သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္း ႐ုရွားထိုးစစ္ ယူကရိန္း ႀကံ့ႀကံ့ခံထားဆဲ


႐ုရွားက်ဴးေက်ာ္မႈကို ခုခံတြန္းလွန္ေနတဲ့ ယူကရိန္းစစ္သည္တဦး။ (ဧၿပီ ၂၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံ ေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္းမွာ ႐ုရွားရဲ႕ထိုးစစ္ကို ယူကရိန္းတပ္ဖြဲ႔ေတြ ဒီကေန႔ ႀကံ့ႀကံ့ခံ တြန္းလွန္ၿပီး ထိန္းထားေနႏုိင္္တယ္လို႔ ယူကရိန္းကလာတဲ့ သတင္းေတြမွာ ေတြ႔ရပါတယ္။

ယူူကရိန္း စက္မႈလုပ္ငန္း အဓိကေနရာတခုျဖစ္တဲ့ Donbas ေဒသကို သိမ္းႏုိင္ဖုိ႔ ႐ုရွားအစိုးရက ႀကိဳးစားေနတာျဖစ္ၿပီး ႐ုရွားထိုးစစ္ဟာ စီစဥ္ထားတာထက္ ပိုၿပီးေႏွးေကြးေနတယ္လုိ႔ အေနာက္ႏုိင္္ငံေတြက စစ္ေရးေလ့လာသံုးသပ္သူေတြက ေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ ယူကရိန္းေတာင္ပိုင္းက စစ္ဒဏ္ေၾကာင့္ အႀကီးအက်ယ္ ထိခိုက္ပ်က္စီးေနတဲ့ Mariupol ဆိပ္္ကမ္းၿမိဳ႕ကေန အရပ္သားေတြကို ကယ္ထုတ္ႏုိင္ေရး ကုလသမဂၢက ဆက္ၿပီးေတာ့ ၾကားဝင္ေစ့စပ္ေနပါတယ္။ လြန္ခဲ့တဲ့ သီတင္းကုိးပတ္မွာ ယူကရိန္းကို စၿပီး က်ဴးေက်ာ္တိုက္ခို္က္ခဲ့ခ်ိန္ကတည္းက Mariupol ၿမိဳ႕ကို သိမ္းႏုိင္ဖို႔ ႐ုရွားတို႔ ႀကိဳးစားေနတာပါ။

Mariupol ၿမိဳ႕ရဲ႕ ေနာက္ဆံုး ခံစစ္ေျခကုပ္စခန္းျဖစ္တဲ့ သံမဏိစက္႐ံုႀကီးထဲကေန သူတို႔ကို ကယ္ထုတ္ေပးဖို႔ အရပ္သားေတြ ေတာင္းပန္ေနၾကတယ္လို႔ ၿမိဳ႕ေတာ္ဝန္ Vadym Boichenko က ေသာၾကာေန႔မွာ ေျပာပါတယ္။ အဲဒီ သံမဏိစက္႐ံုႀကီးထဲမွာ ယူကရိန္းတပ္ဖြဲ႔ဝင္ ခန္႔မွန္းေျခ ၂,၀၀၀ ေလာက္ ခံတုိက္ေနၿပီး အရပ္သားက ၁,၀၀၀ ေလာက္ ရွိေနပါတယ္။

ယူကရိန္းတပ္ဖြဲ႔ဝင္ေတြနဲ႔ အတူတိုက္ခုိက္ခဲ့တဲ့ အေမရိကန္ မရိန္းတပ္ဖြဲ႔ဝင္ေဟာင္းတေယာက္ က်ဆံုးသြားတယ္လုိ႔ သူ႔မိသားစုက ေျပာတာေၾကာင့္ ဒါဟာျဖင့္ ယူကရိန္းစစ္ပြဲမွာ အေမရိကန္ႏုိင္ငံသားတဦး တိုက္ပြဲဝင္ရင္း ပထမဆံုး က်ဆံုးတာျဖစ္ပါတယ္။ ဒီသတင္းကို အေမရိကန္အစိုးရကေတာ့ အတည္ျပဳ ထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်း ရုရှားထိုးစစ် ယူကရိန်း ကြံ့ကြံ့ခံထားဆဲ

ယူကရိန်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရုရှားရဲ့ထိုးစစ်ကို ယူကရိန်းတပ်ဖွဲ့တွေ ဒီကနေ့ ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းထားနေနိုင်တယ်လို့ ယူကရိန်းကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

ယူူကရိန်း စက်မှုလုပ်ငန်း အဓိကနေရာတခုဖြစ်တဲ့ Donbas ဒေသကို သိမ်းနိုင်ဖို့ ရုရှားအစိုးရက ကြိုးစားနေတာဖြစ်ပြီး ရုရှားထိုးစစ်ဟာ စီစဉ်ထားတာထက် ပိုပြီးနှေးကွေးနေတယ်လို့ အနောက်နိုင်ငံတွေက စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းတောင်ပိုင်းက စစ်ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနေတဲ့ Mariupol ဆိပ်ကမ်းမြို့ကနေ အရပ်သားတွေကို ကယ်ထုတ်နိုင်ရေး ကုလသမဂ္ဂက ဆက်ပြီးတော့ ကြားဝင်စေ့စပ်နေပါတယ်။ လွန်ခဲ့တဲ့ သီတင်းကိုးပတ်မှာ ယူကရိန်းကို စပြီး ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကတည်းက Mariupol မြို့ကို သိမ်းနိုင်ဖို့ ရုရှားတို့ ကြိုးစားနေတာပါ။

Mariupol မြို့ရဲ့ နောက်ဆုံး ခံစစ်ခြေကုပ်စခန်းဖြစ်တဲ့ သံမဏိစက်ရုံကြီးထဲကနေ သူတို့ကို ကယ်ထုတ်ပေးဖို့ အရပ်သားတွေ တောင်းပန်နေကြတယ်လို့ မြို့တော်ဝန် Vadym Boichenko က သောကြာနေ့မှာ ပြောပါတယ်။ အဲဒီ သံမဏိစက်ရုံကြီးထဲမှာ ယူကရိန်းတပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၂,၀၀၀ လောက် ခံတိုက်နေပြီး အရပ်သားက ၁,၀၀၀ လောက် ရှိနေပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ အတူတိုက်ခိုက်ခဲ့တဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတယောက် ကျဆုံးသွားတယ်လို့ သူ့မိသားစုက ပြောတာကြောင့် ဒါဟာဖြင့် ယူကရိန်းစစ်ပွဲမှာ အမေရိကန်နိုင်ငံသားတဦး တိုက်ပွဲဝင်ရင်း ပထမဆုံး ကျဆုံးတာဖြစ်ပါတယ်။ ဒီသတင်းကို အမေရိကန်အစိုးရကတော့ အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG