သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးနဲ႔ ကာကြယ္ေရးဝန္ႀကီးတို႔ ယူကရိန္းသမၼတနဲ႔ လူခ်င္းေတြ႔ဆုံမည္


ယူကရိန္းသမၼတ Volodymyr Zelenskyy.

(Zawgyi / Unicode)

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးတို႔ဟာ ယူကရိန္းကို ဒီေန႔ တနဂၤေႏြေန႔မွာ လာေရာက္မယ္လို႔ ယူကရိန္းသမၼတက စေနေန႔က ေျပာပါတယ္။ ဒါေပမဲ့ အေမရိကန္ဘက္ကေတာ့ အတည္ျပဳခ်က္ မေပးပါဘူး။

ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ကို တနဂၤေႏြေန႔မွာ ေတြ႔ဆုံမယ္လို႔ ယူကရိန္းသမၼတ Zelenskyy က သတင္းေထာက္ေတြကို ေျပာလိုက္တာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ ႐ုရွားက ဝင္ေရာက္တိုက္ခိုက္ကတည္းကဆိုရင္ အေမရိကန္ အစိုးရအဖြဲ႔ဝင္ေတြ ယူကရိန္းကို လာေရာက္တာဟာ ဒါဟာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

အ‌ေရွ႕ပိုင္းစစ္မ်က္ႏွာမွာ ႐ုရွားက ထိုးစစ္စတယ္လို႔ ေၾကညာခဲ့ေပမဲ့ အေရးပါပါ သိမ္းပိုက္ႏိုင္တာေတာ့ မရွိေသးဘူးလို႔ ၿဗိတိန္ တာဝန္ရွိသူေတြက ေျပာပါတယ္။

Mariupol ၿမိဳ႕မွာ ယူကရိန္းတပ္ေတြက ေနာက္ဆုံး ခုခံရာေနရာ သံမဏိစက္႐ုံကို ႐ုရွားက တနဂၤေႏြေန႔က ဗုံးႀကဲ တိုက္ခိုက္ပါတယ္။ အရပ္သားေတြ ထြက္ေျပးလမ္းေၾကာင္းေတြကိုလည္း ႐ုရွားတပ္ေတြက ပိတ္ထားတယ္လို႔ ယူကရိန္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အစိုးရက သတ္မွတ္ထားတဲ့ ဆုံရပ္ကို ထြက္ေျပးမယ့္ ၿမိဳ႕သူၿမိဳ႕သား ၂၀၀ ေလာက္ လာေရာက္ခဲ့ၾကေပမဲ့ ႐ုရွားတပ္ေတြက အစုမခံခဲ့ဘူးလို႔ Mariupol ၿမိဳ႕ရဲ႕ တာဝန္ရွိသူတဿဿဿဿဿဦးျဖစ္တဲ့ Petro Andryushchenko က သူ႔ရဲ႕ တယ္လီဂရမ္မွာ ေျပာထားပါတယ္။

စေနေန႔တုန္းကလည္း ႐ုရွားက Odesa ၿမိဳ႕ကို ခ႐ုဇ္ဒုံးက်ည္ အနည္းဆုံး ၆ စင္း ပစ္ခတ္ခဲ့တယ္လို႔ ယူကရိန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကန်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ယူကရိန်းသမ္မတနဲ့ လူချင်းတွေ့ဆုံမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ယူကရိန်းကို ဒီနေ့ တနင်္ဂနွေနေ့မှာ လာရောက်မယ်လို့ ယူကရိန်းသမ္မတက စနေနေ့က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကတော့ အတည်ပြုချက် မပေးပါဘူး။

ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ကို တနင်္ဂနွေနေ့မှာ တွေ့ဆုံမယ်လို့ ယူကရိန်းသမ္မတ Zelenskyy က သတင်းထောက်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် ရုရှားက ဝင်ရောက်တိုက်ခိုက်ကတည်းကဆိုရင် အမေရိကန် အစိုးရအဖွဲ့ဝင်တွေ ယူကရိန်းကို လာရောက်တာဟာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အ‌ရှေ့ပိုင်းစစ်မျက်နှာမှာ ရုရှားက ထိုးစစ်စတယ်လို့ ကြေညာခဲ့ပေမဲ့ အရေးပါပါ သိမ်းပိုက်နိုင်တာတော့ မရှိသေးဘူးလို့ ဗြိတိန် တာဝန်ရှိသူတွေက ပြောပါတယ်။

Mariupol မြို့မှာ ယူကရိန်းတပ်တွေက နောက်ဆုံး ခုခံရာနေရာ သံမဏိစက်ရုံကို ရုရှားက တနင်္ဂနွေနေ့က ဗုံးကြဲ တိုက်ခိုက်ပါတယ်။ အရပ်သားတွေ ထွက်ပြေးလမ်းကြောင်းတွေကိုလည်း ရုရှားတပ်တွေက ပိတ်ထားတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ ဆုံရပ်ကို ထွက်ပြေးမယ့် မြို့သူမြို့သား ၂၀၀ လောက် လာရောက်ခဲ့ကြပေမဲ့ ရုရှားတပ်တွေက အစုမခံခဲ့ဘူးလို့ Mariupol မြို့ရဲ့ တာဝန်ရှိသူတူူူူူဦးဖြစ်တဲ့ Petro Andryushchenko က သူ့ရဲ့ တယ်လီဂရမ်မှာ ပြောထားပါတယ်။

စနေနေ့တုန်းကလည်း ရုရှားက Odesa မြို့ကို ခရုဇ်ဒုံးကျည် အနည်းဆုံး ၆ စင်း ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

XS
SM
MD
LG