သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ဘဏ္ဍာရေး အကူအညီ နောက်ထပ်ဒေါ်လာ သန်း ၅ဝဝ ပေးဖို့ ကန်ကြေညာ


Yellen
Yellen

ယူကရိန်းနိုင်ငံမှာ လစာတွေ၊ ပင်စင်တွေနဲ့ တခြားအစိုးရ လုပ်ငန်းတွေအတွက် သုံးစွဲနိုင်ဖို့ ဘဏ္ဍာရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်မှာဖြစ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ 

ယူကရိန်းအတွက် ဘဏ္ဍာရေး အကူအညီ နောက်ထပ်ဒေါ်လာ သန်း ၅ဝဝ ပေးဖို့ ကန်ကြေညာ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံမှာ လစာတွေ၊ ပင်စင်တွေနဲ့ တခြားအစိုးရ လုပ်ငန်းတွေအတွက် သုံးစွဲနိုင်ဖို့ ဘဏ္ဍာရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်မှာဖြစ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal ဘဏ္ဍာရေးဝန်ကြီး Serhiy Marchenko တို့နဲ့ ဝါရှင်တန်မှာ တွေ့ဆုံအပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကြာသပတေးနေ့က ကြေညာလိုက်တာပါ။

ယူကရိန်းအတွက် စီးပွားရေး အကူအညီအဖြစ် ဒေါ်လာသန်း ၅၀၀ ထောက်ပံ့ဖို့ အမေရိကန်သမ္မတ Joe Biden မတ်လမှာ ကြေညာခဲ့ပြီး၊ အခုနောက်ထပ် ကူညီဖို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အခုပေးအပ်နေတဲ့ အကူအညီတွေဟာ ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရာမှာ လိုအပ်မယ့် အထောက်အပံ့တွေရဲ့ တစိတ်တပိုင်းသာ ဖြစ်ကြောင်းလည်း ဝန်ကြီး Yellen ကပြောပါတယ်။

ကြာသပတေးနေ့မှာပဲ ယူကရိန်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကလည်း ယူကရိန်းနိုင်ငံအတွက် အကူအညီပေးဖို့ ကွန်ဂရက်လွှတ်တော်က အသင့်ရှိနေကြောင်း ပြောဆိုခဲ့တာပါ။

သမ္မတ Joe Biden အစိုးရက အကူအညီ အထောက်အပံ့တွေ မကြာခင် ရက်ပိုင်းအတွင်း တောင်းခံလာတဲ့အခါ လွှတ်တော်က အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၂.၆ ဘီလီယံ အတည်ပြုထားတဲ့ သမ္မတဘိုင်ဒင် အစိုးရကတော့ နောက်ထပ် အကူအညီ ဘယ်လောက် ထပ်မံတောင်းခံမယ်ဆိုတာ အတိအကျမပြောသေးဘဲ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

............................................


{{Zawgyi/Unicode}}





XS
SM
MD
LG