သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားထိုးစစ္ ပိုျပင္းထန္လာေခ်ရွိ၊ ယူကရိန္းအရာရွိေတြ သတိေပး


ယူကရိန္းႏုိင္ငံ Bakhmut ၿမိဳ႕မွာ ႐ုရွားဒုံးက်ည္နဲ႔ တုိက္ခုိက္မႈေၾကာင့္ ပ်က္စီးသြားတဲ့ ေနအိမ္ကို ၾကည့္႐ႈေနတဲ့ အမ်ဳိးသမီးတဦး။ (ေမ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားရဲ႕ နာဇီေတာ္လွန္ေရးေအာင္ပြဲ အခမ္းအနားမတိုင္ခင္ ယူကရိန္းမွာ ထိုးစစ္ပိုျပင္းလာႏိုင္တာ ျပင္ဆင္ထားဖို႔ သတိေပးမႈေတြ ရွိေနပါတယ္။

ေရွ႕အပတ္ တနလၤာေန႔ က်ေရာက္မယ့္ နာဇီဂ်ာမနီအေပၚ ႐ုရွားေအာင္ပြဲခံခဲ့မႈ ၇၇ ႏွစ္ေျမာက္ အခမ္းအနားမွာ သမၼတ Vladimir Putin မိန္႔ခြန္းေျပာဖို႔ ရွိေနခ်ိန္ ဒီ စေန တနဂၤေႏြ အားလပ္ရက္ထဲ အခုလို တိုက္ပြဲျပင္းလာမွာ စိုးရိမ္ၿပီး ယူကရိန္းအရာရွိေတြက သတိေပးေနတာပါ။

႐ုရွားႏိုင္ငံတဝန္း လုပ္ေလ့ရွိတဲ့ ဒီစစ္ေရးျပအခမ္းအနားမွာ သမၼတ Putin အေနနဲ႔ ယူကရိန္းကို လက္နက္အျပည့္ ေထာက္ပံ့ေပးေနတဲ့ အေနာက္ႏိုင္ငံေတြကို ဝင္အနာမခံဖို႔ ေနာက္ဆံုးသတိေပးစကား ပါးႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ဒါေပမဲ့ ႏ်ဴကလီးယားလက္နက္ ပိုင္ထားတဲ့ ႐ုရွားဘက္က ေနာက္ဆံုးမွာ ႏ်ဴကလီးယားလက္နက္ သံုးလာမွာ အေနာက္ႏိုင္ငံေတြဘက္က စိုးရိမ္မႈတခ်ိဳ႕ ရွိေနခ်ိန္မွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရကေတာ့ အခုလိုသံုးဖို႔ မရွိပါဘူးလို႔ မေန႔ကပဲ ထုတ္ေျပာခဲ့ပါတယ္။

႐ုရွားႏိုင္ငံျခားေရးေျပာခြင့္ရ Alexei Zaitsev က “ႏ်ဴကလီးယားစစ္ပြဲ ျဖစ္လာရင္ ဘယ္သူမွ ႏိုင္မွာမဟုတ္ဘူးဆိုတဲ့ အေျခခံစည္းမ်ဥ္းကို အခိုုင္အမာ ဆုပ္ကိုင္ထားတာမို႔ ထုတ္သံုးမွာ မဟုတ္ဘူး။” လို႔ ကတိေပးခဲ့ပါတယ္။

အခုလိုအခ်ိန္မွာ ယူကရိန္းႏိုင္ငံ ဒုတိယအႀကီးဆံုးၿမိဳ႕ Kharkiv ကို ႐ုရွားဘက္က ဗံုးႀကဲတိုက္ခိုက္မႈေတြ ဆက္လုပ္ေနၿပီး ယူကရိန္းအေရွ႕ပိုင္း တျခားေနရာေတြကိုလည္း ေသြးတိုးစမ္းေနတယ္လို႔ ယူကရိန္းစစ္တပ္က ဒီေန႔ ထုတ္ျပန္ထားပါတယ္။

---------------------------

(Unicode)

ရုရှားထိုးစစ် ပိုပြင်းထန်လာချေရှိ၊ ယူကရိန်းအရာရှိတွေ သတိပေး

ရုရှားရဲ့ နာဇီတော်လှန်ရေးအောင်ပွဲ အခမ်းအနားမတိုင်ခင် ယူကရိန်းမှာ ထိုးစစ်ပိုပြင်းလာနိုင်တာ ပြင်ဆင်ထားဖို့ သတိပေးမှုတွေ ရှိနေပါတယ်။

ရှေ့အပတ် တနင်္လာနေ့ ကျရောက်မယ့် နာဇီဂျာမနီအပေါ် ရုရှားအောင်ပွဲခံခဲ့မှု ၇၇ နှစ်မြောက် အခမ်းအနားမှာ သမ္မတ Vladimir Putin မိန့်ခွန်းပြောဖို့ ရှိနေချိန် ဒီ စနေ တနင်္ဂနွေ အားလပ်ရက်ထဲ အခုလို တိုက်ပွဲပြင်းလာမှာ စိုးရိမ်ပြီး ယူကရိန်းအရာရှိတွေက သတိပေးနေတာပါ။

ရုရှားနိုင်ငံတဝန်း လုပ်လေ့ရှိတဲ့ ဒီစစ်ရေးပြအခမ်းအနားမှာ သမ္မတ Putin အနေနဲ့ ယူကရိန်းကို လက်နက်အပြည့် ထောက်ပံ့ပေးနေတဲ့ အနောက်နိုင်ငံတွေကို ဝင်အနာမခံဖို့ နောက်ဆုံးသတိပေးစကား ပါးနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ နျူကလီးယားလက်နက် ပိုင်ထားတဲ့ ရုရှားဘက်က နောက်ဆုံးမှာ နျူကလီးယားလက်နက် သုံးလာမှာ အနောက်နိုင်ငံတွေဘက်က စိုးရိမ်မှုတချို့ ရှိနေချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အခုလိုသုံးဖို့ မရှိပါဘူးလို့ မနေ့ကပဲ ထုတ်ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးပြောခွင့်ရ Alexei Zaitsev က “နျူကလီးယားစစ်ပွဲ ဖြစ်လာရင် ဘယ်သူမှ နိုင်မှာမဟုတ်ဘူးဆိုတဲ့ အခြေခံစည်းမျဉ်းကို အခိုင်အမာ ဆုပ်ကိုင်ထားတာမို့ ထုတ်သုံးမှာ မဟုတ်ဘူး။” လို့ ကတိပေးခဲ့ပါတယ်။

အခုလိုအချိန်မှာ ယူကရိန်းနိုင်ငံ ဒုတိယအကြီးဆုံးမြို့ Kharkiv ကို ရုရှားဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး ယူကရိန်းအရှေ့ပိုင်း တခြားနေရာတွေကိုလည်း သွေးတိုးစမ်းနေတယ်လို့ ယူကရိန်းစစ်တပ်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG