သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဘဏ္ဍာရေးဝန်ကြီး ယူကရိန်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမည် 


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen 
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen 


[[Zawgyi/Unicode]]

ဝါရှင်တန်ဒီစီမှာ ဒီအပတ်ကျင်းပမယ့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့အစည်းအဝေးမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဟာ ယူကရိန်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ရုရှားတာဝန်ရှိသူတွေကိုရှောင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ G 20 ကနေ ရုရှားကို ထုတ်သင့်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စားနပ်ရိက္ခာ မလုံခြုံမှုဟာ အစည်းအဝေးမှာ အဓိက ဆွေးနွေးကြမယ့်အကြောင်းအရာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူရေးကို ချမှတ်ထားရာမှာ လယ်ယာထွက်ကုန် ပစ္စည်းတွေကို မပိတ်ပင်ဖို့ စကားအသုံးအနှုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ထုတ်ပြန်ဖို့ ရှိပါတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးအောက်မှာရှိတဲ့ နိုင်ငံခြား ပိုင် ဆိုင်မှုများ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Wally Adeyemo ကလည်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီး Serhiy Marchenko နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

အနည်းဆုံး အခွန်သတ်မှတ်ရေးကလည်း လာမယ့်အစည်းအဝေးမှာ ဆွေးနွေးကြမယ့် အဓိကအကြောင်းအရာ တရပ် ဖြစ်ပါတယ်။

ကန်ဘဏ္ဍာရေးဝန်ကြီး ယူကရိန်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမည်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

==============


[[Unicode]]







==============

XS
SM
MD
LG