သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း သံမဏိစက္႐ုံမွာ ပိတ္မိေနတဲ့ အရပ္သားတခ်ဳိ႕ ေဘးလြတ္ရာထြက္ခြာ


႐ုရွားတပ္ေတြရဲ႕ ပစ္ခတ္တုိက္ခုိက္မႈေၾကာင့္ မီးေလာင္ပ်က္စီးေနတဲ့ Azovstal သံမဏိစက္႐ုံ။ (ဧၿပီ ၂၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္း အေရွ႕ေတာင္ပိုင္း Mariupol ဆိပ္ကမ္းၿမိဳ႕မွာရွိတဲ့ Azovstal သံမဏိစက္ရံုမွာ ပိတ္မိေနတဲ့ အရပ္သားေတြထဲက အေယာက္ ၂၀ ကို ေဘးလြတ္ရာ ပို႔ေပးႏိုင္ခဲ့တယ္လို႔ ယူကရိန္း ျပည္တြင္းလံုၿခံဳေရးတပ္ UNG ရဲ႕ Azov တပ္ရင္းက ဒုတိယအႀကီးအကဲ Sviatoslav Palamar က စေနေန႔မွာ ေျပာပါတယ္။

"မနက္ ၆ နာရီကတည္းက လာကယ္မယ့္ ယာဥ္တန္းကို ေစာင့္ေနတာ ညေန ၆း၂၅ မွာမွ ေရာက္လာၾကပါတယ္။ ညေန ၇း၄၀ မွာေတာ့ အရပ္သား ၂၀ ကို သတ္မွတ္ထားတဲ့ ေနရာဆီသြားဖို႔ ေျပာင္းေပးႏိုင္ခဲ့ပါတယ္။ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြပါ။ သတ္မွတ္ေနရာက ယူကရိန္း ထိန္းခ်ဳပ္ထားတဲ့ Zaporizhzhia ၿမိဳ႕ပါ။ အဲဒီကို သူတို႔ ေရာက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာသြားတာပါ။

႐ုရွားတပ္ေတြက စက္ရံုဝန္းက်င္တဝိုက္ကို တညလံုး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ ေနာက္ထပ္ ပ်က္စီးမႈေတြနဲ႔ အတားအဆီးေတြ ႀကံဳေနရေၾကာင္း ေျပာပါတယ္။ အပစ္အခတ္ရပ္စဲဖို႔ သေဘာတူထားခ်ိန္က မနက္ ၆ နာရီ ျဖစ္ေပမဲ့ ၁၁ နာရီေလာက္မွ အပစ္ရပ္ခဲ့တာျဖစ္ၿပီး ကယ္ထုတ္ခ်ိန္မွာ ႏွစ္ဖက္စလံုး အပစ္ရပ္ေနတယ္လို႔လည္း ေျပာပါတယ္။

ဒီအထူးကယ္ဆယ္ေရးလုပ္ငန္းကို Azov တပ္ရင္းက လုပ္ေပးေနတာျဖစ္ၿပီး အဲဒီမွာ သက္ႀကီးရြယ္အိုေတြ၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကို အပ်က္အစီးပံု အတားအဆီးေတြၾကားကေန ႀကိဳးေတြနဲ႔ ကယ္ထုတ္ေနရတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒီ ကယ္ဆယ္တဲ့ လုပ္ငန္းစဥ္ကို ဆက္လုပ္ႏိုင္ၿပီး အရပ္သားအားလံုးကို ကယ္ထုတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း Palamar က ေျပာပါတယ္။ သူ႔ရဲ႕ ႐ုပ္သံေျပာၾကားခ်က္ကို Azov channel ထုတ္လႊင့္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ယူကရိန်း သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားတချို့ ဘေးလွတ်ရာထွက်ခွာ

ယူကရိန်း အရှေ့တောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့မှာရှိတဲ့ Azovstal သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားတွေထဲက အယောက် ၂၀ ကို ဘေးလွတ်ရာ ပို့ပေးနိုင်ခဲ့တယ်လို့ ယူကရိန်း ပြည်တွင်းလုံခြုံရေးတပ် UNG ရဲ့ Azov တပ်ရင်းက ဒုတိယအကြီးအကဲ Sviatoslav Palamar က စနေနေ့မှာ ပြောပါတယ်။

"မနက် ၆ နာရီကတည်းက လာကယ်မယ့် ယာဉ်တန်းကို စောင့်နေတာ ညနေ ၆း၂၅ မှာမှ ရောက်လာကြပါတယ်။ ညနေ ရး၄၀ မှာတော့ အရပ်သား ၂၀ ကို သတ်မှတ်ထားတဲ့ နေရာဆီသွားဖို့ ပြောင်းပေးနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေပါ။ သတ်မှတ်နေရာက ယူကရိန်း ထိန်းချုပ်ထားတဲ့ Zaporizhzhia မြို့ပါ။ အဲဒီကို သူတို့ ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောသွားတာပါ။

ရုရှားတပ်တွေက စက်ရုံဝန်းကျင်တဝိုက်ကို တညလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နောက်ထပ် ပျက်စီးမှုတွေနဲ့ အတားအဆီးတွေ ကြုံနေရကြောင်း ပြောပါတယ်။ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားချိန်က မနက် ၆ နာရီ ဖြစ်ပေမဲ့ ၁၁ နာရီလောက်မှ အပစ်ရပ်ခဲ့တာဖြစ်ပြီး ကယ်ထုတ်ချိန်မှာ နှစ်ဖက်စလုံး အပစ်ရပ်နေတယ်လို့လည်း ပြောပါတယ်။

ဒီအထူးကယ်ဆယ်ရေးလုပ်ငန်းကို Azov တပ်ရင်းက လုပ်ပေးနေတာဖြစ်ပြီး အဲဒီမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အပျက်အစီးပုံ အတားအဆီးတွေကြားကနေ ကြိုးတွေနဲ့ ကယ်ထုတ်နေရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီ ကယ်ဆယ်တဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်နိုင်ပြီး အရပ်သားအားလုံးကို ကယ်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း Palamar က ပြောပါတယ်။ သူ့ရဲ့ ရုပ်သံပြောကြားချက်ကို Azov channel ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG