သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းစစ္ေၾကာင့္ ကမၻာ့စားနပ္ရိကၡာ ထိခိုက္ဖြယ္ရွိ


႐ုရွားရဲ႕ က်ဴးေက်ာ္တုိက္ခုိက္မႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ရတဲ့ ယူကရိန္းႏုိင္ငံ Irpin ၿမိဳ႕ ေဒသခံမ်ား။ (မတ္ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံကို ႐ုရွားတို႔ အင္အားအလုံးအရင္းနဲ႔ က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့အတြက္ ေဒသထြက္ကုန္ေတြကို မွီခိုေနရတဲ့ ဥေရာပ၊ အာဖရိကနဲ႔ အာရွတိုက္ထဲက လူေတြအတြက္ စားနပ္ရိကၡာရရွိေရး ၿခိမ္းေျခာက္မႈေတြ ျဖစ္လာေနပါတယ္။

ေျမဆီၾသဇာႂကြယ္ဝတဲ့ ယူကရိန္းႏိုင္ငံကို ကမၻာ့ေပါင္မုန႔္ျခင္းေတာင္းႀကီးလို႔ တင္စားေခၚေဝၚၾကပါတယ္။

႐ုရွားနဲ႔ ယူကရိန္း ႏွစ္ႏိုင္ငံေပါင္းၿပီး ကမၻာတဝန္း တင္ပို႔ေနတဲ့ ဂ်ဳံက ၃ ပုံ ၁ ပုံနီးပါးရွိၿပီး ေျပာင္းနဲ႔ စားသုံးဆီေတြလည္း အမ်ားအျပား တင္ပို႔ေနတာပါ။

ယူကရိန္း က်ဴးေက်ာ္မခံရခင္ တပတ္ေလာက္ကတည္းက ကမၻာ့ဂ်ဳံေစ်းေတြ ၅၅ ရာခိုင္ႏႈန္း ထိုးတက္သြားပါတယ္။ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ေစ်းႏႈန္းေတြ ဒီေလာက္ထိ ျမင့္တက္လာတဲ့အတြက္ ကုန္စည္စီးဆင္းမႈ ထိခိုက္လာႏိုင္ပါတယ္။

ဒီေျခအေနေၾကာင့္ အစိုးရေထာက္ပံ့တဲ့ ဂ်ဳံေတြအေပၚ မွီခိုေနရတဲ့ အီဂ်စ္နဲ႔ လက္ဘႏြန္လို ႏိုင္ငံေတြမွာ ဆင္းရဲႏြမ္းပါးသူေတြ တိုးလာႏိုင္တယ္လို႔ ေအပီသတင္းမွာ ေရးထားပါတယ္။

သန္းနဲ႔ခ်ီတဲ့ ယူကရိန္းျပည္သူေတြ အိုးအိမ္စြန႔္ခြါ ထြက္ေျပးေနရခ်ိန္ ေတာင္သူေတြလည္း ႐ုရွားတို႔ကို ျပန္တိုက္ဖို႔ ဒါမွမဟုတ္ အသက္မေသေအာင္ ေနေနၾကရတဲ့အတြက္ သူတို႔စိုက္ပ်ိဳးေျမေတြကို လ်စ္လ်ဴ႐ႈထားရပါတယ္။

ေပါင္မုန႔္၊ ေခါက္ဆြဲနဲ႔ တိရစၦာန္အစာေတြ ထုတ္လုပ္တဲ့ေနရာမွာ သုံးတဲ့ ဂ်ဳံနဲ႔ အျခားကုန္စည္ေတြ ကမၻာတဝန္း တင္ပို႔ေနတဲ့ ဆိပ္ကမ္းေတြလည္း ပိတ္ထားရပါတယ္။

႐ုရွားႏိုင္ငံကိုလည္း အေနာက္ႏိုင္ငံေတြက ဒဏ္ခတ္ပိတ္ဆို႔ထားတာေၾကာင့္ စိုက္ပ်ိဳးေရးထြက္ကုန္ေတြ ျပည္ပကို တင္ပို႔ႏိုင္ျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရုရှား-ယူကရိန်းစစ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ထိခိုက်ဖွယ်ရှိ

ယူကရိန်းနိုင်ငံကို ရုရှားတို့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်နေတဲ့အတွက် ဒေသထွက်ကုန်တွေကို မှီခိုနေရတဲ့ ဥရောပ၊ အာဖရိကနဲ့ အာရှတိုက်ထဲက လူတွေအတွက် စားနပ်ရိက္ခာရရှိရေး ခြိမ်းခြောက်မှုတွေ ဖြစ်လာနေပါတယ်။

မြေဆီသြဇာကြွယ်ဝတဲ့ ယူကရိန်းနိုင်ငံကို ကမ္ဘာ့ပေါင်မုန့်ခြင်းတောင်းကြီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံပေါင်းပြီး ကမ္ဘာတဝန်း တင်ပို့နေတဲ့ ဂျုံက ၃ ပုံ ၁ ပုံနီးပါးရှိပြီး ပြောင်းနဲ့ စားသုံးဆီတွေလည်း အများအပြား တင်ပို့နေတာပါ။

ယူကရိန်း ကျူးကျော်မခံရခင် တပတ်လောက်ကတည်းက ကမ္ဘာ့ဂျုံဈေးတွေ ၅၅ ရာခိုင်နှုန်း ထိုးတက်သွားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဈေးနှုန်းတွေ ဒီလောက်ထိ မြင့်တက်လာတဲ့အတွက် ကုန်စည်စီးဆင်းမှု ထိခိုက်လာနိုင်ပါတယ်။

ဒီခြေအနေကြောင့် အစိုးရထောက်ပံ့တဲ့ ဂျုံတွေအပေါ် မှီခိုနေရတဲ့ အီဂျစ်နဲ့ လက်ဘနွန်လို နိုင်ငံတွေမှာ ဆင်းရဲနွမ်းပါးသူတွေ တိုးလာနိုင်တယ်လို့ အေပီသတင်းမှာ ရေးထားပါတယ်။

သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရချိန် တောင်သူတွေလည်း ရုရှားတို့ကို ပြန်တိုက်ဖို့ ဒါမှမဟုတ် အသက်မသေအောင် နေနေကြရတဲ့အတွက် သူတို့စိုက်ပျိုးမြေတွေကို လျစ်လျူရှုထားရပါတယ်။

ပေါင်မုန့်၊ ခေါက်ဆွဲနဲ့ တိရစ္ဆာန်အစာတွေ ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ဂျုံနဲ့ အခြားကုန်စည်တွေ ကမ္ဘာတဝန်း တင်ပို့နေတဲ့ ဆိပ်ကမ်းတွေလည်း ပိတ်ထားရပါတယ်။

ရုရှားနိုင်ငံကိုလည်း အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပကို တင်ပို့နိုင်ခြင်း မရှိပါဘူး။

XS
SM
MD
LG