ်။ လူ ၉၀ လောက် ခိုလှုံနေတဲ့ အဲဒီစာသင်ကျောင်းဟာ လုံးဝ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG