(Zawgyi / Unicode)
အေမရိကန္ႏိုင္ငံက ယူကရိန္း ဒုကၡသည္ေတြနဲ႔ အခက္အခဲျဖစ္ေနတဲ့ ေမာ္လ္ဒိုဗာႏိုင္ငံကို ကူညီမယ္လို႔ စေနေန႔ညက ေရာက္ရွိလာခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။
ေမာ္လ္ဒိုဗာႏိုင္ငံမွာ ယူကရိန္းဒုကၡသည္ ၁၂၀,၀၀၀ ေရာက္ရွိေနၿပီး အကူအညီ လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Natalia Gavrilita က အေမရိကန္ႏိုင္ငံကို တနဂၤေႏြေန႔က ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ ေမာ္လ္ဒိုဗာႏိုင္ငံမွာ လူဦးေရ ၂ ဒသမ ၆ သန္းရွိၿပီး ဥေရာပမွာ အဆင္းရဲဆုံးႏိုင္ငံေလး ျဖစ္ပါတယ္။
“ဒီကေန႔မနက္မွာ ယူကရိန္းကေန နယ္စပ္ကိုျဖတ္လာတဲ့သူ ၂ သိန္း ၃ ေသာင္းရွိၿပီး ၁ သိန္း ၂ ေသာင္းက ေမာ္လ္ဒိုဗာႏိုင္ငံမွာ စခန္းခ်ေနေနၾကတယ္။” လို႔ ဝန္ႀကီးခ်ဳပ္က အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ကို ဒီေန႔ ေျပာခဲ့တာ ျဖစ္ပါတယ္။
အဲဒီအနက္ ၉ ေသာင္း ၆ ေထာင္က ယူကရိန္းႏိုင္ငံသားေတြ ျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။ ေမာ္လ္ဒိုဗာလို ႏိုင္ငံေလးအတြက္ အဆမတန္မ်ားတဲ့ လူဦးေရ ျဖစ္ပါတယ္လို႔ သူက ေျပာပါတယ္။
ဒီဝန္ထုပ္ဝန္ပိုးကို ထမ္းႏိုင္ေအာင္ တတ္ႏိုင္သမွ် အရာရာကို ကူညီပါမယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ကတိျပဳခဲ့ပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဟာ စေနေန႔က ပိုလန္ကို ေရာက္ရွိခဲ့ၿပီး လူသားခ်င္း စာနာေထာက္ထားေရး အကူအညီအတြက္ လိုအပ္ေငြ ၂ ဒသမ ၇၅ ဘီလီယံ ရန္ပုံေငြ ထူေထာင္ဖို႔ ႀကိဳးစားေနေၾကာင္း အိမ္ျဖဴေတာ္က ေျပာပါတယ္။ နယ္စပ္ကိုျဖတ္ၿပီး ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dymtro Kuleba နဲ႔လည္း ဘလင္ကန္က ေတြ႔ဆုံေဆြးေႏြးခဲ့ပါေသးတယ္။ ယူကရိန္းက ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေပါင္း ၁ သန္းေက်ာ္ေနၿပီ ျဖစ္ပါတယ္။
---------------------------
(Unicode)
ယူကရိန်းဒုက္ခသည်တွေ လက်ခံထားတဲ့ မော်လ်ဒိုဗာနိုင်ငံကို ကန်ကူညီမည်
အမေရိကန်နိုင်ငံက ယူကရိန်း ဒုက္ခသည်တွေနဲ့ အခက်အခဲဖြစ်နေတဲ့ မော်လ်ဒိုဗာနိုင်ငံကို ကူညီမယ်လို့ စနေနေ့ညက ရောက်ရှိလာခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မော်လ်ဒိုဗာနိုင်ငံမှာ ယူကရိန်းဒုက္ခသည် ၁၂၀,၀၀၀ ရောက်ရှိနေပြီး အကူအညီ လိုအပ်ကြောင်း ဝန်ကြီးချုပ် Natalia Gavrilita က အမေရိကန်နိုင်ငံကို တနင်္ဂနွေနေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မော်လ်ဒိုဗာနိုင်ငံမှာ လူဦးရေ ၂ ဒသမ ၆ သန်းရှိပြီး ဥရောပမှာ အဆင်းရဲဆုံးနိုင်ငံလေး ဖြစ်ပါတယ်။
“ဒီကနေ့မနက်မှာ ယူကရိန်းကနေ နယ်စပ်ကိုဖြတ်လာတဲ့သူ ၂ သိန်း ၃ သောင်းရှိပြီး ၁ သိန်း ၂ သောင်းက မော်လ်ဒိုဗာနိုင်ငံမှာ စခန်းချနေနေကြတယ်။” လို့ ဝန်ကြီးချုပ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို ဒီနေ့ ပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒီအနက် ၉ သောင်း ၆ ထောင်က ယူကရိန်းနိုင်ငံသားတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ မော်လ်ဒိုဗာလို နိုင်ငံလေးအတွက် အဆမတန်များတဲ့ လူဦးရေ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ဒီဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်အောင် တတ်နိုင်သမျှ အရာရာကို ကူညီပါမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကတိပြုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ စနေနေ့က ပိုလန်ကို ရောက်ရှိခဲ့ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီအတွက် လိုအပ်ငွေ ၂ ဒသမ ၇၅ ဘီလီယံ ရန်ပုံငွေ ထူထောင်ဖို့ ကြိုးစားနေကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ နယ်စပ်ကိုဖြတ်ပြီး ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dymtro Kuleba နဲ့လည်း ဘလင်ကန်က တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ယူကရိန်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း ၁ သန်းကျော်နေပြီ ဖြစ်ပါတယ်။