သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ယူကရိန္းအတြက္ ကာကြယ္ေရး အကူ ေနာက္ထပ္ေဒၚလာသန္း ၈ဝဝ သမၼတ Biden ခြင္႔ျပဳ


UKRAINE-CRISIS/BIDEN

ယူကရိန္းႏိုင္ငံအတြက္ အေမရိကန္က ကာကြယ္ေရးအကူအညီအျဖစ္ ေနာက္ထပ္ ေဒၚလာ သန္း ၈၀၀ ေပးအပ္ဖို႔ သမၼတ Joe Biden ခြင့္ျပဳလိုက္ပါတယ္။ ယူကရိန္းအေရွ႕ပိုင္းမွာ ႐ုရွားတပ္ေတြနဲ႔ အျပင္းအထန္ တိုက္ပဲြျဖစ္ေနခ်ိန္ အကူအညီေတြ အေရးတႀကီး လိုအပ္ေနတာေၾကာင့္ အေထာက္အပံ့ေတြ ထပ္မံေပးအပ္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ယူကရိန္းအတြက္ ကာကြယ္ေရး အကူ ေနာက္ထပ္ေဒၚလာသန္း ၈ဝဝ သမၼတ Biden ခြင္႔ျပဳ

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံအတြက္ အေမရိကန္က ကာကြယ္ေရးအကူအညီအျဖစ္ ေနာက္ထပ္ ေဒၚလာ သန္း ၈၀၀ ေပးအပ္ဖို႔ သမၼတ Joe Biden ခြင့္ျပဳလိုက္ပါတယ္။ ယူကရိန္းအေရွ႕ပိုင္းမွာ ႐ုရွားတပ္ေတြနဲ႔ အျပင္းအထန္ တိုက္ပဲြျဖစ္ေနခ်ိန္ အကူအညီေတြ အေရးတႀကီး လိုအပ္ေနတာေၾကာင့္ အေထာက္အပံ့ေတြ ထပ္မံေပးအပ္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

“အကူအညီေပးမယ့္ အစီအစဥ္မွာ လက္နက္ႀကီးေတြ၊ ဒါဇင္နဲ႔ခ်ီတဲ့ ေဟာင္၀စ္ဇာ အေျမာက္ႀကီးေတြ၊ က်ည္ဆံ ၁၄၄,၀၀၀ ပါ၀င္ပါတယ္။” လို႔ ၾကာသပေတးေန႔က အိမ္ျဖဴေတာ္မွာ သမၼတဘိုင္ဒင္ ေျပာၾကားသြားတာပါ။
ေနာက္ထပ္ ေပးအပ္မယ့္ စစ္ေရး အကူအညီေတြဟာ ယူကရိန္း အေရွ႕ပိုင္းက Donbas ေဒသအတြက္ အဓိကရည္ရြယ္ထားေၾကာင္းလည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ေဒၚလာ သန္း ၈၀၀ အျပင္ ေနာက္ထပ္ ေပးအပ္မယ့္ အကူအညီေတြဟာ ယူကရိန္းအတြက္ အေမရိကန္က စစ္ေရးအကူအညီေပးဖို႔ လႊတ္ေတာ္က ခြင့္ျပဳထားတဲ့ ပမာဏ ျပည့္လုနီးပါး ျဖစ္ေနတာေၾကာင့္ မၾကာခင္ ထပ္မံေတာင္းခံရလိမ့္မယ္လို႔လည္း သမၼတက ေျပာပါတယ္။

႐ုရွားသမၼတ Vladimir Putin ရဲ႕ ၂ လၾကာ က်ဳးေက်ာ္စစ္ကို ခုခံေနတဲ့ ယူကရိန္းႏိုင္ငံကို အကူအညီေပးရာမွာ အေမရိကန္နဲ႔ အေနာက္မဟာမိတ္ ႏိုင္ငံေတြ တညီတၫြတ္တည္း ရွိေနေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ယူကရိန္း တႏိုင္ငံလုံးကို ဘယ္ေတာ့မွ သိမ္းႏိုင္မွာ မဟုတ္သလို၊ ႐ုရွားသမၼတရဲ႕ အဓိက စစ္ေရး ရည္မွန္းခ်က္ေတြ ပ်က္ျပားခဲ့ရေၾကာင္းလည္း သမၼတဘိုင္ဒင္က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

ယူကရိန်းအတွက် ကာကွယ်ရေး အကူ နောက်ထပ်ဒေါ်လာသန်း ၈ဝဝ သမ္မတ Biden ခွင့်ပြု

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံအတွက် အမေရိကန်က ကာကွယ်ရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ပေးအပ်ဖို့ သမ္မတ Joe Biden ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်နေချိန် အကူအညီတွေ အရေးတကြီး လိုအပ်နေတာကြောင့် အထောက်အပံ့တွေ ထပ်မံပေးအပ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“အကူအညီပေးမယ့် အစီအစဉ်မှာ လက်နက်ကြီးတွေ၊ ဒါဇင်နဲ့ချီတဲ့ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ၊ ကျည်ဆံ ၁၄၄,၀၀၀ ပါဝင်ပါတယ်။” လို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒင် ပြောကြားသွားတာပါ။
နောက်ထပ် ပေးအပ်မယ့် စစ်ရေး အကူအညီတွေဟာ ယူကရိန်း အရှေ့ပိုင်းက Donbas ဒေသအတွက် အဓိကရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဒေါ်လာ သန်း ၈၀၀ အပြင် နောက်ထပ် ပေးအပ်မယ့် အကူအညီတွေဟာ ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအကူအညီပေးဖို့ လွှတ်တော်က ခွင့်ပြုထားတဲ့ ပမာဏ ပြည့်လုနီးပါး ဖြစ်နေတာကြောင့် မကြာခင် ထပ်မံတောင်းခံရလိမ့်မယ်လို့လည်း သမ္မတက ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ရဲ့ ၂ လကြာ ကျုးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းနိုင်ငံကို အကူအညီပေးရာမှာ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ တညီတညွတ်တည်း ရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။

ယူကရိန်း တနိုင်ငံလုံးကို ဘယ်တော့မှ သိမ်းနိုင်မှာ မဟုတ်သလို၊ ရုရှားသမ္မတရဲ့ အဓိက စစ်ရေး ရည်မှန်းချက်တွေ ပျက်ပြားခဲ့ရကြောင်းလည်း သမ္မတဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG