သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီးတွေ ရောက်နေချိန် ယူကရိန်းကို ရုရှားဗုံးကြဲ


ရုရှးတပ်တွေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ယူကရိန်းတောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံ။ (ဧပြီ ၁၉၊ ၂၀၂၂)
ရုရှးတပ်တွေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ယူကရိန်းတောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံ။ (ဧပြီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့နဲ့ kyiv မြို့တော်မှာ တွေ့ဆုံခဲ့ချိန်မှာပဲ ရုရှားတပ်တွေက သူတို့ဝိုင်းထားတဲ့ ယူကရိန်းတောင်ပိုင်းက Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံအပြင် ယူကရိန်းအရှေ့ပိုင်း ဒေသတွေကို တနင်္ဂနွေနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လက်နက်ချဖို့ ရုရှားက တောင်းဆိုနေပေမဲ့ လက်မခံဘဲ ပြန်လည်ခုခံနေတဲ့ ယူကရိန်းတပ်တွေရှိရာ Mariupol က Azovstal သံမဏိစက်ရုံကို ရုရှားတပ်တွေက နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ ဒီစက်ရုံထဲမှာ ထောင်နဲ့ချီတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေ ရှိနေပြီး ရုရှားတပ်တွေ မသိမ်းနိုင်ဘဲ ဖြစ်နေတာပါ။

ရုရှားသမ္မတ Vladimir Putin က ဒီစက်ရုံဝင်းကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားဖို့ အမိန့်ပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Austin တို့ ယူကရိန်းမြို့တော် Kyiv ကို လာရောက်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတက ကြေညာခဲ့ပေမဲ့ ယူကရိန်းကို ရုရှား ဝင်ကျူးကျော်ခဲ့ချိန်ကစပြီး ပထမဆုံး အမေရိကန် အဆင့်မြင့်အရာရှိတွေ ယူကရိန်းကိုသွားမယ့် ဒီခရီးစဉ်အတွက် အမေရိကန်ဘက်ကတော့ အတည်မပြုပါဘူး။

ယူကရိန်းအနေနဲ့ အမေရိကန်တွေဘက်က လက်နက်ရော၊ လုံခြုံရေး အာမခံချက်တွေပါ ပေးဖို့ မျှော်လင့်ထားကြောင်း စနေနေ့ညဘက် Kyiv ဘူတာရုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတ Zelenskyy က ပြောပါတယ်။

အမေရိကန်သမ္မတ Joe Biden က ယူကရိန်းအတွက် စီးပွားရေး အထောက်အကူအဖြစ် ဒေါ်လာ သန်း ၅၀၀ နဲ့အတူ လက်နက်တွေ ပို့ပေးဖို့အတွက် ဒေါ်လာ သန်း ၈၀၀ အတည်ပြုပေးထားတာပါ။

ယူကရိန်းသမ္မတကတော့ စစ်လေယာဉ်တွေနဲ့ တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ အပါအဝင် လက်နက်ကြီးတွေ နောက်ထပ်ပေးဖို့ ထပ်တလဲလဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကန်ဝန်ကြီးတွေ ရောက်နေချိန် ယူကရိန်းကို ရုရှားဗုံးကြဲ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)









XS
SM
MD
LG