(Zawgyi / Unicode)
အေမရိကန္က ယူကရိန္းအတြက္ ကာကြယ္ေရးဆိုင္ရာ လက္နက္ပစၥည္းေတြေရာ စစ္ပြဲမွာပိတ္မိေနတဲ့ အရပ္သားေတြကို ေဘးလြတ္ရာ ပို႔ေပးဖို႔ပါ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံ အေရးေပၚရန္ပံုေငြ ခ်ထားေပးဖို႔ မၾကာခင္မွာပဲ လႊတ္ေတာ္က အတည္ျပဳေပးဖို႔ ရွိတယ္လို႔ အထက္လႊတ္ေတာ္အမတ္ Chris Murphy က တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။
႐ုရွားက်ဴးေက်ာ္တိုက္ခိုက္မႈကို ယူကရိန္းက ဆက္လက္ခုခံေနခ်ိန္မွာပဲ ယူကရိန္းသမၼတ Volodymyr Zelenskiy က စေနေန႔မွာ အေမရိကန္ လႊတ္ေတာ္အမတ္ အမ်ားအျပားနဲ႔ ဆက္သြယ္ၿပီး စစ္ေရးအကူအညီေပးဖို႔ ပန္ၾကားခဲ့တဲ့ေနာက္ လႊတ္ေတာ္အမတ္ Murphy က Fox သတင္းဌာနကို အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။
ယူကရိန္းရဲ႕ ခုခံစစ္ကို အေမရိကန္ပါတီႀကီး ၂ ရပ္စလံုးလိုလိုက ေထာက္ခံေနတာ ျဖစ္ေပမယ့္ ယူကရိန္းမွာ ႐ုရွားရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈရန္ ကာကြယ္ဖို႔ no-fly zone ေလယာဥ္မပံ်သန္းရဇုန္ သတ္မွတ္ေပးဖို႔ ေနာက္ထပ္ေတာင္းဆိုခ်က္ကိုေတာ့ မလိုက္ေလ်ာၾကပါဘူး။ ဒါဟာ တတိယကမၻာစစ္ျဖစ္မယ့္ လုပ္ရပ္ျဖစ္ေၾကာင္း ရီပတ္ဘလစ္ကင္ အထက္လႊတ္ေတာ္အမတ္ Marco Rubio က ABC သတင္းဌာနကို ေျပာပါတယ္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းသမၼတ Zelenskiy ေတာင္းဆိုတဲ့ ဂ်က္တိုက္ေလယာဥ္ေတြ ထပ္ေပးဖို႔ကိစၥနဲ႔ ပတ္သက္ၿပီး ပံုမွန္ဆက္သြယ္ ေျပာၾကားေနေၾကာင္းလည္း ဥေရာပခရီးစဥ္အတြင္း ေမာ္လ္ဒိုဗာကို ေရာက္ေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာပါတယ္။ အေမရိကန္က ယူကရိန္းကို MiG နဲ႔ SU တိုက္ေလယာဥ္ေတြ ပိုလန္ကေန ပို႔ႏိုင္ဖို႔ ေဆြးေႏြးေနေၾကာင္း ေျပာပါတယ္။
တခ်ိန္တည္းမွာပဲ ႐ုရွားဟာ ယူကရိန္းဆိပ္ကမ္းၿမိဳ႕ Odessa ကို ဗံုးႀကဲဖို႔ စီစဥ္ေနတယ္လို႔ ယူကရိန္းသမၼတက တနဂၤေႏြေန႔မွာ ႐ုပ္သံကေန ေျပာၾကားလိုက္ၿပီး တကယ္လို႔ ဒီလိုဗံုးႀကဲမယ္ဆိုရင္ ဒါဟာ သမိုင္းဝင္ စစ္ရာဇဝတ္မႈ ျဖစ္လာမယ္လုိ႔ သတိေပးလိုက္ပါတယ္။
----------------------------
(Unicode)
ယူကရိန်းအတွက် အမေရိကန်စစ်ဘက်နဲ့ စာနာမှုအထောက်အပံ့တွေ ထပ်မံပို့ပေးမည်
အမေရိကန်က ယူကရိန်းအတွက် ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေရော စစ်ပွဲမှာပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ ပို့ပေးဖို့ပါ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အရေးပေါ်ရန်ပုံငွေ ချထားပေးဖို့ မကြာခင်မှာပဲ လွှတ်တော်က အတည်ပြုပေးဖို့ ရှိတယ်လို့ အထက်လွှတ်တော်အမတ် Chris Murphy က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှားကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းက ဆက်လက်ခုခံနေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskiy က စနေနေ့မှာ အမေရိကန် လွှတ်တော်အမတ် အများအပြားနဲ့ ဆက်သွယ်ပြီး စစ်ရေးအကူအညီပေးဖို့ ပန်ကြားခဲ့တဲ့နောက် လွှတ်တော်အမတ် Murphy က Fox သတင်းဌာနကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ ခုခံစစ်ကို အမေရိကန်ပါတီကြီး ၂ ရပ်စလုံးလိုလိုက ထောက်ခံနေတာ ဖြစ်ပေမယ့် ယူကရိန်းမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုရန် ကာကွယ်ဖို့ no-fly zone လေယာဉ်မပံျသန်းရဇုန် သတ်မှတ်ပေးဖို့ နောက်ထပ်တောင်းဆိုချက်ကိုတော့ မလိုက်လျောကြပါဘူး။ ဒါဟာ တတိယကမ္ဘာစစ်ဖြစ်မယ့် လုပ်ရပ်ဖြစ်ကြောင်း ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Marco Rubio က ABC သတင်းဌာနကို ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ Zelenskiy တောင်းဆိုတဲ့ ဂျက်တိုက်လေယာဉ်တွေ ထပ်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပုံမှန်ဆက်သွယ် ပြောကြားနေကြောင်းလည်း ဥရောပခရီးစဉ်အတွင်း မော်လ်ဒိုဗာကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ အမေရိကန်က ယူကရိန်းကို MiG နဲ့ SU တိုက်လေယာဉ်တွေ ပိုလန်ကနေ ပို့နိုင်ဖို့ ဆွေးနွေးနေကြောင်း ပြောပါတယ်။
တချိန်တည်းမှာပဲ ရုရှားဟာ ယူကရိန်းဆိပ်ကမ်းမြို့ Odessa ကို ဗုံးကြဲဖို့ စီစဉ်နေတယ်လို့ ယူကရိန်းသမ္မတက တနင်္ဂနွေနေ့မှာ ရုပ်သံကနေ ပြောကြားလိုက်ပြီး တကယ်လို့ ဒီလိုဗုံးကြဲမယ်ဆိုရင် ဒါဟာ သမိုင်းဝင် စစ်ရာဇဝတ်မှု ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။