သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းစစ္ပြဲဂယက္ ေနာက္ဆက္တြဲ အက်ိဳးသက္ေရာက္မႈမ်ား


ယူကရိန္းႏုိင္ငံ Mariupol ၿမိဳ႕က လူေနအေဆာက္အဦတခုကို ႐ုရွားတပ္ေတြ ပစ္ခတ္တုိက္ခုိက္မႈေၾကာင့္ မီးေလာင္ေပါက္ကြဲေနတဲ့ျမင္ကြင္း။ (မတ္ ၁၁၊ ၂၀၂၂)

(Zawgyi / Unicode)

၂၀၂၂၊ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ ႐ုရွားတပ္ေတြက ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္ဝင္ေရာက္ တိုက္ခိုက္ခဲ့ပါတယ္။

႐ုရွားက်ဴးေက်ာ္စစ္ရဲ႕ ေနာက္ဆက္တြဲ အက်ိဳးသက္ေရာက္မႈက ႀကီးမားလွပါတယ္။ ကမၻာ့လူဦးေရ ၁ ဘီလီယံေက်ာ္ဟာ ထိတ္လန႔္တုန္လႈပ္စရာ သုံးခုကို တၿပိဳင္နက္တည္း ေတြ႔ႀကဳံခံစားၾကရပါတယ္။ အဲဒီသုံးခုကေတာ့ …

၁။ ေလာင္စာဆီေစ်းႏႈန္းေတြ တဟုန္ထိုး တက္သြားတယ္။

၂။ အစားအစာေစ်းႏႈန္းေတြ တရိပ္ရိပ္ ဆက္တိုက္တက္ကာ ဘ႑ာေရးအေျခအေနေတြ ကေမာက္ကမျဖစ္တယ္။

၃။ အဲဒီလို ေစ်းႏႈန္းေတြတက္တဲ့ဂယက္နဲ႔ ကေမာက္ကမ ဘ႑ာေရး အေျခအေနေတြေၾကာင့္ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ အေျခအေနေတြ ျဖစ္ေပၚေစႏိုင္တာတို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ ကမၻာ့လူဦးေရရဲ႕ ၁ ဒသမ ၇ ဘီလီယံ ပမာဏရွိတဲ့ ႏိုင္ငံ ၁၀၇ ႏိုင္ငံက စီးပြားေရး အေဆာက္အအုံေတြဟာ ေလာင္စာဆီေစ်းႏႈန္းနဲ႔ အစားအစာေစ်းႏႈန္းေတြ တက္တဲ့ဒဏ္ကို အျပင္းအထန္ ခံစားရၿပီး အစိုးရေတြဟာ ေႂကြးၿမီ ျပန္လည္ေပးဆပ္ႏိုင္ဖို႔နဲ႔ စီးပြားေရးတည္ၿငိမ္ဖို႔ အေတာ္႐ုန္းကန္ၾကရမယ္။ အဲဒီ ၁၀၇ ႏိုင္ငံကေတာ့ အာဖရိကတိုက္က ၄၁ ႏိုင္ငံ၊ အာရွ-ပစိဖိတ္ေဒသက ၃၈ ႏိုင္ငံ၊ လက္တင္အေမရိကနဲ႔ ကာရစ္ဘီယံေဒသက ၂၈ ႏိုင္ငံတို႔ ျဖစ္တယ္လို႔ ကမၻာ့ကုလသမဂၢ ဖြံ႔ၿဖိဳးေရး အစီအစဥ္ (UNDP) ရဲ႕ အႀကီးအကဲ Achim Steiner က The Daily 202 နဲ႔ အင္တာဗ်ဴးမွာ ေျပာတဲ့အေၾကာင္းကို Washington Post မွာ ဧၿပီ ၂၂ ရက္ေန႔က ေဖာ္ျပထားပါတယ္။

The Diplomat ကလည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမၻာႀကီး ဖ႐ိုဖရဲ ျဖစ္ေနခ်ိန္မွာ ႐ုရွား-ယူကရိန္း ပဋိပကၡဟာ ကမၻာႀကီးကို ေနာက္ထပ္ အက်ပ္အတည္း တခုဆီကို ဦးတည္ေစတယ္။ ႏိုင္ငံစုံ ေကာ္ပိုေရးရွင္းႀကီးေတြဟာ အေျခအေနေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ဖို႔ မဟာဗ်ဴဟာေတြ ျပန္လည္ခ်မွတ္ဖို႔ ျပင္ဆင္ေနရတယ္။ ကိုဗစ္ေရာဂါ ျဖစ္ပြားေနစဥ္ ကာလအတြင္း ပထဝီႏိုင္ငံေရး အေျခအေန တင္းမာေနခ်ိန္မွာပဲ ကမၻာလုံးဆိုင္ရာ ႏိုင္ငံေရးအေျခအေနေတြနဲ႔ စီးပြားေရး အေဆာက္အအုံ တည္ေဆာက္မႈ အေျပာင္းအလဲေတြဟာ သိသာထင္ရွားစြာ ျဖစ္ေပၚေနတယ္။ ႏိုင္ငံေတြၾကား ႏိုင္ငံေရးအရ၊ စီးပြားေရးအရ အျပန္အလွန္ ပိတ္ဆို႔ ကန႔္သတ္မႈေတြ လုပ္ေနၾကတယ္။

ကမၻာလုံးဆိုင္ရာ အေရာင္းကြင္းဆက္၊ စက္မႈလုပ္ငန္းကြင္းဆက္၊ တန္ဖိုးကြင္းဆက္ စနစ္ေတြကို လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြရဲ႕ အေျခအေနေတြနဲ႔ ခ်ိန္ညႇိၿပီး ျပန္လည္တည္ေဆာက္ေနရတယ္လို႔ ဧၿပီ ၁၈ ရက္ေန႔မွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲရဲ႕ အက်ိဳးဆက္အေၾကာင္းကို ျမန္မာ့ႏိုင္ငံေရး ေဆာင္းပါးရွင္တဦးက သူ႔အျမင္ကို အခုလိုေျပာပါတယ္။

"႐ုရွားသမၼတ ပူတင္က ယူကရိန္းရဲ႕ အမ်ိဳးသားေရးစိတ္ဓာတ္၊ ယူကရိန္းႏိုင္ငံကို ေခ်မႈန္းပစ္မယ္။ ယူကရိန္းသမၼတကို ဖယ္ရွားပစ္မယ္ဆိုၿပီး အင္မတန္သာလြန္တဲ့ စစ္အင္အားနဲ႔ က်ဴးေက်ာ္ခဲ့တာပဲ။ ဒါေပမဲ့ ရလဒ္က ယူကရိန္းႏိုင္ငံရဲ႕ အမ်ိဳးသားေရးစိတ္ဓာတ္၊ ယူကရိန္းႏိုင္ငံရဲ႕ ဂုဏ္သိကၡာက ကမၻာ့ျပည္သူေတြၾကားမွာ အသိအမွတ္ျပဳ ေလးစားခံရတဲ့ အဆင့္အထိကို ျဖစ္ခဲ့တယ္။ ယူကရိန္းသမၼတ ဇာလင္စကီးဆိုလည္း ကမၻာ့ႏိုင္ငံေတြက ေလးစားဂုဏ္ျပဳခံလာရတဲ့အထိ ျဖစ္လာတယ္။ ပူတင္လိုခ်င္တဲ့ ရည္မွန္းခ်က္နဲ႔ ရလဒ္က ေျပာင္းျပန္ျဖစ္ေနတယ္။ ဒီစစ္ပြဲအလြန္မွာ ကမၻာ့ႏိုင္ငံေတြရဲ႕ တည္ၿငိမ္လုံၿခဳံေရးအတြက္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ ဆက္ဆံေရးကို ျပဳျပင္ေျပာင္းလဲ ဖြဲ႔စည္းရမယ္ဆိုတဲ့ အသံေတြ က်ယ္ေလာင္လာတယ္ ဆုိတာလည္း ၾကားေနရပါတယ္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႔ဝင္ႏိုင္ငံေတြ အေနနဲ႔ ဗီတိုပါဝါကို ခၽြင္းခ်က္မရွိ သုံးခ်င္သလို သုံးႏိုင္တဲ့ အခ်က္ကို ကန႔္သတ္ဖို႔ လိုလာၿပီဆိုတဲ့ ေဆြးေႏြးမႈေတြကိုလည္း ျမင္ရ၊ ၾကားေနရပါတယ္။ ဒီအခ်က္က တ႐ုတ္နဲ႔ အိႏၵိယလို ကမၻာ့လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီး ႏွစ္ခုၾကားမွာ ရပ္တည္ေနတဲ့ ျမန္မာႏိုင္ငံအတြက္ အေရးႀကီးတဲ့ ေျပာင္းလဲမႈလို႔ က်ေနာ့္အေနနဲ႔ ယူဆပါတယ္။"

ယူကရိန္းအေရးဟာ ကမၻာ့ကုလသမဂၢအဖြဲ႔ႀကီးရဲ႕ ေဆာင္ရြက္ႏိုင္စြမ္းေပၚမွာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ကုလသမဂၢအဖြဲ႔ႀကီးရဲ႕ လုပ္ထုံး၊ လုပ္နည္းေတြ ျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုသံေတြ ပိုမိုက်ယ္ေလာင္လာခဲ့ပါတယ္။ ႐ုရွားဟာ ယူကရိန္းရဲ႕ အခ်ဳပ္အျခာအာဏာကို မေလးစားဘဲ ေျဗာင္က်က် က်ဴးေက်ာ္ခဲ့တာပါ။ ဒါဟာ ကုလသမဂၢရဲ႕ ပဋိညာဥ္ကို အတိအလင္း ခ်ိဳးေဖာက္လိုက္တာလည္း ျဖစ္ပါတယ္။

႐ုရွား-ယူကရိန္း စစ္ပြဲဟာ အာရွေဒသအေပၚမွာလည္း စီးပြားေရးအရေရာ၊ ႏိုင္ငံေရးအရပါ ႐ိုက္ခတ္မႈေတြ ရွိပါတယ္။ တ႐ုတ္ရဲ႕ BRI လို႔ေခၚတဲ့ ပိုးလမ္းမသစ္နဲ႔ သက္ဆိုင္တဲ့ အခြင့္အလမ္းနဲ႔ စြန္႔စားရႏိုင္ေျခေတြကို ျပန္လည္သုံးသပ္ ခ်ိန္ဆလာၾကပါတယ္။ ထိုင္ဝမ္အေပၚထားရွိတဲ့ တ႐ုတ္မူဝါဒေတြ ျပန္လည္သုံးသပ္လာရပါတယ္။

ဂ်ပန္ဟာ တ႐ုတ္အႏၲရာယ္က ကာကြယ္ဖို႔ သူ႔ရဲ႕ စစ္အသုံးစရိတ္ကို ျမင့္တင္လိုက္ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲဟာ ျမန္မာႏိုင္ငံအေပၚမွာ ထားရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ မူဝါဒကို ေျပာင္းလဲေစတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကို USIP မွာ Jason Tower ေရးသားထားတာကို Burma VJ က "ယူကရိန္းအက်ပ္အတည္းနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ေျခလွမ္း" ဆိုတဲ့ေခါင္းစဥ္နဲ႔ ဘာသာျပန္ဆို ေဖာ္ျပထားပါတယ္။

Jason Tower က "တ႐ုတ္ႏိုင္ငံဟာ သူ႔ႏိုင္ငံရဲ႕ အနာဂတ္ အက်ိဳးစီးပြားအတြက္ ဒီမိုကရက္တစ္ အတိုက္အခံ အင္အားစုေတြနဲ႔ ဆက္ဆံေတာ့မလိုလို လုပ္ထားတဲ့ ဟန္ေဆာင္မ်က္ႏွာဖုံးကို ခြာခ်လိုက္ၿပီး စစ္အစိုးရအေပၚ ေထာက္ခံမႈကို တိုးျမႇင့္ေဆာင္ရြက္လာပါတယ္" လို႔ မွတ္ခ်က္ျပဳ ေရးသားပါတယ္။ ယူကရိန္းအေရးမွာ အေျခမလွတဲ့ ႐ုရွားဟာ ျမန္မာစစ္ေကာင္စီအေပၚ ေထာက္ခံမႈ ေလ်ာ့လာႏိုင္တဲ့အတြက္ ဒီလစ္ဟာခ်က္ကို တ႐ုတ္ႏိုင္ငံက ဝင္ျဖည့္မယ္ဆိုတာကို ျပသလိုက္တဲ့သေဘာ ျဖစ္တယ္။ ဒါေၾကာင့္ ဧၿပီ ၁ ရက္ေန႔မွာေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကို ဖိတ္ေခၚေတြ႔ဆုံခဲ့ၿပီး စစ္ေကာင္စီကို ေထာက္ခံေၾကာင္း ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ရဲ႕ စစ္ေကာင္စီအေပၚ ေျပာင္းလဲလာတဲ့ သေဘာထားေၾကာင့္ အေမရိကန္ရဲ႕ အင္ဒို-ပစိဖိတ္မူဝါဒနဲ႔ ထိပ္တိုက္ေတြ႔လာႏိုင္စရာရွိၿပီး ျမန္မာႏိုင္ငံတြင္းမွာလည္း တ႐ုတ္ဆန႔္က်င္ေရး စိတ္ဓာတ္ ပိုမိုႀကီးထြားလာကာ ဘီလီယံခ်ီ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ တ႐ုတ္စီးပြားေရးလုပ္ငန္းေတြ မလုံၿခဳံတဲ့ အႏၲရာယ္ ရွိလာႏိုင္တယ္လို႔ Jason Tower က သူ႔ရဲ႕ေဆာင္းပါးမွာ ေထာက္ျပထားပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲဟာ လတ္တေလာမွာေတာ့ ေလာင္စာဆီေစ်းႏႈန္းနဲ႔ အစားအစာ ကုန္ေစ်းႏႈန္းေတြ တက္လာတာ၊ ဘ႑ာေရးဆိုင္ရာ ကေမာက္ကမ ျဖစ္မႈေတြကို တကမၻာလုံး အတိုင္းအတာနဲ႔ ႀကဳံေစပါတယ္။

ဆယ္စုႏွစ္ေလးခုၾကာ ပန္းပန္လာခဲ့တဲ့ ဂလိုဘယ္လိုက္ေဇးရွင္း ျဖစ္စဥ္ဟာလည္း တခန္းရပ္သြားခဲ့ၿပီး ကမၻာလုံးဆိုင္ရာထက္ ေဒသတြင္း အစီအစဥ္ေတြကို ပိုအာ႐ုံစိုက္လာၾကပါတယ္။ ေရရွည္မွာေတာ့ ေလထုညစ္ညမ္းမႈလို သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ျပႆနာမ်ားနဲ႔လည္း ႀကဳံရႏိုင္ၿပီး ႏ်ဴကလီးယား အႏၲရာယ္လည္း ရွိေနပါတယ္။

ဒါ့အျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ World Order လို႔ေခၚတဲ့ ကမၻာ့ႏိုင္ငံေရး၊ စီးပြားေရး အစီအစဥ္သစ္ေတြ ေပၚေပါက္လာႏိုင္ေၾကာင္းပါ ခင္ဗ်ား။

--------------------------------

(Unicode)

ရုရှား-ယူကရိန်းစစ်ပွဲဂယက် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားတပ်တွေက ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်ရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက ကြီးမားလှပါတယ်။ ကမ္ဘာ့လူဦးရေ ၁ ဘီလီယံကျော်ဟာ ထိတ်လန့်တုန်လှုပ်စရာ သုံးခုကို တပြိုင်နက်တည်း တွေ့ကြုံခံစားကြရပါတယ်။ အဲဒီသုံးခုကတော့ …

၁။ လောင်စာဆီဈေးနှုန်းတွေ တဟုန်ထိုး တက်သွားတယ်။
၂။ အစားအစာဈေးနှုန်းတွေ တရိပ်ရိပ် ဆက်တိုက်တက်ကာ ဘဏ္ဍာရေးအခြေအနေတွေ ကမောက်ကမဖြစ်တယ်။
၃။ အဲဒီလို ဈေးနှုန်းတွေတက်တဲ့ဂယက်နဲ့ ကမောက်ကမ ဘဏ္ဍာရေး အခြေအနေတွေကြောင့် နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေနိုင်တာတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့လူဦးရေရဲ့ ၁ ဒသမ ၇ ဘီလီယံ ပမာဏရှိတဲ့ နိုင်ငံ ၁၀၇ နိုင်ငံက စီးပွားရေး အဆောက်အအုံတွေဟာ လောင်စာဆီဈေးနှုန်းနဲ့ အစားအစာဈေးနှုန်းတွေ တက်တဲ့ဒဏ်ကို အပြင်းအထန် ခံစားရပြီး အစိုးရတွေဟာ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်ဖို့နဲ့ စီးပွားရေးတည်ငြိမ်ဖို့ အတော်ရုန်းကန်ကြရမယ်။ အဲဒီ ၁၀၇ နိုင်ငံကတော့ အာဖရိကတိုက်က ၄၁ နိုင်ငံ၊ အာရှ-ပစိဖိတ်ဒေသက ၃၈ နိုင်ငံ၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသက ၂၈ နိုင်ငံတို့ ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ရဲ့ အကြီးအကဲ Achim Steiner က The Daily 202 နဲ့ အင်တာဗျူးမှာ ပြောတဲ့အကြောင်းကို Washington Post မှာ ဧပြီ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

The Diplomat ကလည်း ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်နေချိန်မှာ ရုရှား-ယူကရိန်း ပဋိပက္ခဟာ ကမ္ဘာကြီးကို နောက်ထပ် အကျပ်အတည်း တခုဆီကို ဦးတည်စေတယ်။ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေဟာ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ မဟာဗျူဟာတွေ ပြန်လည်ချမှတ်ဖို့ ပြင်ဆင်နေရတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပထဝီနိုင်ငံရေး အခြေအနေ တင်းမာနေချိန်မှာပဲ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေတွေနဲ့ စီးပွားရေး အဆောက်အအုံ တည်ဆောက်မှု အပြောင်းအလဲတွေဟာ သိသာထင်ရှားစွာ ဖြစ်ပေါ်နေတယ်။ နိုင်ငံတွေကြား နိုင်ငံရေးအရ၊ စီးပွားရေးအရ အပြန်အလှန် ပိတ်ဆို့ ကန့်သတ်မှုတွေ လုပ်နေကြတယ်။

ကမ္ဘာလုံးဆိုင်ရာ အရောင်းကွင်းဆက်၊ စက်မှုလုပ်ငန်းကွင်းဆက်၊ တန်ဖိုးကွင်းဆက် စနစ်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေရဲ့ အခြေအနေတွေနဲ့ ချိန်ညှိပြီး ပြန်လည်တည်ဆောက်နေရတယ်လို့ ဧပြီ ၁၈ ရက်နေ့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်အကြောင်းကို မြန်မာ့နိုင်ငံရေး ဆောင်းပါးရှင်တဦးက သူ့အမြင်ကို အခုလိုပြောပါတယ်။

"ရုရှားသမ္မတ ပူတင်က ယူကရိန်းရဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ယူကရိန်းနိုင်ငံကို ချေမှုန်းပစ်မယ်။ ယူကရိန်းသမ္မတကို ဖယ်ရှားပစ်မယ်ဆိုပြီး အင်မတန်သာလွန်တဲ့ စစ်အင်အားနဲ့ ကျူးကျော်ခဲ့တာပဲ။ ဒါပေမဲ့ ရလဒ်က ယူကရိန်းနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ယူကရိန်းနိုင်ငံရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့ပြည်သူတွေကြားမှာ အသိအမှတ်ပြု လေးစားခံရတဲ့ အဆင့်အထိကို ဖြစ်ခဲ့တယ်။ ယူကရိန်းသမ္မတ ဇာလင်စကီးဆိုလည်း ကမ္ဘာ့နိုင်ငံတွေက လေးစားဂုဏ်ပြုခံလာရတဲ့အထိ ဖြစ်လာတယ်။ ပူတင်လိုချင်တဲ့ ရည်မှန်းချက်နဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေတယ်။ ဒီစစ်ပွဲအလွန်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ တည်ငြိမ်လုံခြုံရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရမယ်ဆိုတဲ့ အသံတွေ ကျယ်လောင်လာတယ် ဆိုတာလည်း ကြားနေရပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဗီတိုပါဝါကို ချွင်းချက်မရှိ သုံးချင်သလို သုံးနိုင်တဲ့ အချက်ကို ကန့်သတ်ဖို့ လိုလာပြီဆိုတဲ့ ဆွေးနွေးမှုတွေကိုလည်း မြင်ရ၊ ကြားနေရပါတယ်။ ဒီအချက်က တရုတ်နဲ့ အိန္ဒိယလို ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ပြောင်းလဲမှုလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။"

ယူကရိန်းအရေးဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဆောင်ရွက်နိုင်စွမ်းပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ထုံး၊ လုပ်နည်းတွေ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို မလေးစားဘဲ ဗြောင်ကျကျ ကျူးကျော်ခဲ့တာပါ။ ဒါဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်ကို အတိအလင်း ချိုးဖောက်လိုက်တာလည်း ဖြစ်ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲဟာ အာရှဒေသအပေါ်မှာလည်း စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ ရိုက်ခတ်မှုတွေ ရှိပါတယ်။ တရုတ်ရဲ့ BRI လို့ခေါ်တဲ့ ပိုးလမ်းမသစ်နဲ့ သက်ဆိုင်တဲ့ အခွင့်အလမ်းနဲ့ စွန့်စားရနိုင်ခြေတွေကို ပြန်လည်သုံးသပ် ချိန်ဆလာကြပါတယ်။ ထိုင်ဝမ်အပေါ်ထားရှိတဲ့ တရုတ်မူဝါဒတွေ ပြန်လည်သုံးသပ်လာရပါတယ်။

ဂျပန်ဟာ တရုတ်အန္တရာယ်က ကာကွယ်ဖို့ သူ့ရဲ့ စစ်အသုံးစရိတ်ကို မြင့်တင်လိုက်ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဟာ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို USIP မှာ Jason Tower ရေးသားထားတာကို Burma VJ က "ယူကရိန်းအကျပ်အတည်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ခြေလှမ်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဘာသာပြန်ဆို ဖော်ပြထားပါတယ်။

Jason Tower က "တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ အနာဂတ် အကျိုးစီးပွားအတွက် ဒီမိုကရက်တစ် အတိုက်အခံ အင်အားစုတွေနဲ့ ဆက်ဆံတော့မလိုလို လုပ်ထားတဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်ပြီး စစ်အစိုးရအပေါ် ထောက်ခံမှုကို တိုးမြှင့်ဆောင်ရွက်လာပါတယ်" လို့ မှတ်ချက်ပြု ရေးသားပါတယ်။ ယူကရိန်းအရေးမှာ အခြေမလှတဲ့ ရုရှားဟာ မြန်မာစစ်ကောင်စီအပေါ် ထောက်ခံမှု လျော့လာနိုင်တဲ့အတွက် ဒီလစ်ဟာချက်ကို တရုတ်နိုင်ငံက ဝင်ဖြည့်မယ်ဆိုတာကို ပြသလိုက်တဲ့သဘော ဖြစ်တယ်။ ဒါကြောင့် ဧပြီ ၁ ရက်နေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ်ရဲ့ စစ်ကောင်စီအပေါ် ပြောင်းလဲလာတဲ့ သဘောထားကြောင့် အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မူဝါဒနဲ့ ထိပ်တိုက်တွေ့လာနိုင်စရာရှိပြီး မြန်မာနိုင်ငံတွင်းမှာလည်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ပိုမိုကြီးထွားလာကာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ မလုံခြုံတဲ့ အန္တရာယ် ရှိလာနိုင်တယ်လို့ Jason Tower က သူ့ရဲ့ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဟာ လတ်တလောမှာတော့ လောင်စာဆီဈေးနှုန်းနဲ့ အစားအစာ ကုန်ဈေးနှုန်းတွေ တက်လာတာ၊ ဘဏ္ဍာရေးဆိုင်ရာ ကမောက်ကမ ဖြစ်မှုတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံစေပါတယ်။

ဆယ်စုနှစ်လေးခုကြာ ပန်းပန်လာခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ဟာလည်း တခန်းရပ်သွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာထက် ဒေသတွင်း အစီအစဉ်တွေကို ပိုအာရုံစိုက်လာကြပါတယ်။ ရေရှည်မှာတော့ လေထုညစ်ညမ်းမှုလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနဲ့လည်း ကြုံရနိုင်ပြီး နျူကလီးယား အန္တရာယ်လည်း ရှိနေပါတယ်။

ဒါ့အပြင် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် World Order လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အစီအစဉ်သစ်တွေ ပေါ်ပေါက်လာနိုင်ကြောင်းပါ ခင်ဗျား။

XS
SM
MD
LG