သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သံမဏိစက္ရံုထဲက ယူကရိန္း အရပ္သားေတြကို ကုလကယ္ထုတ္မည္


Azovstal သံမဏိစက္ရံုဝင္းထဲက ကယ္ထုတ္ခဲ့တဲ့ ယူကရိန္းအရပ္သားအခ်ဳိ႕။ (ေမ ၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းေတာင္ပိုင္း Mariupol ဆိပ္ကမ္းၿမိဳ႕က ႐ုရွားတပ္ေတြ ပိတ္ဆို႔ထားတဲ့ Azovstal သံမဏိစက္ရံုဝင္းထဲမွာရွိတဲ့ ယူကရိန္းအရပ္သား အေယာက္ ၁,၀၀၀ ထက္မနည္းကို ေဘးလြတ္ရာ ကယ္ထုတ္ဖို႔ လုပ္ေနတယ္လို႔ ကုလသမဂၢက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဒီကယ္ဆယ္ေရးလုပ္ငန္းကို စေနေန႔မွာ စတင္ခဲ့တာျဖစ္ၿပီး ႐ုရွားနဲ႔ ယူကရိန္း အရာရွိေတြနဲ႔အတူ ICRC ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာ ျဖစ္ေၾကာင္း UNOCHA ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔က ေျပာပါတယ္။ ကယ္ဆယ္ေရးလုပ္ငန္းကို မထိခိုက္ေစခ်င္တဲ့အတြက္ အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း အခုဆို လူအေယာက္ ၁၀၀ ေလာက္ပါတဲ့ ပထမအသုတ္ဟာ ထိန္းခ်ဳပ္နယ္ေျမကို ဦးတည္သြားေရာက္ေနၿပီျဖစ္ၿပီး တနလၤာေန႔မွာေတာ့ သူတို႔ကို Zaporizhzhia ၿမိဳ႕မွာ ေတြ႔ဆံုမွာျဖစ္ေၾကာင္း တြစ္တာကေန ေျပာပါတယ္။

ယူကရိန္းအဖြဲ႔ေတြဟာ အခုဆို ကုလသမဂၢနဲ႔ လက္တြဲၿပီး ဒီစက္ရံုဝင္းထဲက အရပ္သားေတြကို ကယ္ထုတ္ဖို႔ လုပ္ေနၿပီ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

႐ုရွားတပ္ေတြ အဝိ္ုင္းခံေနရတဲ့ ဒီသံမဏိစက္ရံုဝင္းထဲက ရႈပ္ေထြးေပြလီလွတဲ့ ဥမင္လုိဏ္ေခါင္းေတြနဲ႔ လမ္းေၾကာင္းေတြမွာ ယူကရိန္း တိုက္ခိုက္ေရးသမား ေနာက္ထပ္ ၂,၀၀၀ ေလာက္ရွိမယ္လို႔ ယံုၾကည္ထားတာပါ။

Azov ပင္လယ္ျပင္ေျမာက္ပိုင္း ကမ္း႐ိုးတန္းမွာ ရွိေနတဲ့ ဒီၿမိဳ႕ကို ထိန္းခ်ဳပ္ဖို႔ ႐ုရွားတပ္ေတြ ၂ လေလာက္ ဗံုးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ ၿမိဳ႕က ျပားျပားဝပ္သြားေပမယ့္ ဒီၿမိဳ႕ထဲမွာ ယူကရိန္းေဒသခံ တသိန္းထက္မနည္း ရွိေနႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့ လူေပါင္း ၄၆ ေယာက္ကို ကယ္ထုတ္ႏိုင္တယ္လို႔ ကနဦး ေျပာၾကားထားတာျဖစ္ၿပီး သံမဏိစက္ရံု လုပ္သားေတြကို ကာကြယ္ေပးေနတဲ့ ယူကရိန္း ျပည္တြင္းလံုျခံဳေရးတပ္ဖဲြ႔ရဲ႕ Azov တပ္ရင္းကေတာ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြပါတဲ့ လူ ၂၀ ကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ ဒီမိုကရက္တစ္ပါတီဝင္ လႊတ္ေတာ္အမတ္ ၆ ဦးဟာ စေနေန႔မွာ ယူကရိန္းၿမိဳ႕ေတာ္ Kyiv ကို သြားေရာက္ၿပီး သမၼတ Zelenskyy နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

သံမဏိစက်ရုံထဲက ယူကရိန်း အရပ်သားတွေကို ကုလကယ်ထုတ်မည်

ယူကရိန်းတောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့က ရုရှားတပ်တွေ ပိတ်ဆို့ထားတဲ့ Azovstal သံမဏိစက်ရုံဝင်းထဲမှာရှိတဲ့ ယူကရိန်းအရပ်သား အယောက် ၁,၀၀၀ ထက်မနည်းကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ လုပ်နေတယ်လို့ ကုလသမဂ္ဂက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီကယ်ဆယ်ရေးလုပ်ငန်းကို စနေနေ့မှာ စတင်ခဲ့တာဖြစ်ပြီး ရုရှားနဲ့ ယူကရိန်း အရာရှိတွေနဲ့အတူ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ကြောင်း UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို မထိခိုက်စေချင်တဲ့အတွက် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း အခုဆို လူအယောက် ၁၀၀ လောက်ပါတဲ့ ပထမအသုတ်ဟာ ထိန်းချုပ်နယ်မြေကို ဦးတည်သွားရောက်နေပြီဖြစ်ပြီး တနင်္လာနေ့မှာတော့ သူတို့ကို Zaporizhzhia မြို့မှာ တွေ့ဆုံမှာဖြစ်ကြောင်း တွစ်တာကနေ ပြောပါတယ်။

ယူကရိန်းအဖွဲ့တွေဟာ အခုဆို ကုလသမဂ္ဂနဲ့ လက်တွဲပြီး ဒီစက်ရုံဝင်းထဲက အရပ်သားတွေကို ကယ်ထုတ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရုရှားတပ်တွေ အဝိုင်းခံနေရတဲ့ ဒီသံမဏိစက်ရုံဝင်းထဲက ရှုပ်ထွေးပွေလီလှတဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ လမ်းကြောင်းတွေမှာ ယူကရိန်း တိုက်ခိုက်ရေးသမား နောက်ထပ် ၂,၀၀၀ လောက်ရှိမယ်လို့ ယုံကြည်ထားတာပါ။

Azov ပင်လယ်ပြင်မြောက်ပိုင်း ကမ်းရိုးတန်းမှာ ရှိနေတဲ့ ဒီမြို့ကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ ၂ လလောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မြို့က ပြားပြားဝပ်သွားပေမယ့် ဒီမြို့ထဲမှာ ယူကရိန်းဒေသခံ တသိန်းထက်မနည်း ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ လူပေါင်း ၄၆ ယောက်ကို ကယ်ထုတ်နိုင်တယ်လို့ ကနဦး ပြောကြားထားတာဖြစ်ပြီး သံမဏိစက်ရုံ လုပ်သားတွေကို ကာကွယ်ပေးနေတဲ့ ယူကရိန်း ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ရဲ့ Azov တပ်ရင်းကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေပါတဲ့ လူ ၂၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ် ၆ ဦးဟာ စနေနေ့မှာ ယူကရိန်းမြို့တော် Kyiv ကို သွားရောက်ပြီး သမ္မတ Zelenskyy နဲ့ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG