သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး ႐ုရွားသမၼတနဲ႔ ေဆြးေႏြးခြင့္ရဖို႔ ပုပ္ရဟန္းမင္းႀကီးေတာင္းဆို 


Pope Francis holds the Regina Caeli prayer at the Vatican

ယူကရိန္း စစ္ပြဲကို ရပ္တန္႔ေရး ႀကိဳးပမ္းဖို႔ အတြက္ ႐ုရွား သမၼတ Vladimir Putin နဲ႔ ေမာ္စကိုမွာ ေတြ႕ဆံုခြင့္ ပန္ၾကားထားေပမယ္႔ အေၾကာင္းျပန္ခ်က္ မရေသးေၾကာင္း ကက္သလစ္ ခရစ္ယာန္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis က အဂၤါေန႔ထုတ္ ေတြ႕ဆံုေမးျမန္းခန္းမွာ ေျပာဆိုထားပါတယ္။


ယူကရိန္းအေရး ႐ုရွားသမၼတနဲ႔ ေဆြးေႏြးခြင့္ရဖို႔ ပုပ္ရဟန္းမင္းႀကီးေတာင္းဆို

{{Zawgyi/Unicode}}

ယူကရိန္း စစ္ပြဲကို ရပ္တန္႔ေရး ႀကိဳးပမ္းဖို႔ အတြက္ ႐ုရွား သမၼတ Vladimir Putin နဲ႔ ေမာ္စကိုမွာ ေတြ႕ဆံုခြင့္ ပန္ၾကားထားေပမယ္႔ အေၾကာင္းျပန္ခ်က္ မရေသးေၾကာင္း ကက္သလစ္ ခရစ္ယာန္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis က အဂၤါေန႔ထုတ္ ေတြ႕ဆံုေမးျမန္းခန္းမွာ ေျပာဆိုထားပါတယ္။

စစ္ပြဲကို ေထာက္ခံထားတဲ႔ ႐ုရွား ေအာ႔သိုေဒါ႔ ခရစ္ယာန္ ဘုရားေက်ာင္းရဲ႕ ဘုန္းေတာ္ႀကီး Patriarch Kirill အေနနဲ႔ သမၼတ ပူတင္ရဲ႕ အသုံးခ်ခံျဖစ္လို႔ မရဘူးလို႔လည္း ပုပ္ရဟန္းမင္းႀကီးက အီတလီ ေန႔စဥ္ Corriere Della Sera ကို ေျပာဆိုခဲ႔ပါတယ္။

စစ္ပြဲ သီတင္း ၃ ပတ္ေလာက္ အၾကာမွာကတည္းက ေတြ႕ဆုံႏိုင္ေအာင္ သမၼတ Putin ထံ အေၾကာင္းၾကားဖို႔ ဗာတီကန္ရဲ႕ ထိပ္တန္းသံတမန္ကို ေျပာဆိုထားေပမဲ့ အခုအထိ တုံ႔ျပန္ခ်က္မရေသးတာေၾကာင့္ ဆက္လက္ ေတာင္းဆိုထားေၾကာင္းလည္း ပုပ္ရဟန္းမင္းႀကီး Francis က ေျပာပါတယ္။

သမၼတ Putin အေနနဲ႔ ဒီအခ်ိန္မွာ မေတြ႕ႏိုင္တာ၊ ဒါမွမဟုတ္ မေတြ႕ခ်င္တာမ်ဳိး ျဖစ္မွာကို စိုးရိမ္ေၾကာင္းနဲ႔ ေတြ႕ဆံုဖို႔ မလိုလားဘဲ မေတြ႕ဆံုမယ့္ အေရးကို စိုးရိမ္မိေၾကာင္းလည္း ေျပာပါတယ္။ ဒါေပမဲ့လည္း ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို ဘာေၾကာင့္မရပ္ႏိုင္ရတာလဲ ဆိုၿပီးေတာ့လည္း ေမးခြန္းထုတ္ခဲ့တာပါ။

နာဇီ ဂ်ာမနီတို႔ ၁၉၄၅ ခုႏွစ္မွာ လက္နက္ခ်ခဲ႔တဲ႔ အထိမ္းအမွတ္ ေအာင္ပြဲေန႔ အျဖစ္ ႐ုရွားတို႔ က်င္းပတဲ႔ ေမလ ၉ ရက္ေန႔မွာ ယူကရိန္းစစ္ကို အဆံုးသတ္ဖို႔ သမၼတ Putin က စီစဥ္ထားေၾကာင္း ဟန္ေဂရီ ၀န္ႀကီးခ်ဳပ္ Viktor Orban က သူ႔ကို ေျပာခဲ့ဘူးတယ္လို႔လည္း ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

ယူကရိန္း စစ္ပြဲ စတင္ခ်ိန္မွာလည္း အသက္ ၈၅ ႏွစ္ အရြယ္ ပုပ္ရဟန္းမင္းႀကီးဟာ ေရာမၿမိဳ႕ေတာ္မွာ ရွိတဲ႔ ႐ုရွား သံရံုးကို ထူးထူးျခားျခား သြားေရာက္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................


ယူကရိန်းအရေး ရုရှားသမ္မတနဲ့ ဆွေးနွေးခွင့်ရဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

{{Zawgyi/Unicode}}

ယူကရိန်း စစ်ပွဲကို ရပ်တန့်ရေး ကြိုးပမ်းဖို့ အတွက် ရုရှား သမ္မတ Vladimir Putin နဲ့ မော်စကိုမှာ တွေ့ဆုံခွင့် ပန်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးကြောင်း ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က အင်္ဂါနေ့ထုတ် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

စစ်ပွဲကို ထောက်ခံထားတဲ့ ရုရှား အော့သိုဒေါ့ ခရစ်ယာန် ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး Patriarch Kirill အနေနဲ့ သမ္မတ ပူတင်ရဲ့ အသုံးချခံဖြစ်လို့ မရဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက အီတလီ နေ့စဉ် Corriere Della Sera ကို ပြောဆိုခဲ့ပါတယ်။

စစ်ပွဲ သီတင်း ၃ ပတ်လောက် အကြာမှာကတည်းက တွေ့ဆုံနိုင်အောင် သမ္မတ Putin ထံ အကြောင်းကြားဖို့ ဗာတီကန်ရဲ့ ထိပ်တန်းသံတမန်ကို ပြောဆိုထားပေမဲ့ အခုအထိ တုံ့ပြန်ချက်မရသေးတာကြောင့် ဆက်လက် တောင်းဆိုထားကြောင်းလည်း ပုပ်ရဟန်းမင်းကြီး Francis က ပြောပါတယ်။

သမ္မတ Putin အနေနဲ့ ဒီအချိန်မှာ မတွေ့နိုင်တာ၊ ဒါမှမဟုတ် မတွေ့ချင်တာမျိုး ဖြစ်မှာကို စိုးရိမ်ကြောင်းနဲ့ တွေ့ဆုံဖို့ မလိုလားဘဲ မတွေ့ဆုံမယ့် အရေးကို စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့လည်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဘာကြောင့်မရပ်နိုင်ရတာလဲ ဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့တာပါ။

နာဇီ ဂျာမနီတို့ ၁၉၄၅ ခုနှစ်မှာ လက်နက်ချခဲ့တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့ အဖြစ် ရုရှားတို့ ကျင်းပတဲ့ မေလ ၉ ရက်နေ့မှာ ယူကရိန်းစစ်ကို အဆုံးသတ်ဖို့ သမ္မတ Putin က စီစဉ်ထားကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က သူ့ကို ပြောခဲ့ဘူးတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ယူကရိန်း စစ်ပွဲ စတင်ချိန်မှာလည်း အသက် ၈၅ နှစ် အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ရောမမြို့တော်မှာ ရှိတဲ့ ရုရှား သံရုံးကို ထူးထူးခြားခြား သွားရောက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG